ဘာဖြစ်တာလဲ ဗျ ဘာဆေး ဖြန်းရင် ရပါသလဲ မိုးကြီးရင် ရေဝပ်ပေမယ့် 1 နာရီ လောက်ဆို နဲနဲ လောက်ပဲ ရေတင်ပါတယ်
thanks
ဆောရီးပါ နေမကောင်းဖြစ်ပြီး အိပ်ရာထဲရောက်နေလို့ပါ။ အဓိက ကတော့ ရောဂါကျအရွက်တွေကို ခုတ်ပစ်ပြီး အခင်းနဲ့ ဝေးရာကို ပို့ပြီး မီးရှို့ပစ်ပါ။ ဆေးကတော့ အရွက်တွေနဲ့ ခုတ်ထားတဲ့နေရာတွေကို ဖြန်းပေးပါ။ ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ရေဝပ်တာရယ်၊ အပင်တွေကြပ်ပြီး လေဝင်လေထွက်နည်းတာရယ်၊ နောက် အဆိုးဆုံးက ရောဂါကျအရွက်တွေကို ခုတ်ပြီး အခင်းထဲမှာပဲ စုပုံထားရာကနေ မှိုတွေအရမ်းပေါက်ပွားလာပြီး စိုက်ခင်းထဲက အရွက်ကို ရောဂါပြန့်ကူးသွားတာပါ။
အရွက် ရောအပင် ပါ ဖျန်းရမှာလား ဗျ
ဆေးက ဘယ်အချိန် ဖျန်းရမှာလဲဆရာ နေပူချိန် ဖျန်းရလား ဖြေကြားေပးပါဦး
Yellow and black Sigatoka လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးပါ။ ထရိုင်ကိုုဒါးမားပါတဲ့ မြေသြဇာမျိုးကို အသုံးပြုသင်ပါတယ်။ ပိုးကျတဲ့အရွက်တွေကို ခုတ်ပြီး ဘော်ဒို ( မှိုရောဂါအတွက် ဆေးခါးတစ်ခွက် ) ဆေးရည်ဖြန်းပက်ပေးနိုင်ပါတယ်။ ဓာတုဆေးအသုံးပြုလိုပါက mancozeb, chlorothalonil, azoxystrobin စသည့် မှိုသတ်ဆေးများ အသုံးပြုနိုင်ပါတယ်။ စိုက်ခင်းထဲမှာ သတိထားရမှာကတော့ ရေထုတ်မြောင်းကောင်းကောင်းလုပ်ပါ။ ရွံ့စေးဆန်တဲ့မြေကြီးဆို ပိုအရေးကြီးပါတယ်။ လေဝင်လေထွက်ကောင်းအောင် ကိုင်းအိုကိုင်းဟောင်းတွေရှင်းထုတ်ပါ။ ပင်ကြပ်ပင်ညှပ်တွေ ရှင်းပေးပါ။ စိုက်ခင်းနဲ့ အနီးအနားက ပေါင်းတွေရှင်းပါ အဟာရစုံလင်အောင် ကျွေးပါ။ ထရိုင်ကိုဒါးမားပါတဲ့ မြေသြဇာမျိုး သုံးပေးပါ။ ရောဂါဆိုးဆိုးဝါးဝါးကျတဲ့အပင်တွေကို ရှင်းထုတ်ပစ်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးအားကောင်းနေချိန် အစာကျွေး ဖို့ သင့်တော်ပါ့မလား၊ ဘယ်လိုအချိန်က ပိုသင့်တော်ပါသလဲ အပင်က အစာလိုနေပုံရလို့ပါ
ဖြေကြားချက် 1 ခု
ခြံမြေ ကို ရေသွင်း ပြီး PH တန်ဖိုး တက်အောင်လုပ်လို့ရပါသလား? အောက်က စာ ကို ဖတ်ပြီး မရှင်းလို့ပါ၊ရှင်းပြပေးပါလား...
ဖြေကြားချက် 7 ခု
ငှက်ပျောပင်က။ အဲ့လိုဖြစ်နေတာ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးသင့်ပါသလဲ? ဖြေကြားပေးကြပါဦး.
ဖြေကြားချက် 1 ခု
ငှက်ပျောမှာ Sigatoca ကျနေတယ်ဆိုလို့ ဖျန်းမလို့ပါ၊ နေပူချိန် (သို့)မိုးရွာချိန် မနက် (သို့) ညနေ၊ ဘယ်လိုအချိန်...
ဖြေကြားချက် 3 ခု
ဘာရောဂါလဲဘာပါတဲ့ဆေးဖြန်းရမလဲဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။