အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
518
လွန်ခဲ့သော ၃ နှစ် က · ပန်းတနော်

စပါးမှို့ကပ်ချိန်ဆိုတာအနှံထွက်ခါနီးကိုပြောတာလားဆရာဖြေပေးစေချင်ပါတယ်ဗမာစကားကအသုံးအနှုန်းတချို့ကနားမလည်လို့ပါ

အပင်အာဟာရ စပါး စပါး မှို့ကပ်ချိန်

ဖြေကြားချက် ၂ ခု

19,845 လွန်ခဲ့သော ၃ နှစ် က

မှို့ကပ်ချိန်ကို ဘယ်လို သိနိုင်မလဲ… ရွက်ဖုံးထဲမှာ အနှံသန္ဓေလောင်းလေး စတင်ချိန်ဖြစ်ပါတယ်။ သက်တမ်းအားဖြင့်တွက်ရမယ်ဆိုရင် စိုက်တဲ့မျိုးအပေါ်မူတည်ပြီး စစိုက်တဲ့နေ့ကနေ ရက်ပေါင်း (၃၅)ရက်မှ ရက်(၈၀)ကျော်အတွင်း အစရှိသဖြင့် အသီးသီး ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ရွက်ဖုံးကို ခွဲကြည့်မယ်ဆိုရင် ကန်တော့ပုံသဏ္ဍာန်ရှိတဲ့ အဖြူရောင်အနှံသန္ဓေသားလောင်းကို တွေ့မြင်နိုင်ပါတယ်။ ဒါကို မှို့ကပ်တယ်လို့ ခေါ်ကြပါတယ်။ မှို့စစကပ်ချင်းမှာဆိုရင် အဖြူရောင်မှို့လေးကိုသာ တွေ့မြင်ရမှာဖြစ်ပြီး ဘာကိုမှ ပီပီပြင်ပြင် မတွေ့ရသေးပါဘူး။ ရက်အနည်းငယ် ကြာလာတာနဲ့အမျှ အနှံရဲ့ ကြီးထွားမှုကြောင့် ရွက်ဖုံးက ပိုဖောင်းလာပြီး အစေ့လေးတွေကိုလည်း သေချာတွေ့မြင်နိုင်ပါတယ်ခင်ဗျာ။ ဒီလိုအချိန်ကို ဗိုက်ပူတဲ့အချိန်လို့လည်း ခေါ်ကြပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရွက်ဖုံးထဲမှ အနှံက အပြင်ကို လွတ်လွတ် ကျွတ်ကျွတ် ထွက်လာပြီး ပန်းပွင့်ခြင်းကို လုပ်ဆောင်ပါတော့တယ်။ ပန်းပွင့်ခြင်းပြီးရင်တော့ အသီးတင်ခြင်းဖြစ်ပေါ်ပြီး ဦးကြီးတို့ မျှော်လင့်တဲ့ စပါးစေ့တွေ ရရှိလာပါတယ်။ ကလေးတွေ ခြေလက်အဂါင်္စုံစုံ၊ ဥာဏ်ရည်မြင့်မြင့်နဲ့ မွေးဖွားလာနိုင်ဖို့အတွက် မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို ကိုယ်ဝန်စဆောင်ကတည်းက စုံစုံလင်လင် ကျွေးရသလို စပါးစေ့လေးတွေ အောင်မြင်ပြည့်ဖြိုးစေဖို့နဲ့ အထွက်နှုန်းကောင်းစေဖို့ဆိုရင် သန္ဓေသားစချိန် မှို့ကပ်ချိန်မှာ အစာအာဟာရ ကောင်းမွန်စွာ ကျွေးဖို့ လိုအပ်ပါတယ်။အားလုံးပဲ မှို့ကပ်ချိန်မှာ စပါးပင်လိုအပ်တဲ့ အစာအာဟာရတွေကို အကောင်းဆုံးထောက်ပံ့နိုင်ပြီး အမြင့်မားဆုံးသော အထွက်နှုန်းတွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ --------------------------------------------- (ရက်(၁၀၀) အထက် စပါးမျိုးတွေမှာဆိုရင် သက်တမ်းထဲက (၆၅)ရက်ကို နုတ်ခြင်းအားဖြင့် မှို့ကပ်ချိန်ကို တွက်ချက်နိုင်ပါတယ်။) Credit to NPK

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။