ပေါင်းသတ်ဆေး ပေါင်းဝေး ကြောင့် ခြောက်သွားတယ် ပြန်ကောင်းပါအုံးမလား
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
ဦးသက်နိုင်ဦးရေ စပါးပင်အပေါ်ကစပီးသေရင်ဖြန်းဆေးကြောင့် အမြစ် ပင်စည် ကစပီးရိသေနေရင်မြေကြောင့် သို့ အောက်ဆေး ကြောင့်ပါ အခြေအနေမလှရင်ပြန်စိုက်ပါ ၁၃၅/၁၂၀ရက်သက်တမ်းစပါးအသက်တစ်လဆို နောက်ပြန်စိုက်ရင်ထိုင်း90စပါးကိုရှာစိုက်ပါ Gw 11ဆိုလည်းရပါတယ် ခိုကောက်တတ်တယ်သတိထားစောင့်ပါ ပညာရှင်မဟုတ်ပါ အတွေ့အကြုံအရပါ
ဆရာဒို့ဦးလေးရေ ကျွန်တော်စပါးပင်ဆေးလောင်လို့သေကုန်တုန်းကအနေအထားနဲ့ဆင်တယ် ရေခံမရှိ ၃ရက်အတွင်းနေပူမိသွားတယ် Nitrogen 46ကိုတစ်အိပ်နှုန်းသုံးတယ် သေတာပါပဲဆရာ
fenoxapropတွေက စပါးပင် ၂၀ရက်သားအောက်ဖျန်းမယ်/အစိုဓါတ်နည်းမယ်/နုန်းထားများမယ်/နော်ဇယ်ခေါင်းရေထွက်များမယ်/ဖျန်းတဲ့သူစနစ်မကျရင် စပါးနာပါတယ်။ (Safenerမပါတာလည်း..ပါနိုင်တယ်)
ပေါင်းဝေး တစ်မျိုးတည်းဗျ
ရေစပ်စပ် သွင်းပြီး ပုလဲ ၄ပြီနုန်းလောက်ပက်လိုက်ပါ။
ပေါင်းဝေးတစ်ခုတည်းမဖြစ်နိုင်ဘူးအုပ်ဆေးသို့မဟုတ်စပါးသေသို့မဟုတ်Aiအတွဲမှားနေတာေြကာင့်လည်းြဖစ်နိုင်ပါတယ်စပါးသက်တမ်း15ရက်ထက်ငယ်ရင်လည်းဖြစ်နိုင်တယ်စပါးပင်ဆေးလောင်ပီးသေဖို့ဆို၇ရက်ကနေ၁၀ရက်အထိြကာပါတယ်ပုလဲဓာတ်ဆားပတ်ပြီးစောင့်ကြည့်ပေးပါ ပညာရှင်တော့မဟုတ်ပါဘူးကြုံဖူးထားလို့ပါ
ဆက်စပ်မေးခွန်းများ
စပါးကြားပေါင်းသတ်ဆေးဖြန်းပြီး၇ရက်အြကာမှာပေါင်းပင်တေကနီနေပါတယ်သေတယ်လို့ယူဆလို့ရပါသလားအကယ်၍ပုလဲမြေသြဇာပတ်လိုက်...
ဖြေကြားချက် 3 ခု
ပေါင်းဝေး ဖြန်းတာ စပါးပင်တွေဝါ ခြောက်သွားတယ် ဆေးဖြန်းပြီးတာ 15 ရက်လောက်ရှိပြီ ပြန်စိမ်းဖို့ဆိုရင် ဘယ်လိုအဟာရ...
ဖြေကြားချက် 1 ခု
နာမည်ဘယ်လိုခေါ်လဲဆရာတို့စပါးခင်းထဲပေါက်နေလိုပါ2မျိုးဖျန်းထားပေါင်းသတ်ဆေးမသေဘူးဗျနာမည်နဲဆေးလေး ညွန်ပေးပါဆရာတို့
ဖြေကြားချက် 2 ခု
တောင်ယာစပါးခြးပါ တော်လန်ရေးပင်လို့လဲခေါ်ကြပါတယ် ဘာဆေးဖြန်းရမလဲဗျာ.,.,..
ဖြေကြားချက် 5 ခု
စပါးခင်းထဲမှာပေါက်တဲ့ ဒေသအခေါ် ဂယ်မြက်ဟုခေါ်ကြပါတယ်ဆရာ မည်သည့်ပေါင်းသတ်ဆေး A.I ဖြင့်နှိမ်နင်းလို့ရပါသလဲဆရာခင်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။