အညွန့်ဖျားတေမှာမှိုတေကပ်ပြီးခြောက်ကုန်တယ် ဘာဖြစ်တာလဲဘယ်လိုကုသလို့ရနိုင်မလဲဆရာ🙏🙏
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အညွန့်
အသီးမှာကျတဲ့မှိုဖြူနဲ့တူတယ်ဘော်ဒိုဆေးရည်(ထုံးဒုထာ) ဖျန်းပေးပါ
တကယ်လို့ အပေါ်ကအချက်တွေလိုမျိုးဆိုရင် ငရုတ်ကိုင်းဖျားခြောက်ရောဂါ( Chilli Dieback) ရောဂါပါ
ဒီလိုလက္ခဏ တွေလားရှင့် -ငရုတ်အပွင့်များမှ စ၍ရောဂါလက္ခဏာစပြလေ့ရှိပါတယ်။ အပွင့်များငိုက်ကျလာကာ တဖြည်းဖြည်းခြောက်၍ ကြွေကျသွားတတ်ပါတယ်။ -ထို့နောက် ၎င်းရောဂါက အပွင့်များမှတဆင့် ပွင့်ညှာကိုကူးကာ ပွင့်ညှာများရှုံ့တွ၍ ခြောက်သွားစေပါတယ် ။ ထိုမှတဆင့် အကိုင်းတွေဆီဆက်လက်ကူးသွားပြီး ကိုင်းဖျားများခြောက်ခြင်း၊ကိုင်းဆုံကိုင်းခွများခြောက်ခြင်း တွေကို တွေ့ရတတ်ပါတယ်ဗျ။ တချို့အပင်တွေမှာဆို ပင်စည်တွေပါခြောက်သွားတတ်ပါတယ်။ -အကိုင်းတွေမှတစ်ဆင့် အသီးတွေအထိ ကူးလေ့ရှိပြီး ရင့်မှည့်တဲ့အသီးတွေပေါ်မှာ သေးငယ်တဲ့ရေစိုနာကွက်များ၊ ဝါညိုရောင်အနာကွက်များ ဖြစ်ပေါ်နေတတ်ပါတယ်။ -တချို့သောအရွက်တွေပေါ်မှာလည်း ညိုမည်းရောင်အစက်ပြောက်တွေပေါ်လာပြီး ရောဂါလက္ခဏာပြလေ့ရှိပါတယ်။ -ရောဂါဆိုးရွားလာရင်တော့ အသီးတွေရွံ့တွပြီး ခြောက်သွားကာ ကြွေကျလေ့ရှိပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ကျွန်တော့်ငရုတ်စိုက်ခင်းထဲမှာငရုတ်ပင်တွေညှိးသေနေတာကိုပုံနှင့်တ...
ဖြေကြားချက် 2 ခု
ငရုတ်ပင် ငြိုးသေးတေဖစ်နေတယ် ဘာဆေးဖျန်းရမလဲဆရာတို့ သိရင်ပြောပေးကြပါ
ဖြေကြားချက် 4 ခု
အပင်ညှိုးသေဖြစ်နေလို့ပါ ဘာဆေးဖြန်းရမလဲသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ဒီလိုမျိုးဝါနေတာဗျ ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 3 ခု
ငရုတ်ပင်သေပင်ညိုးရောဂါအတွက် ဘယ်မှိုသက်ဆေးသုံးရမလဲဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။