အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Mg Mg Htwe

U Mg Mg Htwe

အတည်ပြုပြီး

စိုက်ပျိုးရေးပညာရှင် · အင်းစိန်

218,606
လွန်ခဲ့သော ၁ ရက် က

ကန္ဓမာရွက်များဆိုးဝါးတဲ့မှိုရောဂါကျနေလို့မန်ကိုဇက်တို့မယ်တယ်လက်စီတို့ကိုတစိပတ်ခြားနှစ်ခြားဖျန်းပေးပါ

မန်ကိုဇက်ရယ်အဇိုဇီကိုနာဇောရယ်ကာတတ်ရယ်စေးကပ်ရေရောဖျန်းကောင်းလား

လွန်ခဲ့သော ၁ ရက် က

ပဲပင်ရွက်နုလေးတွေမှာတွေ့ရလို့အားဆေးသို့မဟုတ်မြေသြဇာကောင်းလို့ဖြစ်နိုင်တယ်အရွက်ရင့်တွေမှာမှဲ့ပြောက်ရောဂါကျနေတာတွေ့ရလို့မှိုသတ်ဆေးဖျန်းရန်လိုမယ်

ပဲကြီးရွက်တွေကုတ်ကုတ်ကြီးဖြစ်နေလို့ ကူညီပါဦး

လွန်ခဲ့သော ၄ ရက် က

ဝယ်သုံးဆေးထက်ကုန်ကျသက်သာပြီးအထွက်နန်းလဲရနိုင်တဲ့ငါးအမိုင်နိုတို့ယူရီးယားလက်လျားတို့သုံးကြည့်ပါ

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

လွန်ခဲ့သော ၄ ရက် က

ပဲကတော့မြေသိပ့မရွေးပါအလွန်စေးသောမြေနှင့်သဲသိပ်ဆန်သောမြေမှအပစိုက်လို့ရပါတယ်ပဲဒီစိမ်းကနှစ်ကြိမ်သုံးကြိမ်ခူးရပြီးမတ်ပဲကတစ်ဘဲဆွတ်ရတယ်အဝါရောင်မိုဆိတ်ရောဂါခံနိုင်ရည်ရှိတဲ့မျိုးကိုရွေးစိုက်ပါ

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

လွန်ခဲ့သော ၃ ပတ် က

ကွမ်းအညွန့်ထွက်အောင်နိုထရိုဂျင် မဲနဲ့ပိုတက်များတဲ့ကွန်ပေါင်းရွက်ဖြန်းပေးပါသဘာဝမြေသြဇာနှစ်ပါတ်တစ်ကြိမ်top dressing လုပ်ပါ

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ

လွန်ခဲ့သော ၃ ပတ် က

ဇီးချိုပင်အသီးမတင်တာဝတ်မှုံကူးတာမကောင်းလို့လဲဖြစ်နိုင်တယ်အာဟာရချို့ထည့်လို့အဖိုအမရင့်ချိန်လို့လဲ​​ဖ​ြစ်နိုင်တယ်ပျားပုံးချပေးရင်ပျားရည်လဲရနိုင်တယ်P နဲ့ Kကြိုထည့်ပေးပါ

ကျွန်တော့မှာတော့ ဇီးချို ခင်း စိုက်ထားပါတယ် အပွင့် လှိုင်လှိုင် ပွင့်ပါတယ် အသီး မကပ်ဖြစ်နေပါသဖြင့် ဘာဆေးသုံးပေးရမလဲဗျ ခုလက်ရှိ စူပါသီးဖြန်းပေးထားတယ် ဘာဆေးဖြန်းပေးရန် လိုအပ်ပါသလဲ

လွန်ခဲ့သော ၃ ပတ် က

ယူဖရာနီမတုတ်အပင်ထဲရောက်သွားရင်ပင်လုူံပြန့်နီမတုကတ်ဆေးဘဲထိရောက်နိုင်တယ်အရင်ကယူဖရာရောဂါကမြန်မာမှာမရှိသလောက်ရှားတယ်၁၉၆၇လောက်ထဲကIRRI မှာအရေးကြီးစပါးရောဂါတစ်မျိုးဖြစ်တယ်ဟိုတုံးကတော့ဖြူရဒါဏ်လောက်နဲ့ဘဲရောဂါဖြစ်တဲ့အကွက်လောက်ဘဲဆေးပက်ပြီးထိန်းချုပ်နိုင်တယ်IPM နည်းနဲ့ရောဂါကျအပင်နှုပ်ရိုးဖြတ်မီးရှိုု့ပုလဲနဲ့အခြားဓာတ်မြေသြဇာမသုံးစသည်တို့ကိုကျင့်သုံးကြတယ်ချစ်တီးပန်းကိုသစ်စိမ်းအဖြစ်လဲသုံးကြတယ်

ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး

လွန်ခဲ့သော ၁ လ က

ကွမ်းရွက်အရင့်တွေမှဖြစ်နေတာကြောင့် manganese ချိုတဲလို့ဖြစ်တယ်အရွက်နုတွေမှာဖြစ်ရင်သံဓာတ် သို့မဟုတ်magnesium ကြောင့်ဖြစ်နိုင်တယ် မြေ အချဥ် အချင်အငံကိုစစ်ဆေးပါpH 6 ကျော် နေမယ်ထင်တယ်

ကွမ်းရွက်ကဘာလို့အဲ့လိုဖြင့်တာလဲဘယ်လိုပြန်လုပ်ကောင်းလာနိုင်မလဲအကြံပေးပါအုံး

လွန်ခဲ့သော ၁ လ က

ဂန္မာပင်ကပြပို့ကျနေတာပါထိသေစားသေပိုးသတ်ဆေးအမီဒါကရိုလိုပစ်လိုဆေးဖြန်းပါကြာကြာဆေးအာနိသင်ရှိလို့တစ်လတစ်ခါလောက်ဖြန်းနိုင်တယ်

မဂ်လာပါ ကျွန်တော်ရဲ့ ပန်းစိုက်ခင်းမှာ ခု လိုပိုးစတွေ့နေပါတယ် ဘာ ပိုးလဲ ဆေးလမ်းညွန်ပေးပါ🌼🌼🌼

လွန်ခဲ့သော ၁ လ က

စပါးနီတိုကဗိုင်းရပ်ရောဂါဖြစ်တယ်မြေသြဇာထည့်ရင်ပိုဆိုးတယ်အကွက်လိုက်ဖြစ်ရင်ဖြူရာဒါန်တို့ဖြယရာမိုင်းတို့လိုနီမတုတ်သတ်ဆေးမြေထဲထည့်ပေးပါ

စပါးပင်နီတိုဝင်တာ ဘာဆေးပက်ရင်ပျောက်လည်း

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။