အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က

ကယ်လ်စီယမ်နိုက်ထရိတ်နဲ့ ကယ်လ်စီယမ်အမိုးနီးယားနီးယားနိုက်ထရိတ်အကြောင်းရှင်းပြပါဦး၊ စပါးသီးနှံမှာ ဘယ်လိုအချိန်...

ကယ်လ်စီယမ်နိုက်ထရိတ်နဲ့ ကယ်လ်စီယမ်အမိုးနီးယားနီးယားနိုက်ထရိတ်အကြောင်းရှင်းပြပါဦး၊ စပါးသီးနှံမှာ ဘယ်လိုအချိန်တွေမှာအသုံးပြုထည့်သွင်းရမလဲ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၃ နှစ် က

(၂) မျိုးလုံးကတော့ နိုင်ထရိုဂျင် နှင့် ကယ်စီယမ် ဓာတ်ကိုထောက့်ပံ့ပေးပါသည်။ ကယ်လ်စီယမ်နိုက်ထရိတ် ကတော့ N % - 15.5 % Ca % - 19 % ပါဝင်ပါသည်။ ကယ်လ်စီယမ်အမိုးနီးယားနီးယားနိုက်ထရိတ် N % - 26 % Ca % - 8 % နှင့် Mg - 2.5 % ခန့်ပါဝင်နိုင်ပါသည် ပုလဲ ယူရီးယားမြေဩဇာထက် ပမာဏ ၃၀ % ခန့်ပိုထည့်ရပါမည် ဥပမာ ပုလဲ တစ်အိပ် တစ်ဧကသုံးမည်ဆိုပါက ၁ အိပ် နှင့် အိပ်ဝက်ခန့် ပိုထည့်ရမည်ပါ။ စပါးသက်တမ်းအနေဖြင့် ပုလကဲ့သို့ သုံးရမည်၊ မြေချဉ် pH 5 ထက်ကျနေသော မြေများအတွက် အထက်ဖော်ပြပါ (၂) မျိုးလုံးသည်သင့်တော်၍ ဂျစ်ပဆန်တို့ ဒိုလိုမိုက်တို့ ထည့်ပေးရမှုကို သက်သာစေပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးပင်အဟာရမြေခံအတွက်ကြဲပြီးဘယ်နှစ်ရက်ကစလို့ကြွေးရမလဲဆရာတို့ /ပညာရှင်တို့ခင်ဗျာ ကျတော်ကတော့တပတ် ဆယ်ရက်သားလောက်...

ဖြေကြားချက် 4 ခု

သက်တမ်း ၆လရှိတဲ့သက်ကြီးစပါးမျိုးတွေကို တီစူပါက မြေခံမှာထဲကထည့်ထားရုံလောက်နဲ့လုံလောက်နိုင်ပါသလား၊ တီစူပါကိုဘယ်န...

ဖြေကြားချက် 1 ခု

မဂ်လာပါခင်ဗျာစပါးအပင်သက်တမ်း(၁၂၀)ရက်ရှိတဲ့စပါးမျိုးကိုတိုက်ရိုက်အစေ့ချကြဲခင်းများအတွက်အပင်၏သက်တမ်းအလိုက်မြေသြ...

ဖြေကြားချက် 2 ခု

ဆရာခဗျ စပါးအေခြာက်ကျဲခင်း၂လခွဲသားပါ။ပုံပါတိုင်းရွက်ဖျားလေးတွေနဲနဲစဝါလာပါတယ်။ တချို့နေရာတွေမှာလဲရွက်လိပ်လေးတွေ...

ဖြေကြားချက် 2 ခု

စပါးပင်တွေက ရွေ့ပြောင်းစိုက်ပျိုးတာ ခုနေ့ဆို 15ရက်ကျော်ပါပြီ မြေဩဇာမကျွေးရသေးပါဘူး 15ရက်ကျော်မှာ မိုးမရွာတာက 1...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။