အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,220
လွန်ခဲ့သော ၈ နှစ် က

မေမြို့ပန်းပျိုးနည်းတင်ပေးပါလား

စိုက်ပျိုးနည်း မြေပြန့်ချယ်ရီ
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၈ နှစ် က

မျိုးစေ့များမှ ပျိုးထောင်စိုက်ပျိုးခြင်းကို ပြုလုပ်ကြပါသည်။ မျိုးပုလင်း ( တစ်ဂါလံ ၄ ပုလင်းဝင် ပုလင်း အရွယ်အစား) တစ်ပုလင်းလျှင် ၁၅၀ဝဝ ကျပ် ဖြစ်ပါသည်။ မျိုးပေါ်မူတည်ပြီး မျိုးပုလင်း တန်ဖိုး ကွာခြားမှုရှိပါသည်။ တစ်ဧကလျှင် မျိုးပုလင်း အပင်ပေါက်နှုန်းပေါ် မူတည်ပြီး (၄-၅) ပုလင်းခန့် လိုအပ်ပါမည်။ မျိုးစေ့ သို့ ကိုင်းများမှ ပျိုးထောင် စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်ခြင်းကို အောက်တိုဘာလ ပန်းပွင့်ပြီးသော အချိန်တွင် ပြုလုပ်နိုင်သည်။ များသောအားဖြင့် ပန်းမျိုးစေ့များမှ ပျိုးထောင် စိုက်ပျိုးပါသည်။ ပျိုးဘန်းနှင့် ပျိုးထောင်လျှင် ၁၅ ရက်၊ စိုက်ကွင်းအတွင်း စိုက်ဘောင် ပြုလုပ် ပျိုးထောင်လျှင်၂၀-၃၀ ရက်ကြာသည်။ အပူချိန် ၁၈-၂၁ ံC ( ၆၅-၇၅ ံF ) ပန်းမျိုးစေ့ အညှောင့်ပေါက်မှု အကောင်းဆုံး ဖြစ်သည်။ ပျိုးဘောင် အမြင့်များ ပြုလုပ်၍ မျိုးစေ့များကို ပျိုးထောင်ရမည် ဖြစ်ပြီး ပျိုးဘောင်များကို ရေမှန်မှန်လောင်းပေးရမည်။ ပျိုးထောင်ပြီး ပျိုးသက် ၇-၈ ပတ် ရှိသော ပျိုးပင်များကို စိုက်ဘောင်များသို့ ပြောင်းရွေ့ စိုက်ပျိုးရမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။