အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,504
လွန်ခဲ့သော ၃ နှစ် က · နမ့်စန်

ဆရာ/မတို့ခဗျာ ဂေါ်ဖီထုပ်/ပန်း အရွက်များကို ပုံပါပိုးများဖျက်စီးစားသောက်ခြင်းကို ကြုံတွေ့ရပါတယ် ပိုးသတ်ဆေးဖျန်း...

ဆရာ/မတို့ခဗျာ ဂေါ်ဖီထုပ်/ပန်း အရွက်များကို ပုံပါပိုးများဖျက်စီးစားသောက်ခြင်းကို ကြုံတွေ့ရပါတယ် ပိုးသတ်ဆေးဖျန်းပြီး ၅ရက် ၆ရက်ဆိုရင် ထပ်ပြီးထိုပိုးများထပ်တွေ့ရပါတယ် ဂေါ်ဖီထုပ် / ပန်း စလုံးချိန်ပွင့်ချိန် ဆေးထပ်ဖျန်းလျှင် ပုတ်ပျက်ခြင်းကိုကြုံရပါတယ် ထို့ကြောင့် ဂေါ်ဖီထုပ်/ပန်းများ စလုံးစပွင့်ချိန်အဘယ်ကဲ့သို့ဆေးများသုံးရင် ဂေါ်ဖီထုပ်/ပန်း ပုတ်ပျက်ခြင်းကိုလျော့ချနိုင်မည်နည်း ပုံပါဆေးများကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ပုံပါပိုးသတ်ဆေးအထုပ်ကိုထမင်းစားဇွန်းတစ်ဇွန်းနှင့် ပုံပါပိုးသတ်ဆေးပုလင်း အဖုံးတစ်ဖုံးရောစပ်ဖျန်းပေးပါသည် (မှတ်ချက် -ဆေးထည့်ဖျန်းရမည့်အချိုးအစားပါပြောပြပေးပါဗျ အသီးအပွင့်များမပျက်စီးနိုင်သော ပိုးသတ်ဆေးများကိုလမ်းညွန်ပြောပြပေးပါဗျ) ကျေးဇူးပြု၍ ဖြေကြားလမ်းညွန်ပေးပါဗျ

ပိုးမွှားရောဂါ ဂေါ်ဖီထုပ်
Post image
Post image
Post image
Post image

ဖြေကြားချက် ၁၃ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

အရမ်းစိုးရိမ်တတ်ရင် အီမာမက်တင်(အမဲနက်) တမျိုးထဲသာဖျန်းပါ။ (အလန်းမှာ ထိ​သေ​ဆေး ဆိုက်ပါအုပ်စုပါလို့)

2,504 လွန်ခဲ့သော ၃ နှစ် က

ဟုတျကဲ့ဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

အဲဒါလည်းရပါတယ်။ အင်ဒိုဇာကဒ် နဲ့အီမာမက်တင်အတွဲပါ။

2,504 လွန်ခဲ့သော ၃ နှစ် က

အီမာမက်တင်ဆိုတာဒီဆေးလားဗျ

2,504 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါဆရာ ဖြေကြားလမ်းညွန်ပေးလို့ကျေးဇူးပါဗျ အခုမှစစိုက်လို့မသိနားမလည်သေးလို့ပါဗျ

2,504 လွန်ခဲ့သော ၃ နှစ် က

အထုပ်အပွင့်ကြီးလာရင်လာထိဖျန်းလို့ရနိုင်လားဆရာ ထိုဆေးများက

2,504 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါဆရာ အလန်းနှင့် အီမာမက်တင် ၂ခုရောစမ်ဖျန်းရမှာနော်ဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ပါတယ်။ ပုပ်တာက အပွင့်ထဲ​ မိုးရွာ/ရေဝင်တာ​(သို့မဟုတ်)အခြား​ရေညဂါတခုခုကြောင့်​နေမှာပါ။

2,504 လွန်ခဲ့သော ၃ နှစ် က

အလန်း ဆိုတဲ့ဆေးကဒီဟာနော်ဆရာ

2,504 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ် စလုံးချိန်ပွင့်ချိန်ဖျန်းလဲ ဂေါ်ဖီမပုတ်နိုင်ဘူးနော် ထိုဆေးများက

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

နမ့်ဆမ် ​စျေးထဲက စိုက်​ဆေးဆိုင်မှာ ​မေးကြည့်ပါ။ပိုးစိမ်း​ကောင် ဖျန်းချင်လို့ လို့။(အမဲနက်-​ဆေး ရရင်လည်းဖျန်းပါ)

2,504 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ဆရာ ဆရာပြောတဲ့ဆေးတွေက ဆေးအရောင်းဆိုင်တွေရနိုင်လားဗျ ရှမ်းပြည်ဘက်က

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ပုံပါ​ဆေးများက မြန်မာလိုအညွှန်းမပါလို့ တရားဝင်ခွင့်ပြုမထားပါ။ အတုအစစ် မ​သေချာလို့ မသုံးသင့်ပါ၊ အီမာမက်တင်​ဆေးအုပ်စုကို၊ထိ​သေ​ဆေး တမျိုးနဲ့တွဲဖျန်းသင့်ပါတယ်။ (အီမာမက်တင်+လမ်ဘဒါ,)အလန်း ​ဆေးတပုံး ၂ဇွန်းဖျန်းပါ

You

ဆက်စပ်မေးခွန်းများ

ဂေါ်ဖီထုပ် / ပန်းဂေါ်ဖီ စသည်တို့ကို ရွက်ဖျန်းမြေသြဇာဖျန်းကြွေးမည်ဆိုပါက (မနက်ပိုင်းစောစော/ ညနေစောင်း) စသည်အ...

ဖြေကြားချက် 4 ခု

ဂေါ်ဖီထုပ် ဒီအရွယ်လေးမှာ အသီးအရွက်ကြက်ခြေးနှင့်ပြုလုပ်ထားသောမြေဆွေးမြေသြဇာကို အပင်ခြေရင်းလိုက်ထည့်ပေးလို့ရ...

ဖြေကြားချက် 4 ခု

အဲဒါလေးရေ၂၀လီတာဆိုဘယ်လောက်စိစီဖြန်းရမယ်လို့ရေးထားတာလဲဗျမသိလို့ပါ

ဖြေကြားချက် 3 ခု

ဂေါ်ဖီထုပ်အချို့အပင်ဒီပိုးကျနေတယ်ဗျ ဘယ်လိုဆေးသုံးပြီးဖျန်းရသလဲဗျ ကူးဆက်တတ်လားဗျ ဒီပိုးက

ဖြေကြားချက် 3 ခု

ဂေါ်ဖီထုပ် ဒီပိုးများကျနေပါသည် ပုံပါပိုးသတ်ဆေးကိုအသုံးပြုနိုင်လားဗျ ဆရာတို့ညွန်းပေးသည့်ဆေး စျေးကွက်မှာမရှိလို့...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။