အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
116
လွန်ခဲ့သော ၃ နှစ် က · ဒဂုံမြို့သစ်အရှေ့ပိုင်း

ပူစီနံ နဲ့ နံနံပင် အစေ့ပျိုးထားတာ အပင်မပေါက်လာလို့ပါ ပျိုးနည်းလေးပြောပေးပါခင်ဗျ တိုက်ခန်းမှာ စိုက်ချင်လို့ပါ

စိုက်ပျိုးနည်း နံနံ

ဖြေကြားချက် ၃ ခု

638 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပူစီနံကအရိုးရင့်ကိုမြေစိုတဲ့နေရာမှာထိုးထားအရိပ်လုပ်ပေးထားပါ အတက်တွေထွက်လာပြီဆိုမှ အရိပ်ကိုပြန်ဖယ်ပါ နံနံစေ့ကို24နာရီရေစိမ်ပါ ရေစစ်ပြီးရင်24နာရီအဝတ်စဖြင့်ထုပ်ပါ နောက်ပြီးမြေစွထားတဲ့နေရာမှာညီညီညာညာကြဲပတ်ပါ နောက်ပြီးကောက်ရိုး‌ခြောက် မြက်ခြောက်တို့နဲ့နေမထိအောင်အုပ်ပါ မြေအစိုဓာတ်မရှိလျှင်ရေဖြန်းပါ နံနံပင်ကအပေါက်လေးတဲ့အတွက် 5ရက် 7ရက်အထိကြာနိုင်ပါတယ် စိတ်ရှည်ရှည်နဲ့ရေဖြန်းပေးပါ အပင်ပေါက်လာပြီဆိုရင်အုပ်ထားတဲ့မြက်ခြောက်တွေဖယ်ပြစ်ပါ ကောက်ရိုး‌ခြောက်မြက်ခြောက်မရှိပါက စပါးခွံဖြင့်အုပ်ပါစပါးခွံဆိုရင်အပင်ပေါက်လာပါကဖယ်ပြစ်စရာမလိုပဲတိုးထွက်လာပါတယ် အခုနည်းကကျွန်တော်ပျိုးတဲ့နည်းပါ

116 လွန်ခဲ့သော ၃ နှစ် က

date က 2024မှလို့ အိတ်မှာတော့ပါပါတယ်ခင်ဗျ dateမမှန်တာဖြစ်တတ်ပါသလားခင်ဗျ

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၃ နှစ် က

အပင်မပေါက်တာစေ့နေသက်တန်းလွန်နေလို့ဖြစ်မှာပါသက်တန်းမလွန်တဲ့မျိုးစေ့အသစ်ဝယ်စိုက်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။