အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,876
လွန်ခဲ့သော ၃ နှစ် က · မုံရွာ

ဆရာတို့ ငရုတ်စစိုက်ပီး ၇ရက်ရှိပါပီိ စိုက်ပီးတဲ့နေကစပီးနေပူကြမ်းပါတယ် ဘောင်ကို ပလက်စတစ်ခဲမဲရောင်ပြန်အုပ်ပါတယ် အ...

ဆရာတို့ ငရုတ်စစိုက်ပီး ၇ရက်ရှိပါပီိ စိုက်ပီးတဲ့နေကစပီးနေပူကြမ်းပါတယ် ဘောင်ကို ပလက်စတစ်ခဲမဲရောင်ပြန်အုပ်ပါတယ် အခု အပင်တချို့ အပင်ခြေမြေကြီးအထက် ၁လက်မခွဲ အနေအထားကနေ ခါး(ပင်စည်)ရိပီး ကြိုးကျ သေနေပါတယ်ခင်ဗျာ့ ဒါဟာဘာကြောင့်လဲ ရောဂါကြောင့်လား ပလပ်စတစ်ဗြန့်ကိုနေပူပီး မြေခိုးကဘေးမထွက်ပဲအပင်ခြေကိုစုထိုးသလိုဖြစ်လို့လားခင်ဗျာ့ အတွေ့အကြုံရှိဆရာများ ရှင်းပြပေးကြပါခင်ဗျာ

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်တွင်ကျရောက်တတ်သောရောဂါများ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

နိုင်ငံခြားမှာ ပလပ်စတစ်အုပ်စိုက်တာက ​ပေါင်း မ​ပေါက်ရုံတင်မဟုတ်ဘဲ၊ ​မြေ​ဆောင်​ရောဂါ/ပိုး စတာ​တွေကို မီသိုင်းဘရိုမိုက်လို အဆိပ်​ငွေ့နဲ့ လပ်ကြတာပါ။ အပူ​ငွေ့ထိန်ဖို့.​မြေတွင်း ပိုက်လိုင်း​တွေနဲ့ ​ရေ​ရော အစာပါ ပူးတွဲ​ကျွေးကြပါတယ်။ ရာသီဥတုလည်း မတူပါဘူး။ ကိုယ်တို့ နိုင်ငံမှာ ရှမ်းပြည်​လောက်သာ​အေးတာ..၊ကျန်​ဒေသ​တွေ ပလပ်စတစ်အုပ်စိုက်တာက ​ဆောင်းရာသီမဟုတ်ရင် ဒီပြသနာ​တွေ့နိုင်ပါတယ်။ အပူချိန်မြင့်တာရယ်/ပလပ်စတစ်အပူရယ်/​မြေကြီးအပူရယ်/အပူ​ငွေ့ရယ်​ပေါင်းပြီး အပင်ထိတဲ့​နေရာတဝိုက် အပူ​လောင်တာပါဘဲ။ (ပလပ်စတစ် မအုပ်ဘဲ စိုက်တဲ့အခင်းနဲ့ ယှဥ်ကြည့်ရင် ပိုသိသာပါမယ်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။