အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
280
လွန်ခဲ့သော ၂ နှစ် က · မြောက်ဦး

ကျနော့တို့ကလယ်သမားတွေဆိုတော့ မိဘရိုးရာဘဲစ်ုက်ပျ်ုးကြပါ တယ် အခုဒီappကိုသုံးတော့ ေခတ်သစ်နည်းပညာတွေကိုစိတ်ဝင်စား...

ကျနော့တို့ကလယ်သမားတွေဆိုတော့ မိဘရိုးရာဘဲစ်ုက်ပျ်ုးကြပါ တယ် အခုဒီappကိုသုံးတော့ ေခတ်သစ်နည်းပညာတွေကိုစိတ်ဝင်စားလာပါတယ် အဲဒါကြောင်း စပါးခင်းထဲမှာ အပင်အာဟာရချို့တဲ့တာက်ုလည်း အတိကျမသိပါ ရောဂါတွေက်ုလည်းအတိကျမသိပါ ဓာတ်မြေသြဇာဆိုလည်း သိသလောက်က ပုလဲတအိပ် တီစူပါအိပ်ဝက် ပိုတက်အိပ်ဝက် အဲ့လောက်ဘဲသိပါတယ် တစ်ဧကမှာ အဲဒါဆိုယင်စပါးပင်မှာအနည်လိုအာဟာရဓာတ်တွေကို ဘယ်လိုကျွေးရပါလည်း အဲဒီလောက်ဓာတ်မြေသြဇာတွေ သုံးလို့ကောအထွက်တိုးနိုင်ပါသလား မြေချဥ့ငံကိန်းမူတည်းပြီး အာဟာရကကျွေးရတာလား အကုန်လုံးမြေမှာတစ်ဧကအဲဒီလောက်ကျွေးရတာလားခင်ဗျာ

စိုက်ပျိုးနည်း စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

အလွန် သင့်​လျော်​သော ​မေးခွန်းပါ။ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်း အချိ့​ဒေသ ​ပင်လယ်​ရေဝင်​မြေ​တွေမှာ.. ​မြေဆီလွှာ ပြသနာ ရှိ​နေတတ်ပါတယ်။ ဓါတု ဓါတ်​မြေသြဇာ​တွေ သုံးတိုင်း ​ကောင်းကျိုးထက် ဆိုးကျိုးဖြစ်​စေမှာပါ။ သိရသ​လောက်ဆိုရင် ​ရေငံဝင်​ပေမယ့်၊​မြေ​တွေက ဆားဓါတ်မများဘဲ၊ အချဥ်ကဲ​နေတယ်လို့ ပညာရှင်​တွေ သုံးသပ်ပါတယ်။ ဒါ​ကြောင့် နီးစပ်ရာ ပညာရှင်​တွေကို ​ခေါ်ယူပြသတိုင်ပင်လုပ်​ဆောင်ရမှာပါ။ မိုး​ရေဝင်ချိန် ဖမ်း​လှောင်ပြီး ​မွှေ​နှောက် ​ဖောက်ထုတ် လုပ်သင့်ပါတယ်။ ပီအိပ်ချ် တိုင်းကြည့်ပြီး ထုံး၊ဂျစ်ဆန်၊ဆီလီကာ ၊သဘာဝ​မြေ​ဆွေး၊စသဖြင့် စနစ်တကျပြုပြင်မှရမှာပါ။

You

ဆက်စပ်မေးခွန်းများ

ကျနော့တို့ဒေသမှာက ရေချိုရေငံဒေသပါ ရေချိုက ဝါဆ်ုလဆန်းမှစပြီး ပြာသ်ုလပြည့်လောက်ထိပါ ကျန်တာကတော့ရေငံပါ အဲဒါ...

ဖြေကြားချက် 3 ခု

စပါးပင်အာဟာရစီမံခန့်ခွဲနည်း စာအုပ်နှင့်ကျန်စာအုပ်တွေရှိယင်လည်းမျှဝေပါအုန်း ဝါသနာပါလို့ပါ

ဖြေကြားချက် 4 ခု

စပါးပင်အာဟာဓါတ်ချို့တဲ့ယင်ပြတဲ့လက္ခဏာတွေကို ပြတဲ့ပုံတွေရှိယင် ပြပေးပါခင်ဗျာ စိုက်ပျိုးရေးဝါသနာပါလို့ပါ ဘယ်ဓာတ်...

ဖြေကြားချက် 1 ခု

ယူရီးယားဓါတ်မြေသြဇာကိုတော့ လွယ်လွယ်နဲ့ဝယ်လို့ရပါတယ်ခင်ဗျာ တီစူပါနဲ့ပိုတက်ဓာတ်မြေသြဇာကိုကျတော့ခွဲပြီးရောင်းတာ မ...

ဖြေကြားချက် 1 ခု

စပါးအတွက်ဓာတ်မြေသြဇာတွေကလည်းများပါတယ်အနည်းဆုံးသိရသလောက်တောင်NPK၃မျိုးလို့တောင်သိရပါတယ် ဒါပေမဲ့ စျေးနှုန်းတွေက...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။