အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
280
လွန်ခဲ့သော ၂ နှစ် က · မြောက်ဦး

မဂ္်လာပါ ကျနော့်ရဲ့မေးခွန်းpostတွေကိုအများအားဖြင့်ပြေလေအောင်ဖြေပေးသော စိုက်ပျိုးရေးပညာရှင်ဒို့ဦးလေးအကောင့်...

မဂ္်လာပါ ကျနော့်ရဲ့မေးခွန်းpostတွေကိုအများအားဖြင့်ပြေလေအောင်ဖြေပေးသော စိုက်ပျိုးရေးပညာရှင်ဒို့ဦးလေးအကောင့်ပိုင်ရှင်အား ကျနော့်စိတ်ရင်းအမှန်နဲ့ တလေးတစားကျေးဇူးတင်မိပါတယ်ခင်ဗျာ တခြားသောပြေလေအောင်ဖြေဆိုပေးသောတောင်သူများနှင့် ပညာရှင်များအားလုံးကိုလည်း စိတ်ရင်းအမှန်နဲ့ကျေးဇူးတင်မိပါတယ်ခင်ဗျာ ဒိappကိုသုံးရကျိုးလည်းနပ်ပါတယ်လို့ခံယူမိပါတယ် အယင်တုန်းကဆိုယင်googlebrowserကိုဖွင့် စိုက်ပျိုးရေးဆောင်းပါးတွေရှာ စာအုပ်တွေရှာဒေါင်းလော့ဆွဲတာလည်းလိုင်းကသိပ်မမိ ပါ အခုဆိုယင်စိုက်ပျိုးမွေးမြူဆောင်ပါးတွေစာအုပ်တွေဒီappထဲကတော်တော်ဖတ်ခဲရပါပြီအလွယ်တကူရှာလို့လည်းရနေသောကြောင်းဒီappကိုလည်းကျေးဇူးတင်မိပါတယ်ခင်ဗျာ စိတ်ပျိုးရေးနယ်ပယ်နဲ့ပတ်သက်တာတွေကိုရေတံခွန်ပညာပေးအဖွဲfbပေါ်မှ ပြီးတော့စိတ်ပျိုးရေးဦးစီးဌာနမှထုတ်သောစာစောင်စာအုပ်တွေလည်းဖုန်းထဲမှာမလွယ်သိမ်းထားမိပါပြီခင်ဗျာ ကျနော်အားလုံးသူကိုဒီonlineမှကျေးဇူးအထူးတင်မိပါတယ် ကျနော်ကမိရိုးဖလာ လယ်သမားသားသမီးတဦးပါ မိရိုးဖလာဆိုလို့ မျိုးစဥ်ဆက် လယ်လုပ်လာတာမဟုတ်ပါဘူး ဒီဒေသမှာက တောရွာဆိုတော့လယ်လုပ်တယ် မဟုတ်ယင်ပိုက်နဲ့ငါးရှာပါတယ် အခုတော့ကျနော့်အဖေက လယ်လုပ်ပါတယ် ကျနော့်အဖေကအငှားသမားဘဝကလယ်ပိုင်ရှင်ဖြစ်လာတာပါ ဒီဒေသအနေထားနဲ့ဆိုယင်လယ်ဧကတော်တော်များများပိုင်ဆိုင်ထားပါတယ် ဧကဆိုယင်၁၅၀ကေျာ်တော့ဟိလောက်ပါတယ် ဒါပေမဲ့အားမရတာကတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ကျနော့တို့ကနိုင်ငံရပ်ခြားမှာနေ့စားလုပ်နေသူတို့လောက်တောင်အဆင်မပြေပါဘူးခင်ဗျာ စိတ်ပျိုးရေးအကြောင်းတွေဆွေးနည်းမိတော့လည်း မိရိုးဖလာနည်းတွေဘဲရပါတယ် အခုဒီappမှာက ပညာပေးဆောင်းပါးတွေတော်တော်ဖတ်ရပါတယ် အော်ဂဲနစ်နည်းတွေးကတော့လက်တွေ့ဘဝမှာမဖြစ်နိုင်လောက်ဘူးလို့ထင်မိပါတယ် မဖြစ်နုင်တာတော့မဟုတ်ပါ အော်ဂဲနစ်စပါးလည်းအဲဒီစျေး ဓါတ်မြေသြဇာစပါးအဲဒီစျေးပါ အော်ဂဲနစ်ကအထွက်လည်းနည်းတေ လုပ်အားစရိုက်လည်း ပိုကုန်ကျလို့ပါ ဒီမှာကရေချိုရေငံပင်လယ်ရေဝင်တဲ့ဒေသဖြစ်လို့ပါလယ်ဧက၁၀၀ကေျာ်ဆိုလို့ တချို့ဒေသကတောင်သူတွေက အံသြကြပါတယ် ဒီမှာက၇ဧကအထွက်နှုန်းကမိုးရေကောင်းခဲ့ယင် စပါးတင်း၃၀၀လောက်ဘဲရပါတယ် အဲဒါကရာသီဥတုကောင်းမှ ပါနော် မကောင်းယင်တင်း ၂၀၀ကေျာ်လောက်ဘဲထွက်ပါတယ် အဲဒါကြောင်းကျနော့်တို့အကုန်လုံးတောင်သူတွေအထွက်နှုန်းချင့်ချိန်ပီးပြောတာပါ စိတ်ပျိုးရေးပညာဟာလည်းကျယ်ပြန်မယ်လို့ထင်မိပါတယ် ကျနော်ကစပါးစိုက်ပျိုးနည်းတနည်းဘဲလေ့လာတာတောင် အစရှာမရအဆုံးရှာမရသေးပါ အဲဒါကြောင်း ကျနော်တို့တောင်သူတွေကတကယ့်လို့စိတ်ပျိုးနည်းပညာလေ့လာချင်ပါက လေ့လာသင့်တဲ့စာပေစာအုပ်နှင့်သင်တန်းတွေရှိယင် လမ်းညွန်ပေးကြပါလို့အထူးမေတ္တာရပ်ခံမိပါတယ် အကျပ်အတည်းကတော့ အားလုံးဒေသမှာကိုယ်စီရှိကြမှာပါ အကျပ်တည်းအကုန်ရှင်းပြယင် postတင်ဖို့လိုင်းတောင်ရဦးမယ်မထင်ပါဘူး ကျနော်တောင်ဆိုချင်တာက စိတ်ပျိုးရေးစပါးဆိုစပါးဟင်းပင်ဆိုဟင်ကိုယ်စီonlineသင်တန်းဖွင့်ပေးကြပါလို့ဆက်ပြီးလေ့လာချင်ပါတယ် စပါးပညာရှင်ဖြစ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် သင်တန်းလေးတွေအမြန်စိစဥ်ပေးကြပါခင်ဗျာ

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

မေးခွန်း​လေး​မေးလိုက်၊​ဖြေ​ပေးလိုက်နဲ့.. နည်းနည်းချင်း မြည်းရတာ.အားမရနိုင်ဘဲ၊ တခါတည်းနဲ့ အဝစား သင်တန်းတက်ချင်လာတယ် ထင်ပါတယ်။ တကယ်လည်း ဖြစ်သင့်ပါတယ်။ ​တောင်သူ​တွေမှာ နည်းပညာ လိုအပ်​နေပါတယ်။ တဦးနဲ့တဦး ​မြေခံ ​​ရေခံ မတူရင် ၊လုပ်နည်းစနစ်လည်း မတူနိုင်ပါဘူး။ စိုက်ပျိုး​ရေးပညာက ကျယ်ဝန်းပါတယ်။ ဆက်​လေ့လာပါ။

193,301 လွန်ခဲ့သော ၂ နှစ် က

အစိမ်းရောင်လမ်းကမဟုတ်တဲ့ ဖွင့်နေတဲ့သင်တန်းတွေရှိပါတယ် လမ်းညွှန်ပေးပါ့မယ်ရှင့် Myanmar Farmer Academy နဲ့ Miss Agripreneur ဆိုပြီး fbမှာရိုက်ရှာကြည့်ပါ

232 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ပါတယ်နောင်တော်ရေးသင်းတန်းလေးစာအုပ်လေးရှိရင်သိမ့်ကောင်းမယ်အခုလည်းအဆင်ပြေပါတယ် Green Way appရှိတော့လေ့လာခွင့်ရလို့ကျေးဇူးတင်မိပါတယ်

You

ဆက်စပ်မေးခွန်းများ

ကျနော်ဒေသမှာမိုးစပါးတခုဘဲစိုက်လို့ရပါတယ် ရေကတော့ဒီရေအတက်ကျရှိပါတယ်စပါးခင်းကိုကန်းသင်းမဆည်ကြပါဘူး စပါးးကိုလည်း...

ဖြေကြားချက် 3 ခု

အခြောက်ကြဲခင်းမှာအတန်းလိုက်တိုက်ရိုက်အစေ့ချနည်းလေးသိချင်လို့ပါ

ဖြေကြားချက် 5 ခု

စိုက်ပျိုးရေးပညာနဲ့ပတ်သက်ပြီးတော့ စပါးတမျိုးတည်းအတွက် လေ့လာချင်ပါတယ် အဲဒါဆိုဘယ်ကနေစပြီးလေ့လာရမလည်း လမ်းညွန်ပေး...

ဖြေကြားချက် 4 ခု

မိုးစပါး၁၅၀ရက်သားပေါ်ဆန်းမွှေး စိုက်ပျိုးပြုစုပုံအဆင့်ဆင့်နှင့် ဓာတ်မြေဩဇာကျွေးပုံအဆင့်ဆင့်ကိုသိချင်ပါတယ်ဆရာ

ဖြေကြားချက် 1 ခု

ဆရာတို့ခဗျ GW11စပါး သမန်းကျဲခင်းတွက်တဧကဘယ်လောက်နှုံးကျဲသင့်လဲအကြံပေးကြပါအုံး။ ကျေးဇူးပါ။

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။