မြစ်ရေချောင်းရေနဲ့ဆက်နေတဲ့ ရေအတတ်အကျရှိတဲ့ မြောင်းတွေမှာငါးမွေးလို့ရနိုင်ပါသလား ဘာငါးတွေမွေးမြူလို့အဆင်ပြေစေ...
မြစ်ရေချောင်းရေနဲ့ဆက်နေတဲ့ ရေအတတ်အကျရှိတဲ့ မြောင်းတွေမှာငါးမွေးလို့ရနိုင်ပါသလား ဘာငါးတွေမွေးမြူလို့အဆင်ပြေစေနိုင်ပါလဲခင်ဗျ
မြစ်ရေချောင်းရေနဲ့ဆက်နေတဲ့ ရေအတတ်အကျရှိတဲ့ မြောင်းတွေမှာငါးမွေးလို့ရနိုင်ပါသလား ဘာငါးတွေမွေးမြူလို့အဆင်ပြေစေနိုင်ပါလဲခင်ဗျ
ရေတက်ရေကျရှိတ၌့မြောင်းတွေမှာ ရေ ၃ပေ ၄ပေခန့် နှစ်ပတ်လည် ဒါမှမဟုတ် ၄လ ၅လ ခန်ရှိနေဘို့ ရှေးဦး ကြည့်ရပါမယ်။ ဒုတိယအနေနဲ့ အဲဒီရေက မိုးမှာ လား နွေရာသီမှာ လား သိရပါမယ်။ တတိယအနေနဲ့ ရေတက်ရေကျနေရာဆိုတော့ ရေအငန်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကို သိရပါမယ်။ ဒါမှသာလျင် ရေချိုငါးမျိုး ကိုမွေးမလား ၊ ရေချိုရေငန် စပ် ရေမှာ သက်ရှင်ကြီးထွားတဲ့ငါး မျိုး ကို မွေးရမလားဆိုတာ ဆုံးဖြတ်ရပါမယ်။ သာမန်အားဖြင့်တော့ ချောင်းကကျဉ်းပြီး ကိုယ်ပိုင်နေရာဆိုရင် တမံ ၂ ဘက်ပိတ်ပြီး ရေဝင် ရေ ထွက်ပြွန်နဲ့ တတ် ပေးပြီး ရေစီးရေလာမပိတ်အောင်စီမံ မွေးမြူ နိုင်ပါတယ်။ ရေရနိုင်တဲ့ကာလ အကြာအရှည်ကိုကြည့်ပြီး ၃ လ ၆လမှာ ဖမ်းစားလို့ရတဲ့ ငါးခုံးမ တီလားပီးယား ငါးပြေမ ငါးဘဲဖြူ စတဲ့ ငါး ကို မွေးနိုင်ပါတယ်။ နှစ်ပတ်လည်ရေရ မယ်ဆိုရင် ငါးမြစ်ချင်း ငါးတန်စတဲ့ငါးကို မွေးနိုင်တာ ပေါ့။ ဒီလို ရေတက်ရေကျရှိတဲ့ မြောင်းတွေကို ပြုပြင် ပြီး ငါးမွေးတဲ့နည်းစနစ် ကို ငါးဦးစီး WorldFish နဲ့ LIFTပူးပေါင်းနည်း ပညာ ပေးဆောင်ရွက်နေပါတယ် ဖျာပုံမှာ ပါ။ ခြံမြောင်းငါးမွေးနည်းလို့ ခေါ်ပါတယ်။ ချောင်းကျယ်တွေမှာကတော့ ပိုက် လှောင်အိမ် နဲ့ စနစ် တကျ Cage culture လုပ်ကြပါတယ်။
ပိုက်ကာပြီးမွေးမြူမှာပါ
ရေချိုလား ရေငန်လား။ ပိုက်ကန်နဲ့ မွေးတာတွေတော့ တွေ့ဖူးတယ်။
ငါးတွေပါမသွားနိုင်ဘူးလား
ဆက်စပ်မေးခွန်းများ
ငါးမွေးချင်ပါတယ်.ကံက..၂.ဧကရှိပါတယ်မွေးမြူပုံအလင်းပြပေးပါ
ဖြေကြားချက် 1 ခု
ငါးရှဉ့် ဘယ်လိုမွေးရပါသလည်း
ဖြေကြားချက် 0 ခု
ငါးခန္ဓာကိုယ်ပေါ်တွင် အနီစက်များတွေ့ရှိနေတာဘာဖြစ်နေတာလဲမသိလို့ပါ
ဖြေကြားချက် 6 ခု
တောင်ခြေနားမှာရှိတဲ့ မြေဝါအမျိုးအစားဆိုရင် ရေကန်တူးပြီးငါးမွေးလို့ချင်တယ် ဘယ်လိုငါးမျိုးမွေးရမလဲ
ဖြေကြားချက် 0 ခု
ငါးကျီး ကျပ်တိုက်ကြီး မွေးမြူနည်းနဲ့ မျိုးတွေဘယ်မှာရနိုက်လဲခဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။