အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
5,539
လွန်ခဲ့သော ၂ နှစ် က · ပေါက်

ဆရာ ဒို့ဦးလေးခင်ဗျ။ကျွန်တော့်ကြက်သွန်နီစိုက်ခင်လည်း နှစ်စဉ် အမြစ်ပုပ်နေလို့ ဆရာ့အကြံပြုချက်အတိုင်း ဒီနှစ် မြေ...

ဆရာ ဒို့ဦးလေးခင်ဗျ။ကျွန်တော့်ကြက်သွန်နီစိုက်ခင်လည်း နှစ်စဉ် အမြစ်ပုပ်နေလို့ ဆရာ့အကြံပြုချက်အတိုင်း ဒီနှစ် မြေပြင်စဉ်ကတည်းက မစ်တာလဇီး သုံးမယ်လို့စဉ်းစားထားပါတယ်။သဲနှစ်တင်း+မစ်တာလဇီး(၅၀၀)ဂရမ်နဲ့ဂျစ်ဆန်ကိုသုံးချင်ပါတယ်ခင်ဗျ။မြေပြင်ချိန်ကိုလည်းအတတ်နိုင်ဆုံးအချိန်ယူပြီး ထွန်ရေးလည်းအခြောက်ခံပါ့မယ်ခင်ဗျ။သဲနဲ့ဂျစ်ဆန်ကသုံးဖူးပါတယ်။မစ်တာလဇီးက အပင်လောင်တာတွေဖြစ်တတ်လားခင်ဗျာ။မစ်တာလဇီးကို ရေမဖျော်ဘဲသဲနဲ့အခြောက်မွှေရမှာလားခင်ဗျာ။သဲ+မစ်တာလဇီးနဲ့ဂျစ်ဆန်ကို ထွန်ရေးစပြင်ချိန်(သို့)စိုက်ခါနီးစိုက်ကြောင်းဆွဲချိန် ဘယ်အချိန်သုံးရင် အဆင်ပြေမလဲခင်ဗျာ။တခြား ဓာတ်မြေဩဇာနဲ့ပြိုင်တူသုံးရင်အဆင်ပြေလားခင်ဗျာ။ကျေးဇူးပြု၍ ဧက နှုန်းထားနှင့်တကွ သိပါရစေခင်ဗျ။စနစ်တကျစိုက်ပျိုးကြည့်ချင်လို့ပါခင်ဗျ။ဆရာကြီးအနေနဲ့ကျေးဇူးပြုပြီးဖြေကြားပေးပါလို့‌ေမတ္တာရပ်ခံပါရ‌ေစခင်ဗျာ။ဆရာကြီးကျန်းမာ၊ချမ်းသာပါစေခင်ဗျာ။

စိုက်ပျိုးနည်း ကြက်သွန်နီ အမြစ်ပုပ်ခြင်း

ဖြေကြားချက် ၈ ခု

5,539 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

သဲနှစ်တင်း+မစ်တာလဇီး+ဂျစ်ဆန်တစ်လုံးက တစ်ဧကစာလားခင်ဗျ။

5,539 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ပါခင်ဗျ။ကျေးဇူးပါခင်ဗျဆရာကြီး။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

၁ဧက စာ မသုံး​လောက်ဘူးထင်တယ်။ ဧကဝက်​လောက်ပဲ ရလိမ့်မယ်။ (မျိုး​စေ့ကြဲသလို ပက်ကြည့်ပါ..)

5,539 လွန်ခဲ့သော ၂ နှစ် က

ဖော်ပြပါအချိုးက တစ်ဧကစာလားခင်ဗျာ။

5,539 လွန်ခဲ့သော ၂ နှစ် က

ဆရာကြီးဖြေပေးတာ အားလုံးပြည့်စုံပါတယ်ခင်ဗျာ။ဆရာကြီးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ဆရာကြီးပြောတဲ့အတိုင်းလုပ်ပါမယ်ခင်ဗျာ။

5,539 လွန်ခဲ့သော ၂ နှစ် က

အခုလိုဆေးသုံးနည်းကစစိတ်ရှည်ရှည်နဲ့အသေးစိတ်ဖြေကြားပေးတဲ့ဆရာကြီးကိုအထူးလေးစားပါတယ်ခင်ဗျ။ကျေးဇူးလည်းအထူးတင်ပါတယ်ခင်ဗျ။ဆရာ ဒို့ဦးလေး ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့်အများအကျိုးယခုထက်ဆောင်ရွက်နိုင်ပါစေခင်ဗျာ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

စိုက်ကာနီး ​ကြောင်းမဆွဲခင်.​ဘောင်​ပေါ်ဖြူးပြီးမှ ၊တချက်​မွှေပြီး ​ကြောင်းဆွဲ စိုက်ပါ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

သဲ၊ဂျစ်ဆန်၊မက်တလက်ဇီး ကို ​ဖော်ပြပါ အချိုးအတိုင်း ​ရော​မွှေပြီး. ​ဘောင်ပြင်ချိန် ၊မစိုက်မီ ဖြူး​ပေးတာမျိုး ​ကောင်းပါတယ်ခင်ဗျ။ မက်တလက်ဇီးရဲ့သဘာဝက အပင်နဲ့ တိုက်ရိုက်ထိလို့(နုန်းထားလညံး များရင်) ထိတဲ့​နေရာမှာ ကျုံ့တတ်တယ်။ ဥပမာ> မက်တလက်ဇီး ၁၀၀ဂရမ်ကို ​ဆေးတပုံးထည့်​ဖျော်ပြီး ဖရဲပင်ငယ်​လေး​တွေ အပင်​ခြေ ​လောင်းရင် ပင်စည် ​သေးကျုံ့သွားတယ်) အခုနည်းစနစ်က​တော့ တိုက်ရိုက်ထိတာမဟုတ်လိူ့ အဆင်​ပြေပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။