ဖြေကြားချက် ၁ ခု
မေးခွန်းပေါ်မှာ အခြေခံပြီး စပါးအပင်ပွားနိုင်ဖို့က အချက် ၂ ချက်ပေါ်မှာ မူတည်ပါတယ်။ ပထမတစ်ခု ပင်ပွားထွက်နိုင်ဖို့နေရာပါ။ ကြဲပက်စနစ်မှာ အစေ့များများသုံးရလို့ အပင်အရေအတွက်များပြီး ပင်ပွားထွက်ဖို့နေရာ မရှိတော့တာများပါတယ်။ တစ်ရုံတစ်ပင်တစ်နှံလိုဖြစ်တယ်။ အတန်းချစနစ်မှာ ပင်ပွားက ဘေးဘက်ကို ထွက်ဖို့နေရာရှိတဲ့အတွက် ကြဲပက်စိုက်တာထက် ပင်ပွားအရေအတွက်များပါတယ်။ ကောက်စိုက်စနစ်ကတော့ နေရာပိုရတဲ့အတွက် ပင်ပွားအရေအတွက် များပါတယ်။ ဒါပေမယ့် ဒုတိယအချက်ဖြစ်တဲ့ ပျိုးပင်သက်တမ်းပေါ်မူတည်ပါတယ်။ ပျိုးပင်သက်တမ်းက ကြီးသွားရင် ပင်ပွားထွက်နိုင်ဖို့ အချိန်နည်းသွားပါတယ်။ ပျိုးပင်ငယ်ငယ်မှာ ရွေ့စိုက်နိုင်ရင် ပင်ပွားများများထွက်ပါတယ်။ ကောက်စိုက်သမားရနိုင်တဲ့အပေါ်မူတည်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ ကောက်စိုက်သမားရှားရင်တော့ အတန်းချစနစ်ကိုတော့ သုံးစေချင်ပါတယ်။ ကြဲပက်တာထက် ပိုစနစ်ကျပြီး ထိန်းသိမ်းစောင့်ရှောက်ရတာ ပိုအဆင်ပြေပါတယ်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခဗျ GW11စပါး သမန်းကျဲခင်းတွက်တဧကဘယ်လောက်နှုံးကျဲသင့်လဲအကြံပေးကြပါအုံး။ ကျေးဇူးပါ။
ဖြေကြားချက် 1 ခု
မိုးစပါး၁၅၀ရက်သားပေါ်ဆန်းမွှေး စိုက်ပျိုးပြုစုပုံအဆင့်ဆင့်နှင့် ဓာတ်မြေဩဇာကျွေးပုံအဆင့်ဆင့်ကိုသိချင်ပါတယ်ဆရာ
ဖြေကြားချက် 1 ခု
မဂ္်လာပါ ကျနော့်ရဲ့မေးခွန်းpostတွေကိုအများအားဖြင့်ပြေလေအောင်ဖြေပေးသော စိုက်ပျိုးရေးပညာရှင်ဒို့ဦးလေးအကောင့်...
ဖြေကြားချက် 3 ခု
GW 11စပါးအခုကြဲတော့ပါမယ်ခင်ဗျာဘာတွေစလုပ်ရမလည်းခင်ဗျနည်းလမ်းလေးတွေပေးပါအုံးဗျာ
ဖြေကြားချက် 1 ခု
လယ်တစ်အေကမျိုးစပါးဘယ်နစ်တင်းကြဲသင့်လဲ
ဖြေကြားချက် 2 ခု