အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,539
လွန်ခဲ့သော ၂ နှစ် က · ပေါက်

ကြက်သွန်နီဇော်မွှားစိုက်ခင်း တစ်လသားရှိပါပြီ။စစိုက်ချိန်ထဲကမြေပဲထည့်ပါတယ်။မြေပဲလည်းတစ်လသားပါ။ရက်(၂၀)သားလောက်က...

ကြက်သွန်နီဇော်မွှားစိုက်ခင်း တစ်လသားရှိပါပြီ။စစိုက်ချိန်ထဲကမြေပဲထည့်ပါတယ်။မြေပဲလည်းတစ်လသားပါ။ရက်(၂၀)သားလောက်ကပေါင်းသတ်ဆေးပက်တာပါ။ပေါင်းသတ်ဆေးကနှစ်ချို့ပါ။ပေါင်းအသေနဲပါတယ်။ခုကြက်သွန်၊မြေပဲတစ်လသားအရွယ်မှာပေါင်းသတ်ဆေးဖျန်းလို့အဆင်ပြေပါ့မလား ဆရာတို့ခင်ဗျာ။ပညာရှင်များနှင့်အတွေ့အကြုံရင့်တောင်သူကြီးများ ကျေးဇူးပြုဆွေးနွေးပေးကြပါခင်ဗျာ။

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 13,272 လွန်ခဲ့သော ၂ နှစ် က

ကြက်သွန်သီးနှံကအစာကျွေး၊ရေတင်မဖြစ်မနေလုပ်ရမှာဆိုတော့ ရေတင်တဲ့အခါမြေပဲပင်ကိုဆိုးကျိုးပေးနိုင်ပါတယ်၊ ကျနော့် အမြင်ဆိုရင်ကြက်သွန်နဲ့မြေပဲကိုသီးညှပ်မစိုက်သင့်ပါဘူးခင်ဗျာ။

5,539 လွန်ခဲ့သော ၂ နှစ် က

ကြက်သွန်နဲ့မြေပဲအတွက်လည်းကောင်း၊မကောင်းဖြေပေးပါအုံးခင်ဗျာ။

5,539 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

5,539 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကြက်သွန်မြေပဲသီးညှပ်စိုက်ထားတာပါ။

အတည်ပြုပြီး 13,272 လွန်ခဲ့သော ၂ နှစ် က

ကြက်သွန်နဲ့မြေပဲကိုသီးညှပ်စိုက်ထားတဲ့သဘောလားဗျ၊ရွေးချယ်ပေါင်းသတ်ဆေးသုံးရအောင်လဲအဆင်မပြေလောက်ဘူးဗျ၊ပေါက်တဲ့ပေါင်းတွေကလဲရင့်နေလောက်ပြီဆိုတော့ ပေါင်းသတ်ဆေးဖျန်းလို့အဆင်မပြေတော့လောက်ဘူးလို့သုံးသပ်အကြံပြုချင်ပါတယ်။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

တလသား မှာဆို ​ပေါင်းပင်​တွေ ရင့်​နေရင် ​ပေါင်းသတ်​ဆေးနဲ့အဆင်မ​ပြေ​လောက်ဘူးဗျ။ အခြား​တောင်သူ​တွေ​တော့ မသိဘူး..

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကြက်သွန်ပျိုးတာရက်၂၀ကျော်ပါပီ‌ေရွးချယ်ပေါင်းဆေးသုံးရပီလားဗျ

ဖြေကြားချက် 2 ခု

စိုက်ခင်းမဟုတ်သေးသော ယာခင်းပြင်မှာ မြက် မုန်ညှင်းသ‌ီးသန့်သတ်ချင်ရင် 24Dနဲ့တင် လုံလောက်လားဗျ? တချို့က ယူရီးယား...

ဖြေကြားချက် 2 ခု

ကျနော့ ကြက်သွန် စိုက်ဘောင်ထဲမှာ ပေါင်းမြက်တွေ များနေလို့ ဘာဆေး သုံးရမလဲ ကျေးဇူးပြုပြီးဖြေကြားပေးကြပါ ကျေးဇူး...

ဖြေကြားချက် 3 ခု

ဝိစာရကထုတ်တဲ့​ဆေး ပီဇာက ကြက်သွန်ခင်း ​ပေါင်းသတ်​ဆေးအဖြင့် သုံးချင်လို့ရနိုင်မလား သုံးဖူးသူများလမ်းပြပါအုံးဗျ။

ဖြေကြားချက် 1 ခု

ကြက်သွန်နီခင်းမှာ မြက်မုန်ညင်း မနိုင်လို့ ဖော်ဝမ်းရွေးချယ်ပေါင်းသတ်ဆေး သုံးရင်ရပါသလား သုံးသင့်တဲ့ဆေး ညွှန်ပြ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။