ဖြေကြားချက် ၁ ခု
ပန်းထိန်ငို စိုက်ပျိုးခြင်း ပန်းထိန်ငိုပန်းကို အအေးပိုင်းဒေသ များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခု အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးလာကြပါသည်။အပူများ လွန်းသောအချို့ဒေသများတွင် အရိပ်ကျဲ ၅၀%ရအောင် ဗူးစင်များတင်ပေးခြင်း ပျိုးစင်ဇကာစိမ်းအုပ်ပေးခြင်းဖြင့် စိုက်ပျိုး နိုင်ပါသည်။ပန်းထိမ်ငိုသည် ရေကြိုက် ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။မြေချဉ်ငံ ကိန်း pH 5-6ကြားတွင်ကောင်းစွာဖြစ်ထွန်းသည်။ မြေနီသဲဝန်း သဲနုန်းနှင့် နုန်းမြေများ တွင်စိုက်ပျိုးကြပါသည်။ ပန်းထိန်ငိုမျိုးတွင် တစ်ထပ် ပန်းထိန် နှစ်ထပ်ပန်းထိန် သုံးထပ်ခေါ် ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။ မျိုးယူရာတွင်လည်း အပင်ကို cuttingထိုးခြင်း ကိုင်းထိုးခြင်းနှင့် အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥ မှ စိုက်ခြင်း ဆိုပြီး၂နည်းရှိပါသည်။ မြေယာပြင်ဆင်ခြင်း ထယ်ထွန်ကိုဖွာပြီး မွနေစေရန် ညက်ညက် လုပ်ပေးရန်လိုအပ်ပါသည်။ပင်ခြားအနေ ဖြင့် ၃ပေ လူသွားလမ်း ၅ပေဖြင့်စိုက်ပါက အပင်၃၀၀၀ခန့် ဝင်ဆန့်ပြီး ဥအနေဖြင့်စိုက်ပါက ပိသာ ၅၀မှ၁၀၀ကြားလိုအပ်ပါသည်။ မြေပြင်စဉ်တွင် အပေါ်ယံ ကိုမီးရှို့ပေး ရန်လိုအပ်ပါသည်။ မြေသြဇာသုံးစွဲခြင်း အခြေခံမြေသြဇာအဖြစ် နွားချေးကို သီးသန့်သုံးစွဲသင့်ပြီး နွားချေးကိုEM ဘူကာရှီနည်းအတိုင်း သို့မဟုတ် ထရိုင်ကိုဒါးမားနှင့် မြေသြဇာလုပ်ပြီး သုံးပါကပိုမိုကောင်းမွန်ပါသည်။ကျွန်တော့အနေဖြင့်စိုက်ပါက ထရိုင်ကိုဒါးမား ဖြင့်ဆွေးထားသောနွားချေးကို ပိုမို အသုံးပြုချင်ပါသည်။ထရိုင်ကိုဒါးမား မှိုသည် ပင်စည်ပုပ် အူပုပ် အမြစ်ပုပ် ရောဂါများကို ကာကွယ်နိုင်သောကြောင့် ဖြစ်ပါသည်။ စိုက်စနစ် အပင်စိုက်ပြီးတနှစ်အကြာတွင် စတင် ခူးစွတ်နိုင်ပါသည်။အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပါက နောက်နှစ် နွေအကုန် မိုးဦးကျခါနီးတွင်စတင်ခူးစွတ် နိုင်သည်။ဥများကိုတော့ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုး နိုင်ပြီး မိုးလယ်တွင် ခူးစွတ်နိုင်ပါသည်။ ပန်းထိန်ငိုခင်းသည် ၁၀လပိုင်းလောက်တွင်ပန်းများပွင့်ခြင်း ရပ်တတ်ပြီး ၁၂လပိုင်းလများသည် အပင်နားသောလဖြစ်ပါသည်။၃လပိုင်း နှင့်၃လပိုင်းကျော်လျှင် အပင်အကြွင်းအကျန်များကို ဖြတ်ထုတ်ဖျက် စီးပြီးဘောင်များပေါ်တွင် မီးရှို့ကာ နွားချေးမြေသြဇာထည့် ဘောင်လုံး ပြီးရေနေ့စဉ်သွင်းပေးပါက ပန်းများ စောစီးစွာပွင့်စေပါသည်။ပန်းထိန်ငိုပန်း ခင်းကို ၃နှစ်အထိထားရှိပြီး ၃နှစ်ပြည့်လျှင် ဥများကို ပြန်ဖော်ပြီး အသစ်ပြန်စိုက်ရန်လိုအပ်ပါသည်။ စိုက်ခင်းအဓိကပြသနာ စိုက်ခင်းတွင် အဓိကအားဖြင့် အမြစ်ပုပ် အူပုပ်ပြသာနာများဖြစ်သည်။ခြစ်စား ပိုးအနည်းငယ်လည်းကျတတ်ပါသည်။ အမြစ်ပုပ် ပင်စည်ပုပ်ရောဂါများသည် မျိုးမှပါလာတတ်ကြပြီး မြေဆောင်ရော ဂါဖြစ်သွားတတ်ပါသည်။ထိုရောဂါကို ထိန်းသိမ်းရန် မျိုးဝယ်ယူရာတွင် အထူး ဂရုပြုပြီး ဝယ်ယူခြင်း အချိန်ပေးပြီး ကိုယ်တိုင် ကိုင်းထိုးမျိုးခံခြင်းများ ပြုလုပ်သင့်ပါသည်။ဌင်းရောဂါကျရောက် ပါက အပင်များသေပျောက်ကာ နောက်ဆုံး တခင်းလုံးကူးတတ်ပါသည်။ကုသခြင်းထက် ကာကွယ်မှသော ကောင်းမွန်သော ရောဂါမျိုးဖြစ်ပါသည်။ထရိုင်ကိုဒါးမား မှိုကိုမွေးမြူထားခြင်းဖြင့် ရောဂါကျရောက် ခြင်းကို အသင့်အတင့် ကာကွယ်နိုင် ပါသည်။ကုသဆေးအနေဖြင့် forst ethyl aluminum ဖော့စ်အီသိုင်အလူမီယမ်ခေါ် ဆေးကို မြေကြီးအတွင်းထည့်ကာ ကုသရပါမည်။ အရွက်များပျော့ ကာရိကျတတ်ပါသည်။မိုးများလွန်းသော အခြေအနေနှင့် အပင်ထူသော အခြေအနေ ဆုံပါက အဖြစ်များပါသည်။မြေချဉ်ကိန်းလည်း pH 5 အောက်ဆင်းနိုင်သဖြင့် မိုးဦကျ တကြိမ် မိုးလယ်တကြိမ် ထုံးနှင့် ဂျစ်ပဆင် ကို ၄း၁ နှုန်းထည့်ထားသင့်ပါသည်။ စိုထိုင်းစ လျော့ကျအောင် အထူးဆောင်ရွက် သင့်ပါသည်။ ရောဂါရအရွက်များကို ဖြတ်ထုတ်ခြင်း ပင်များတူးထုတ်လွှင့်ပစ်ဖြစ်များ ပြုလုပ်ပေးရပါမည်။benzimidazole အုပ်စု propiconazoleအုပ်စုတို့ကို ဖျန်းဆေးကုသဆေးအဖြစ် သုံးနိုင်ပါသည်။ mancozeb ကို ကာကွယ်ဆေး အနေဖြင့် သုံးနိုင်ပါသည်။ ပန်းထိန်ငိုသည် ဈေးကွက်ငြိမ်ပါက စိုက်ပျိုးသင့်သော သီးနှံတခုထဲတွင် ပါဝင်ပါသည်။ပြင်ဦးလွင်ဒေသမှလွဲ၍ တခြားဒေသများတွင် ဈေးကွက်ရှိပါက စိုက်သင့်ပါတယ် လို့အကြံပြုဆွေးနွေးလိုပါတယ်။ Ko Swe Thet Paing
ဆက်စပ်မေးခွန်းများ
ပန်းမျိုးစကျဲတော့မယ်ဆိုရင်ဘာလုပ်ရမလည်း
ဖြေကြားချက် 4 ခု
Seed Ball လုပ်ဖို့ ဘယ်လိုမျိုး Seed တေကို recommended ပေးနိုင်ပါသလဲ ?
ဖြေကြားချက် 0 ခု
နှင်းဆီစိုက်ပျိုးနည်းသိချင်ပါတယ် ကူညီပါ
ဖြေကြားချက် 1 ခု
ဟော်လန် သစ္စာပန်းဥဖော်ပြီးပြန်စိုက်လို့ရလား ဥဖော်ပြီးဘယ်လောက်ကြာကြာထားရလဲ ရာသီမရွေးစိုက်လို့ရလား ဖြေကြားပေးစေ...
ဖြေကြားချက် 1 ခု
တပ်သလောက်မှတ်သလောက်ပြောပြပေးကြပါ
ဖြေကြားချက် 2 ခု