ဖြေကြားချက် ၂ ခု
ကျေးဇူးပါ
ကန်ဇွန်းရွက်စိုက်ပျိုးနည်း နိဒါန်း မြန်မာလူမျိုးများ ကြိုက်နှစ်သက်သော ဟင်းသီးဟင်းရွက်ဖြစ်သည်။ ရှေးနှစ် ပေါင်းများစွာကပင် မြန်မာပြည်တွင် စိုက်ပျိုးလာကြသည်။ အောက်မြန်မာပြည် ဒေသ အနှံ့အပြားတွင် စိုက်ပျိုးသည်။ မြေပြုပြင်နည်း ထယ် (၂)စပ်ထိုးပြီး၊ ထွန် (၆-၈) စပ်မွှေပါ။ ရေသိုလှောင်ထိန်းသိမ်းနိုင်သော မြေဖြစ်လျှင် ကန်ဇွန်းစိုက်ရန် သင့်တော်ပါသည်။ တောင်ပေါ်ဒေသ၌ ဆောင်းတွင်း စိုက်ရန် မဖြစ်နိုင်ပါ။ ထွန်ရေးညက်လျှင် ကန်သင်းဖေါ်၍ အကွက်ဖေါ်ပါ။ ထို့နောက် ရေသွင်းပြီးဆက်၍ ထွန်မွှေပါ။ အခင်းသစ်တွင်မြေပြင်ချိန်၌ နွားချေး (၁၀-၁၅) စီး ထည့်သွင်းပြီး မြေကြီးကို မစိုက်ခင် နှပ်ထားသင့်ပါသည်။ ရေကန်စွန်းစိုက်ပျိုးခြင်း ကန်ဇွန်းကို အညွှန့်ဖြတ်ကာ စိုက်က ပို၍ ရှင်သန်သည်။ အဆစ်အနည်းဆုံး (၄) ဆစ်ပါသော ကိုင်းများကို (၈-၁၀) လက်မ အရှည်ခန့် ဖြတ်ယူ၍ စိုက်ကျင်း တစ်ကျင်းလျှင် (၂-၃) ပင်စိုက်ပါ။ စိုက်ရာတွင် စပါးစိုက်သကဲ့သို့ လက်ဖြင့် အောက်ခြေ ပိုင်းကို မြေထဲသို့ အဆစ် (၂) ဆစ်ထိဝင်အောင် ထိုးစိုက်ပါ။ တန်းကြား၊ ပင်ကြား (၁၂ x ၁၀)လက်မ ထား၍စိုက်ပါ။ မိုးတွင်း၌ စိုက်ပါက အပင်ခြေတွင် တုတ်စိုက်ပြီး ချည်ထားပေးရန် လိုသည်။ မျိုးစေ့နှုန်း တဧကလျှင် ကန်ဇွန်းပင် ဖြတ်ပိုင်း (၁ဝဝဝဝ-၁၅ဝဝဝ) ထိ လိုအပ်သည်။ အပင်ပြုစုခြင်း အပင်ချစိုက်ပြီးလျှင် ပြီးချင်း (၃)လက်မ အနက်ရအောင်ရေသွင်းပေးပါ။ အခင်းထဲတွင် ရေ (၃-၆) လက်မရှိနေစေရန် ထိန်းသိမ်းပါ။ နွေရာသီပူပြင်းပါက တစ်ပတ် တစ်ကြိမ် ရေလဲပေးသင့်သည်။ သို့မှသာ စိုက်ခင်းရှိရေများ ပူလာခြင်းကြောင့် အပင်ကိုထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်။ စိုက်ပြီး (၁) လအတွင်း ပေါင်းမြက် ပေါက်ပါက ရှင်းပေးပါ။ ထို့နောက် ရွက်ဖြန်းဆေးပက်ဖြန်းပေးပါ။ ခူးယူခြင်း ရိတ်ခါနီးတွင် ရေကို အခင်းအတွင်း (၅) လက်မသို့ လျှော့ချပြီး၊ ကန်ဇွန်းညွှန့်များကို ရိတ်သိမ်းရမည်။ ကျန်နေသော ကန်ဇွန်းငုတ်များသည် ရေပေါ်တွင် (၂ (၃) လက်မပေါ်နေရမည်။ ကန်ဇွန်းပင်များကို စိုက်ပြီး (၆ဝ-၁၂ဝ) ရက်ကြာလျှင် ရိတ်သိမ်းနိုင်သည်။ တဧကလျှင်ကန်ဇွန်း ပိဿာချိန် (၅၀၀-၁၀၀၀)အထိ ထွက်နိုင်သည်။ ရိတ်သိမ်းပြီး (၁-၂) ရက်အတွင်း ရောင်းရပါမည်။ ထိုင်ဝမ်ကန်ဇွန်း ကုန်းကန်ဇွန်း စိုက်ပျိုးခြင်း ကိုထွန်ယက်ပြီး ၃ပေအကျယ်၊ အရှည်သင့်တင့်စွာထား၍ ၄လက်မ အမြင့်ဘောင်များပြုလုပ်ပါ။ တောင်ပေါ်တွင်အစေ့များကိုပင်ကြား၊ တန်းကြား (၄၆) လက်မထား၍တစ်ကျင်းလျှင် မျိုးစေ့ (၂- ၃ )စေ့ခန့်ကို လက်မဝက်အနက် မြုပ်၍ စိုက်ပါ။ ကျင်းများကို မြေဖြင့်ဖုံး၍ ကောက်ရိုး သို့မဟုတ် စပါးခွံ ၂ လက်မခန့် ထူထူဖုံးပေးပါ။ နှစ်ရက်သုံးရက်အတွင်း အပင်များပေါက်လာပြီး (၃-၄) ပတ်သားတွင် အပင်ရင်းမှဖြတ်၍ စားသုံး၊ ရောင်းချနိုင်သည်။ အပင်များဖြတ်ပြီး နွားချေးမြေဆွေး စသည်တို့ ထည့်ပေးလျှင် နောက်ထပ် (၇-၁၀)ရက် အတွင်းထပ်မံခူးယူနိုင်သည်။ ကန်ဇွန်းရွက်ကို (၃-၄) ကြိမ်မျှဆွတ်ခူးပြီးလျှင် နောက်ထပ်အသစ်ပြန်စိုက်နိုင်သည်။ လိုအပ်သည်။ အရွယ်အစား (၃x၂၀) ပေ ဘောင်တစ်ဘောင်အတွက် မျိုးစေ့ နို့ဆီတစ်ဘူးလိုအပ်ပါသည်။ ကိုးကား - ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းလမ်းညွှန် (FSWG)
ဆက်စပ်မေးခွန်းများ
အရွက်လောင်ရောဂါ ဘယ်လို နိမ်နှင်းမလဲ ။
ဖြေကြားချက် 1 ခု
ကန်စွန်းရွက် စိုက်ပျိုးနည်းနဲကြက်ဟင်းခါးပင်ဘယ်လိုစိုက်ကလည်အလင်ပြပေပါ
ဖြေကြားချက် 1 ခု
မြေသြဇာ ပေးနည်း
ဖြေကြားချက် 1 ခု
ကန်စွန်းရွက်မှာ ကျရောက်တဲ့ အဖြူရောင်ပြောက်တွေအတွက် ကာကွယ်နှိမ်နင်းနိုင်မယ့် အပင်ထွက်ဆေးဝါးများနှင့် ပြုလုပ်...
ဖြေကြားချက် 3 ခု
နိုက်ထရိုဂျင်(N)ကို အိမ်အနီးအနားကမည်သည့်ပစ္စည်းတွေနဲ့ အစားထိုးပြုလုပ်လို့ရလဲဗျ?
ဖြေကြားချက် 3 ခု