အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
234
လွန်ခဲ့သော ၂ နှစ် က · အိမ္မဲ

မဂ်လာပါဆရာတို မေးခွင့်ပြုပါဗျ ဆေးဖျန်ဗုံး၁ဗုံးကို ဆေးဘလောက်ccဘလောက်mlဘယ်နဇွန်းထည့်ရမာကို ဆေးaiကိုကြည့်ပီး...

မဂ်လာပါဆရာတို မေးခွင့်ပြုပါဗျ ဆေးဖျန်ဗုံး၁ဗုံးကို ဆေးဘလောက်ccဘလောက်mlဘယ်နဇွန်းထည့်ရမာကို ဆေးaiကိုကြည့်ပီး ပြေားတာလာဗျ ဆေးဘူးတေထည်းမှာရေးပြထားတာက သိမ့်မရှင်းသလိုရှိ့လို့ပါ အသေးစိတ်လေးရှင်းပြပေးပါလားဆရာတို

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုး ဗဟုသုတ ငရုတ်သီး ပိုးသတ်ဆေးအေအိုင်များ

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 13,001 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဟုတ်ကဲ့ပါခင်ဗျ ဆေးရဲ့ အေအိုင်နဲ့သုံးစွဲမယ့်သီးနှံအပေါ်လိုက်ပြီး သုံးစွဲရတဲ့ပမာဏကွာခြားသွားတာဖြစ်ပါတယ်ခင်ဗျ အသုံးမပြုခင်ဆေးဘူး သို့ အထုပ်ပေါ်ပါတဲ့အညွှန်းတွေကိုသေချာဖတ်ပြီးမှအသုံးပြုပေးပါခင်ဗျ

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

ဆေးပမာဏကaiပေါ်မူတည်ပြီးသုံးရမည့်ပမာဏကိုပေးထားတာပါဆေးရဲ့ai ပမာဏများရင်သုံးရမည့်ပမာဏနဲမယ်ai နဲရင်သုံးရမယ့်ပမာဏများမယ်

816 လွန်ခဲ့သော ၂ နှစ် က

‌ပုံမှန်အားဖြင့် ဆေးထုတ်တွေ၊ဆေးဗူးတွေမှာ အညွှန်းနဲ့‌ေရးထားတတ်ကြပါတယ်။ AIပေါ်မူတည်ပြီးဘယ်လောက်ဖျန်းရမယ်ဆိုပြီးအညွှန်းပါပါတယ်။ ဆေးဖျန်းပုံးတစ်ပုံးကို ဘယ်လောက် စီစီ၊ဘယ်လောက် ဂရမ်ထည့်ဖျန်းပါလို့ ရေးထားရင်တာ့ အဲ့ဒီအတိုင်းထည့်ဖြန်းလို့ရပါတယ်။ တစ်ချို့ဆေးတွေမှာတော့ တစ်ဧကဖျန်းရမဲ့နှုန်းထားကို ရေးကြပါတယ်။ ဥပမာ-100g/ဧက ၊200/ဧက အဲ့လိုရေးထားရင် တော့ ကိုဖျန်းမဲ့ ဆေးဖျန်းပုံးအ‌ေရအတွက်နဲ့ချိန်ပြီးထည့်ဖျန်းလို့ရပါတယ်။ ဥပမာ-100g/ဧက လို့ရေးထားရင် ၊မိမိက တစ်ဧက ကိုဆေးဖျန်းပုံး 4ပုံးဖျန်းမယ်ဆိုရင် ဆေးတစ်ပုံးကို 25ဂရမ်ထည့်ဖျနိးရမှာဖြစ်ပြီး ၊ တစ်ဧက 5ပုံးဖျန်းမယ်ဆိုရင် ဆေးတစ်ပုံးကို 20ဂရမ် ထည့်ဖျန်းရမှာဖြစ်ပါတယ်။ ပျမ်းမျှအ နေနဲ့ ဆေး မြင်း ခေါင်းဇွန်းတစ်ဇွန်းကို ဆေးအမှုန့်10g (၁၀ ဂရမ်)၊ ဆေးအရည်10cc(၁၀စီစီ) အဖြစ်မှတ်ထားလို့ရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။