အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,741
လွန်ခဲ့သော ၂ နှစ် က · ဒိုက်ဦး

ဆရာတို့ခင်ဗျာ စပါးဖုံးလုံး တဲ့အချိန် ခုပုံပါ (P) တစ်မျိုးထည်းပါတဲမြေသြဇာ သုံးလို့ရမလားခင်ဗျ့ (ဆောင်းပါးတစ်ပုဒ်...

ဆရာတို့ခင်ဗျာ စပါးဖုံးလုံး တဲ့အချိန် ခုပုံပါ (P) တစ်မျိုးထည်းပါတဲမြေသြဇာ သုံးလို့ရမလားခင်ဗျ့ (ဆောင်းပါးတစ်ပုဒ်ဖက်ဖူးလို့ စပါးအပင်ကြီးမှ တီစူပါ ကိုမြေသြဇာသုံးရင်အပင်ကမစားနိုင်ဘူးဆိုလို့) သုံးရမရနဲ့ ရရင်လည်းဘယ်လိုကောင်းကျိုးရမလည်းသိပါရစေ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၁၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
Post image

ဖြေကြားချက် ၄ ခု

4,741 လွန်ခဲ့သော ၂ နှစ် က

ဟုပ်ကဲဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်းပါတယ်ဆရာ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က

ဖုံးလုံးချိန်မှာလဲ.ပုလဲ​မြေသြဇာ ​ကျွေးဖို့လိုအပ်ပါတယ်။ ပန်းပွင့် သ​န္ဓေ​အောင်ဖို့ ဇီဝဖြစ်စဥ်မှာ နိုက်ထရိုဂျင်လိုအပ်ပါတယ်၊ ဆိုးကျိုး.နည်းပါတယ်။ နိုက်ထရိုဂျင်အရမ်းများရင်​တော့ အဖျဥ်းများတာမျိုးရှိနိုင်ပါတယ်၊

4,741 လွန်ခဲ့သော ၂ နှစ် က

မင်္ဂလာပါ ဒို့ဦးလေးခင်ဗျာ စပါးဖုံးလုံးချိန် ပုလဲ မြေသြဇာ ကြွေးလို့ရလား ကောင်းကျိုး ဆိုးကျိုးလေးသိပါရစေ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က

p က ​မြေကြီးထဲမှာ ဓါတ်ပြိုကွဲမှု​နှေးလို့ အပင်စားသုံးချိန် ​နောက်ကျပါတယ်။ ဒါ​ကြောင့် ​မြေခံကတည်းက ထည့်ဖို့ ညွှန်ကြားကြတာပါ။ ဖူံးလုံးချိန်​ကျွေးရင်၊ ၁လ​လောက်ကြာမှ စပါးပင်စားရတယ် ဆိုရင်၊ စပါးအတွက် စားသုံးချိန် နည်းပါလိမ့်မယ်။ ​နောက်သီးနှံအတွက်​တော့ အဆင်သင့်ဖြစ်​စေတာ​ပေါ့။ တဧက ၁အိတ်နုန်း ​ကျွေးပါ။ (​မြေခံအတွက်ဦးစား​ပေးပါ)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။