အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၂ နှစ် က · မိုင်းယောင်း

ကျွန်တော်စိုက်ပျိုးထားတဲ့အပင်က မန်ဂျန်ရှား(သစ်မာ)ဖြစ်ပါတယ်ခင်ဗျ။ အပင်(၃)နှစ်သားအစမှာပဲ ပုံမှာကျွန်တော်တင်ထား...

ကျွန်တော်စိုက်ပျိုးထားတဲ့အပင်က မန်ဂျန်ရှား(သစ်မာ)ဖြစ်ပါတယ်ခင်ဗျ။ အပင်(၃)နှစ်သားအစမှာပဲ ပုံမှာကျွန်တော်တင်ထားတဲ့ ပိုးဟတ်နှင်ဆင်တူတဲ့ ပိုးတစ်မျိုးက ပင်စည်ရဲ့အခေါက်ကြားကိုဝင်ပြီး စာသောက်နေထိုင်နေတဲ့သဘောမှာရှိပါတယ်။ ဒီအကောင်တွေက အရေခွံလဲတဲ့သဘာဝလဲရှိပါတယ်။ ကျွန်တော့အသိမိတ်ဆွေရဲ့အခင်းကတော့ ပင်စည်ရဲ့အောက်ပိုင်း (၃)ပေလောက်ကို ထုံသုတ်ကြည့်တယ် မထူးခြားပါဘူး။ ပိုးတွေက ခဏမူးဝေသွာတဲ့သဘောလောက်ပဲရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တောမေးချင်တဲ့ မေးခွန်းက ဘယ်လို ပိုးသတ်ဆေးသုံးရင်ရနိုင်မလဲ သိချင်ပါတယ်ခင်ဗျ။ရော်ဘာလို့ရွေးချယ်ထားတာက မန်ဂျန်ရှားက ဒီ app မှာရှာမတွေ့လို့ပါခင်ဗျ။

ပိုးမွှားရောဂါ ရော်ဘာ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

stem borer beetles ပင်စည်ထိုး ကျိုင်းတမျိုးပါ။ နိုင်ငံတကာမှာIPMနည်းကိုသုံးကြတာများပါတယ်။ ညမှာ မီးထွန်းပြီး မီး​ထောင်​ချောက်လုပ်တာမျိုး။ ကပ်ပါးမှို​မွေးမြူတာမျိုး။ စသဖြင့်​ပေါ့။ အ​ပေါက်ထဲကို ပရုပ်လုံးထည့်ပြီး ပိတ်ထားကြပါတယ်။ ကာဘိုဆာလဖန်ကို ​ရေတဂါလံ/၁၀.၅စီစီနုန်းဖျန်းပါ။ သိုင်ယာမိသိုဇင်+လမ်ဘဒါ ဖျန်းနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။