အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ွဝင့်ဝါဖြူ
လွန်ခဲ့သော ၈ နှစ် က · အင်းစိန်

လယ်တဧကကိုနွားချေးဘယ်လောက်ထည့်ရမလဲနွားချေးတမျိုးထဲထည့်ပြီးစိုက်ရင်ကောစပါးသီးမလားနွားတကောင်တနှစ်နွားချေးဘယ်လောက်ရနိုင်မလဲ

4

ဖြေကြားချက် ၄ ခု

ွဝင့်ဝါဖြူ
ွဝင့်ဝါဖြူ 697 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

ငမျိုး
ငမျိုး 31,246 လွန်ခဲ့သော ၈ နှစ် က
Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,153 လွန်ခဲ့သော ၈ နှစ် က

နောက်တစ်ခုက အချိန်ရရင် သစ်စိမ်းမြေသြဇာ ထည့်သွင်းစေချင်ပါတယ်။ https://greenwaymyanmar.com/posts/green-manure

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,153 လွန်ခဲ့သော ၈ နှစ် က

သဘာဝမြေသြဇာတွေမှာ တိကျတဲ့ နှုန်းထားမရှိပါဘူး။ သူတို့က ထည့်ရင်ထည့်သလောက် အကျိုးရှိပါတယ်။ အချို့ကတော့ ၆-၁၂ တန်လောက်ထိ ညွှန်းပါတယ်။ ၁ တန်ကို ပိဿာ ၆၀၀ လောက်ရှိပါတယ်။ သဘာဝမြေသြဇာရဲ့ အားသာချက်က ရေရှည်အာနိသင် ကျန်နေတာပါ။ ဥပမာ နွေဖရဲအတွက် ထည့်ခဲ့တဲ့ နွားချေးဓာတ်က မိုးစပါးမှာလည်း အဟာရ ပေးနေတုန်းပါပဲ။ ပြီးတော့ ဓာတ်မြေသြဇာတွေရဲ့ ဆန့်ကျင်ဘဲဖြစ်တဲ့ မြေကြီးမပျက်စီးအောင် ထိန်းပေးထားနိုင်ပါတယ်။ ဓာတ်မြေသြဇာ မသုံးတော့ဖို့ မပြောလိုပေမယ်ံ သဘာဝမြေသြဇာပိုသုံးရင် ဓာတ်မြေသြဇာ လျော့သုံးနိုင်ပါတယ်။ သီးနှံဈေးနှုန်းမတက်လာပေမယ်ံ့ ဓာတ်မြေသြဇာတွေရဲ့ ဈေးနှုန်းက ပိုကြီးလာပါပြီ။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။