ဖြေကြားချက် ၂ ခု
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဉီးဉီး
NPK ဓာတ်တွေပါတဲ့ သဘာဝမြေသြဇာအရည် (အရွက်ဖျန်း) ကိုပြည်တွင်းရှိပြီးဖြစ်တဲ့ သဘာဝပစ္စည်းတွေနဲ့ လွယ်လွယ်ပြုလုပ်သုံးစွဲနည်းလေးကို တင်ပြပေးလိုက်ပါတယ်။ 🔸လိုအပ်တဲ့ပစ္စည်းတွေကတော့ ….. (၁)ထမင်းခြောက် (စားကြွင်း၊ စားကျန် ပိုနေတဲ့ထမင်းရေဆေး နေလှန်း အခြောက်ခံထားတဲ့ပစ္စည်း) ကီလိုဝက်။ (၂) ဟင်းသီးဟင်းရွက် (ရောင်းမကုန်၊ ချက်ပြုတ်ပိုလျှံလွှင့်ပစ်ရမယ့်အသီးအရွက်အတိုအစများ) ကီလိုဝက်။ (၃) အုန်းစိမ်းရည် (၁၀) ဇွန်း။ (၄) EM (Effective Microorganism) တစ်ဇွန်း။ (၅)သကြားလေးဇွန်း။ (၆) ရေသန့်တစ်လီတာ။ 🔸ပြုလုပ်သုံးစွဲနည်း ..... ▪️ သန့်ရှင်းပြီး အဖုံးပါတဲ့ ဘူးတစ်ခုထဲသို့ နုပ်နုပ်စဉ်းထားတဲ့ ဟင်းသီးဟင်းရွက်အတိုအစများကိုထည့်ပါ။ ▪️ ထမင်းခြောက်ကီလိုဝက်ကိုထည့်ပါ။ ▪️ အုန်းစိမ်းရည် ၁၀ဇွန်း၊ EM တစ်ဇွန်း၊ သကြားလေးဇွန်း၊ ရေသန့်တစ်လီတာ တို့ကိုထည့်ပြီးနောက် သမသွားအောင်ကောင်းစွာမွှေပေးပါ။ ▪️ ပြီးရင်အဖုံးလုံအောင်ပိတ်ပြီး အရိပ်ထဲမှာ တစ်ပတ်ထားပါ။ ▪️ ရက်ပြည့်တဲ့အခါ စွပ်ကျယ်စ (သို့) ပိတ်ပါးစနဲ့စစ်ယူပြီး ရရှိတဲ့အရည်ကို အသုံးပြုနိုင်ပါတယ်။ ▪️ ဆေးဖျန်းပုံးတစ်ပုံးကို ရေအပြည့် လေးဂါလန်ခန့်ထည့်ပြီး ဆေးရည်စတီးဇွန်းငါးဇွန်း ထည့်ဖျန်းနိုင်ပါတယ်။ ▪️ အပင်ရင်း၊ ပင်စည်၊ အရွက်အားလုံး ဖျန်းနိုင်ပါတယ်။ ▪️ သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာအရည်ဖြစ်တဲ့အတွက် အရွက်လောင်တာမရှိနိုင်ပါ။ ▪️ NPK ၁၅ပတ်လည် ဓာတ်မြေသြဇာအရည်နဲ့ အာနိသင်ညီမျှတယ်လို့ဆိုပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းဆေးကမှိုသက်ဆေးနဲ့အားဆေးရောဖြန်းလို့ရလားဗျ။အလားတူပိုးသက်ဆေးနဲ့အားဆေးရောဖြန်းလို့ရလားဗျ။ပြောပြပေးပါဉီးဗျ။
ဖြေကြားချက် 4 ခု
ကွမ်းရွက်တွေအရင်ကတစ်ခါမှ မကြွပ်ဆတ်ဖူးဘူး အခုကြွပ်ဆတ်နေလို့ ဘာကြောင့်လဲဆရာတို့
ဖြေကြားချက် 3 ခု
ကချင်ပြည်နယ်မှာ ကွမ်းစိုက်လို့ရမရသိချင်ပါတယ်
ဖြေကြားချက် 3 ခု
ငါးအမိုင်နိုအပြင်းစားပြုလုပ်ပုံနဲ့ သူ့ရဲ့ အသုံးဝင်ပုံကို သိချင်ပါတယ်ဗျ သိတဲ့အကိုများ ပြောပြပေးကြပါ
ဖြေကြားချက် 6 ခု
EM (အီးအမ်)အပြင်းပြုလုပ်နည်းလေးသိပါရစေ ကိုယ်တိုင် လုပ်ချင်လုပ်ပါ
ဖြေကြားချက် 7 ခု