ပန်းထိမ်ငို ပြုစုစိုက်ပျိုုးနည်း သိချင်ပါတယ်
မျိုးဉ. လိုချင်ပါတယ်
ကျေးဇူးပါ
စိုက်ခင်းအဓိကပြသနာ စိုက်ခင်းတွင် အဓိကအားဖြင့် အမြစ်ပုပ် အူပုပ်ပြသာနာများဖြစ်သည်။ခြစ်စား ပိုးအနည်းငယ်လည်းကျတတ်ပါသည်။ အမြစ်ပုပ် ပင်စည်ပုပ်ရောဂါများသည် မျိုးမှပါလာတတ်ကြပြီး မြေဆောင်ရောဂါဖြစ်သွားတတ်ပါသည်။ထိုရောဂါကို ထိန်းသိမ်းရန် မျိုးဝယ်ယူရာတွင် အထူးဂရုပြုပြီး ဝယ်ယူခြင်း အချိန်ပေးပြီး ကိုယ်တိုင် ကိုင်းထိုးမျိုးခံခြင်းများပြုလုပ်သင့်ပါသည်။ဌင်းရောဂါကျရောက်ပါက အပင်များသေပျောက်ကာ နောက်ဆုံးတခင်းလုံးကူးတတ်ပါသည်။ ကုသခြင်းထက် ကာကွယ်မှသော ကောင်းမွန်သောရောဂါမျိုးဖြစ်ပါသည်။ထရိုင်ကိုဒါးမား မှိုကိုမွေးမြူထားခြင်းဖြင့် ရောဂါကျရောက်ခြင်းကို အသင့်အတင့် ကာကွယ်နိုင်ပါသည်။ကုသဆေးအနေဖြင့် forst ethyl aluminum ဖော့စ်အီသိုင်အလူမီယမ်ခေါ် ဆေးကိုမြေကြီးအတွင်းထည့်ကာ ကုသရပါမည်။ အရွက်များပျော့ ကာရိကျတတ်ပါသည်။မိုးများလွန်းသော အခြေအနေနှင့် အပင်ထူသော အခြေအနေဆုံပါက အဖြစ်များပါသည်။မြေချဉ်ကိန်းလည်း pH 5 အောက်ဆင်းနိုင်သဖြင့် မိုးဦကျတကြိမ် မိုးလယ်တကြိမ် ထုံးနှင့် ဂျစ်ပဆင် ကို ၄း၁ နှုန်းထည့်ထားသင့်ပါသည်။စိုထိုင်းစ လျော့ကျအောင် အထူးဆောင်ရွက်သင့်ပါသည်။ ကိုးကား - စိုက်ပျိုးနည်းများ
ဆက်စပ်မေးခွန်းများ
ပန်းထိမ်ငိုကို ဘယ် လ ကနေစတင်စိုက်ပျိုးသလဲခင်မျာဖြေပေးကြပါ ဘယ်ရာသီဥတုမှာစိုက်သလဲ မြေသြဇာ ဘာကျွေးရသလဲဗျ
ဖြေကြားချက် 1 ခု
ပန်းမျိုးဘယ်မှာရနိုင်မလဲ
ဖြေကြားချက် 2 ခု
ပန်းတိန်ငိုပန်း ဥပုတ်ရောဂါကိုဘယ်လို ကာကွယ် ကုသ ရမလဲးသိ့သူများ ဖြေကြားပေးကြပါ
ဖြေကြားချက် 1 ခု
ပန်းတိမ်ငိုစိုက်ပျိုးနည်းသိချင်ပါတယ်
ဖြေကြားချက် 0 ခု
အပင်ပြုပြင်ထိန်းသိမ်းနည်းလေးသိချင်တယ်
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။