အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,931
လွန်ခဲ့သော ၂ နှစ် က · လယ်ဝေး

ဆရာတို့မိုးနှမ်းကြဲချင်လို့အထွက်နှုန်းကောင်းပြီးစျေးလည်းကောင်းရောဂါဒဏ်ခံနိုင်တဲ့မျိုးလေးလန်းညွှန်ပေးပါဆရာ

စိုက်ပျိုးနည်း နှမ်း နှမ်းမျိုး

ဖြေကြားချက် ၃ ခု

233 လွန်ခဲ့သော ၂ နှစ် က

ဂျပန်နှမ်းဖြူစိုက်ပါ

4,931 လွန်ခဲ့သော ၂ နှစ် က

ကျေးဌူးပါဆရာမျိုးကိုဘယ်မှာဝယ်လို့ရလဲဆရာ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

ဆင်းရတနာ နှမ်းမျိုးများနှင့် အထွက်တိုးအောင်ဆောင်ရွက်ရမည့် နည်းလမ်းများ *********************************************** ဆင်းရတနာနှမ်းမျိုးများနှင့်အထွက်တိုးအောင်ဆောင်ရွက်ရမည့် နည်းလမ်းများ ကို လာမယ့် ဆောင်ရာသီ စိုက်ပျိုးချိန်အမီ တောင်သူဦးကြီးများအတွက် Pisaya  Info မှ  စုစည်းတင်ပြပေးလိုက်ပါတယ်။ #ဆင်းရတနာ ( ၃ ) ၁။ အသက်ရက်              - ၈၅ - ၉၀ ၂။ အပင်ပုံစံ                  - ကိုင်းဖြာ ၃။ အပင်အမြင့် ( cm )   - ၁၀၀ -၁၂၀ ၄။ ပန်းစတင်ပွင့်ရက်      - ၃၀ ရက် ၅။ အရွက်ထွက်ပုံ          - ရွက်လွှဲ ၆။ အသီးပုံသဏ္ဍာန်       - သီးပြား ၇။ အသီးအရှည် ( cm ) - ၂. ၇ ၈။ တစ်သီးပါအစေ့        - ၆၈ ၉။ အစေ့အရောင်         - အနက် ၁၀။ အစေ့တစ်ထောင် ( ဂရမ် ) - ၂. ၈ ဂရမ် ၁၁။ အထွက်နှုန်း ( တင်း ) - ၁၈ - ၂၆ ၁၂။ ဆီထွက်ရာခိုင်နှုန်း -  ၅၀ ၁၃။ အစေ့ငုတ်ချိန်       - မရှိ ၁၄။ အလင်းရောင်တုန့်ပြန်ချိန် - မရှိ ၁၅။ စိုက်စနစ်               - ၁၅’’ × ၄’’တစ်သိန်းလေးထောင် ၁၆။ အသီးထွက်မှုပုံစံ  - စုံတက် ၁၇။  ထူးခြားချက်      - ရေငတ်ဒဏ်ခံနိုင်သည်။ အထွက်နှုန်းကောင်း။ #ဆင်းရတနာ ( ၄ ) ၁။ အသက်ရက်              - ၈၀ - ၈၅ ၂။ အပင်ပုံစံ                  - တပင်တိုင် ၃။ အပင်အမြင့် ( cm )   - ၈၀ -၁၂၀ ၄။ ပန်းစတင်ပွင့်ရက်      - ၂၉ ရက် ၅။ အရွက်ထွက်ပုံ          - ရွက်လွှဲ ၆။ အသီးပုံသဏ္ဍာန်       - သီးပြား ၇။ အသီးအရှည် ( cm ) - ၂. ၇ ၈။ တစ်သီးပါအစေ့        - ၆၀ - ၈၀ ၉။ အစေ့အရောင်         - အဖြူ ၁၀။ အစေ့တစ်ထောင် ( ဂရမ် ) - ၃. ၀ ဂရမ် ၁၁။ အထွက်နှုန်း ( တင်း ) - ၁၅ - ၂၂ ၁၂။ ဆီထွက်ရာခိုင်နှုန်း -  ၄၅ - ၄၆ ၁၃။ အစေ့ငုတ်ချိန်       - မရှိ ၁၄။ အလင်းရောင်တုန့်ပြန်ချိန် - မရှိ ၁၅။ စိုက်စနစ်               - ၁၅’’ × ၂’’ အပင်ဦးရေ နှစ်သိန်းကျော် ၁၂’’ × ၄’’ တစ်သိန်းခုနှစ်သောင်းခန့် ၁၆။ အသီးထွက်မှုပုံစံ  - ပဒေသာသီး ၁၇။  ထူးခြားချက်      - မိုးကြိုရာသီတွင် ရေသွင်းစိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။ ရေကောင်းမြေကောင်းကြိုက် စုပ်ပိုးနှင့်နှမ်းဖိုရောဂါဒဏ်ခံနိုင်။ ယိုင်လဲမှုဒဏ်ခံနိုင်သည်။ #ဆင်းရတနာ ( ၅ ) ၁။ အသက်ရက်              - ၈၀ - ၈၅ ၂။ အပင်ပုံစံ                  - ကိုင်းဖြာ ၃။ အပင်အမြင့် ( cm )   - ၁၀၀ -၁၂၀ ၄။ ပန်းစတင်ပွင့်ရက်      - ၃၅ ရက် ၅။ အရွက်ထွက်ပုံ          - ရွက်လွှဲ ၆။ အသီးပုံသဏ္ဍာန်       - သီးပြား ၇။ အသီးအရှည် ( cm ) - ၂. ၅ ၈။ တစ်သီးပါအစေ့        - ၆၅ ၉။ အစေ့အရောင်         - အဝါ ၁၀။ အစေ့တစ်ထောင် ( ဂရမ် ) - ၃. ၀ ဂရမ် ၁၁။ အထွက်နှုန်း ( တင်း ) - ၁၄ - ၂၃ ၁၂။ ဆီထွက်ရာခိုင်နှုန်း -  ၅၀ ၁၃။ အစေ့ငုတ်ချိန်       - မရှိ ၁၄။ အလင်းရောင်တုန့်ပြန်ချိန် - မရှိ ၁၅။ စိုက်စနစ်               - ၁၅’’ × ၄’’ တစ်သိန်းလေးထောင် ၁၆။ အသီးထွက်မှုပုံစံ  - ဝါးတက် ၁၇။  ထူးခြားချက်      - ရေသွင်းနှမ်း ဆည်ရေသောက်ေးသများနှင့်သင့်တော်သည်။ အပူဒဏ်ခံနိုင်။ သက်လျင်အထွက်ကောင်းမျိုး။ နှမ်းပန်တိုင်အထွက်နှုန်းတိုးရန်ဆောင်ရွက်ရမည့်နည်းလမ်းများ ၁။ မိုးကြိုးထယ်ရေးပြုလုပ်ပါ။ ၂။ မိုးရွာလျှင်ရွာခြင်း မြေပြုပြင်ရာတွင်ထယ်နက်နက်ထိုးပြီး ထွန်ရေးညက်အောင်ပြုလုပ်ပါ။ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ၃။ စိုက်ထယ်ရေးပြင်ချိန်တွင် တစ်ဧကလျှင် နွားချေးဆွေး ( ၁ ) တန်မှ ( ၃ ) တန်အထိ ထည့်ပေးပါ။ ယူရီးယား ( ၅၆ ) ပေါင်၊ တီစူပါ ( ၅၆ ) ပေါင်၊ ပိုတက် ( ၅၆ ) ပေါင်ကိုညီညာစွာ ထည့်ပေးပါ။ ၄။ ထွန်ရေးရပြီးလျှင် မြေညီရန် ကြမ်းတုံးရိုက်ပါ။ ၅။ မိုးနှမ်းကို မေလ နှင့်  ဇွန်လအတွင်း၊ ဆောင်းနှမ်းကို စက်တင်ဘာလကုန်အတွင်း၊ နွေနှမ်းကို ဖေဖော်ဝါရီ ( ၁၅ ) မှ၊ မတ်လ ( ၁၅ ) ရက်အတွင်းအပြီးစိုက်ပျိုးပါ။ ၆။ အထွက်ကောင်းမျိုးများဖြစ်သည့် ဆင်းရတနာ -၃ ၊ ဆင်းရတနာ -၄ ၊ ဆင်းရတနာ - ၅ နှင့် နှမ်းနီ ( ၂၅/ ၁၆၀) ကြယ်မရှောင်မျိုးများကို အသုံးပြုပါ။ ၇။ ကိုင်းဖြားသောမျိုးကို တန်းကြား ( ၁၅ ) လက်မ၊ တစ်ပင်တိုင်မျိုးကို ( ၁၂ ) လက်မ စိုက်ကြောင်းဆွဲချပြီး တစ်ပင်နှင့်တစ်ပင်ကြား ( ၄ ) လက်မထား၍ သားခွဲရန်။ ၈။ မျိုးစေ့ကို ( ၁-၁.၅) လက်မအတွင်း ၇ရှိအောင် ဆောင်ရွက်ပါ။ ၉။ ပုံမှန်အရွက် ( ၄ - ၆ ) ရွက် ထွက်ချိန် အပင်သက်တမ်း ( ၂ ) ပတ်သားတွင် တစ်ကျင်းတစ်ပင်ချန် သားခွဲခြင်း ဆောင်ရွက်ပါ။ ၁၀။ အပွင့်စပွင့်ချိန်တွင် ယူရီးယား ( ၂၈ ) ပေါင်နှင့် ပန်းမြိုင်မြိုင်ပွင့်ချိန်တွင် ယူရီးယား ( ၂၈ ) ပေါင် ထည့်သွင်းပါ။ ၁၁။ နှမ်းသားခွဲပြီးချိန်မှ အပွင့်စပွင့်ချိန်ထိ ဇိစစူပါ ရွက်ဖျန်းမြေသြဇာကို တစ်ပတ်ခြားတစ်ကြိမ် ဖျန်းပေးပါ။ ၁၂။ မိုးရွာသွန်းပြီး မြေထန့်ချိန်တွင် ကြားလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းများဆောင်ရွက်ပါ။ အပင်ပေါက်သည်မှ ( ၃၀ ) ရက်အတွင်း ပေါင်းမြက်ကင်းအောင် ဆောင်ရွက်ပါ။ ၁၃။ နှမ်းသည် ရေဝပ်ခြင်းကို လုံးဝမနှစ်သက်သဖြင့် ရေသွင်းရေထုတ် လွယ်ကူစေရန် ရေထုတ်မြောင်းများ၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ပါ။ ၁၄။ အပွင့်စပွင့်ချိန်မှ အပွင့်တိတ်ချိန်အတွင်း ရေလိုအပ်မှုမရှိစေရန် လိုအပ်ပါက ရေသွင်းပါ။ ၁၅။ အပင်ငယ်စဉ်တွင် စုပ်ပိုးများနှင့် နှမ်းဖိုရောဂါ ကူးစက်စေသော ဖြုတ်ညိုတို့အား ထိရောက်စွာ ကာကွယ်ပါ။ ၁၆။ နှမ်းရိုးမဲ ရောဂါအတွက် မှိုသတ်ဆေးများသုံးစွဲ၍ ကြိုတင်ကာကွယ်ပါ။ ၁၇။ အပင်အောက်ပိုင်းရှိ စီးတောင့် ( ၄ - ၅ ) သီးခန့် ဝါလာလျှင် သို့မဟုတ် အလယ်သီးများအား ခွဲကြည့်၍ အရောင်ရင့်ပါက ရိတ်သိမ်းပါ။ ၁၈။ နှမ်းထောင်စနစ်ကို အသုံးပြု၍ အလေအလွင့်နည်းအောင် ရိတ်သိမ်းပါ။ ၁၉။ နှမ်းပုံချိန်နှင့် နှမ်းထောင်ချိန်တွင် နှမ်းစေ့စုပ်ပိုးဖြစ်သော ( Blacl Bug )များ ကျရောက်တတ်၍ အဆိပ်အတောက်ကင်းသော ဟင်းသီးဟင်းရွက်ဖျန်းဆေးများသုံးစွဲ၍ ချက်ခြင်းနှိမ်နင်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။