အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
870
လွန်ခဲ့သော ၇ နှစ် က · မြောက်ဥက္ကလာပ

ဝဥ ကိုစီးပွားဖြစ်‌စိုက်‌ပျိုးလိုပါတယ်‌ စိုက်‌ပျိုးနိုင်‌မယ်‌‌့မြေ‌နေရာ၊ရာသီဥတု၊‌ဈေးကွက်‌အ‌ခြေအ‌နေသိချင်‌ပါတယ်

စိုက်ပျိုးနည်း ဝဥ
5

ဖြေကြားချက် ၅ ခု

870 လွန်ခဲ့သော ၇ နှစ် က

‌ကျေးဇူးပါ 13.11.2018 ‌နေ့မှာ ဖုန်‌းဆက်‌ချင်‌ပါတယ်‌

290 လွန်ခဲ့သော ၇ နှစ် က

ဝဥစိုက်ပျိုးမယ်ဆိုရင် မိုးရေချိန်များပြီးစွပ်စိုသောဒေသတွေမှာပိုမိုဖြစ်ထွန်းပါတယ်။ လိုအပ်ပါကအောက်ပါလိပ်စာကိုဆက်သွယ်လို့ရပါတယ်။ ဇော်လင်းထက် ရွာငံဒေသ ၀၉၄၂၈၃၇၅၆၉၁။

870 လွန်ခဲ့သော ၇ နှစ် က

‌ကျေးဇူးတင်‌ပါတယ်‌

လွန်ခဲ့သော ၇ နှစ် က

(က) မြေပြုပြင်ခြင်း ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းပြီး ထယ်(၁)လွှာ၊ ထွန်(၂)လွှာ ရပါမယ်။ ပြီးရင် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ရပါမယ်။ (ခ) စိုက်ပျိုးခြင်း တန်းကြား(၄)ပေ၊ ပင်ကြား(၂)ပေ စိုက်ပါ။ တစ်ဧကလျှင် အပင်ပေါင်း (၅၄၄၅)ပင် ဝင်အောင် စိုက်သင့်ပါတယ်။ (ဂ) မြေချခြင်း မိုးဦးရာသီမေလမှာ စတင် စိုက်သင့်ပါတယ်။ ၆ လက်မx၆ လက်မx ၆ လက်မ စိုက်ကျင်းပြင်ပြီး အပေါ်ရံမြေ ၂ လက်မ -၃ လက်မ လောက် မြေဖုံးဖိရုံ စိုက်ပျိုးရတယ်။ မြေကြီးထဲ လွန်စွာ နစ်အောင် မြှုပ်မစိုက်ရပါဘူး။ (ဃ) အပင် ပြုစုခြင်း အညွန့်ထွက်ပြီး၊ မြေပေါ် အပင်ပိုင်း ကြီးထွားလာရင် ပေါင်းသင်၊ မြေဆွ၊ မြေဘောင်လုံးပေးရပါတယ်။ ရေမဝပ်ဖို့ အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အရိပ်မရှိက ၆၀% အရိပ်ရအောင် လုပ်ပေးသင့်ပါတယ်။ (၆) စိုက်ပျိုးဖို့ မျိုး ဘယ်လိုယူမလဲ 1. ၃၀ကျပ်သား အရွယ်ရှိ ဝဥကို တိုက်ရိုက်ချ၍ စိုက်ပျိုးခြင်း။ 2. ၁ပိဿာခန့်ရှိ ဥများကို ၄စိတ် အညီ ခွဲခြား စိုက်ပျိုးခြင်း။ 3. ဝဥပန်းခိုင်မှ ထုတ်လုပ် ရရှိသော မျိုးစေ့များကို သဲစိုဘောင်ဖြင့် ပျိုးခြင်း။ 4. မြေကြီးထဲရှိ ဝဥမကြီးပေါ်က အဖုများကို ဖဲ့၍ စိုက်ပျိုးခြင်း။ 5. အရွယ်မှ အသီးများကို ပျိုးထောင် စိုက်ပျိုးခြင်း။ (၇) ဘာကြောင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ဖို့ လိုတာလဲ??? · သဘာဝတောထဲမှ တူးဖော် စုဆောင်းခြင်းဖြင့် ဝဥ၏ ဘဝစက်ဝန်း ပျက်စီး၍ မျိုးသုန်းသည်အထိ ကြုံတွေ့နိုင်ပါသည်။ · သဘာဝတောထဲကနေ စုဆောင်းတဲ့ အတွက်ရောင်းတန်းဝင် အဆင့်မီ ဝဥများ လိုသလောက် မရနိုင်ဘူး။ · အချိန်မတိုင်မီ အလုအယက် တူးဖော်ကြလို့ အရွယ်သေးတဲ့ မျိုးဥများ ပါဝင်ပြီး အလေအလွင့် ဖြစ်စေလို့ မြန်မာပြည် အချို့ဒေသတွေမှာ မျိုးသုန်းတဲ့ အန္တရာယ် ကျရောက်နေပါတယ်။ ဒါကြောင့် စိုက်ပျိုး ထုတ်လုပ်ဖို့ လိုပါတယ်။ ၈) တူးဖော် ရိတ်သိမ်းကြစို့ ဆောင်းရာသီ၊ နိုဝင်ဘာလ- ဒီဇင်ဘာလတွင် မြေပေါ် ပင်ပိုုင်း ညှိုးခြောက်သွားချိန်၌ တူးဖော် ရိတ်သိမ်းရပါတယ်။ ဥများ ထိခိုက် ဒဏ်ရာမရအောင် ဂရုစိုက်ရမယ်။ တစ်ဧက စိုက်ပါက ဝဥ အစို ၁၀တန်( ၅၆၀၀ ပိဿကျော်) မှ၁၅တန်(၈၄၀၀ ပိဿကျော်) ရနိုင်ပါတယ်။ တူးဖော်ပြီး ၃ရက်ထက် ပို၍ အခြောက် မထားသင့်ပါ။ အရိပ်ရလေသလပ်ရာတွင် သိုလှောင်ထားရပါမယ်။ အခြောက်ခံပါက ဝဥခြောက်၂တန်မှ ၃တန် ရနိုင်ပါတယ်။ (၉) အကျိုးအမြတ် တွက်ကြည့်ရအောင် · စတင် စိုက်ပျိုးတာကနေ ရိတ်သိမ်းသည်အထိ တစ်ဧကကိုကျပ်၅သိန်းခန့် ကုန်ကျပါတယ်။ · တစ်ဧကကို ဝဥအခြောက်၂တန် (ပိဿ ၁၁၀၀ခန့်) ထွက်ရှိရင် ကျပ်၁၅.၂သိန်း ပြန်ရနိုင်တာကြောင့် အကျိုးအမြတ် အများကြီး ရနိုင်ပါတယ်။ · နှစ်ရှည်ပင်တွေကြားမှာ ကြားသီးနှံ အနေနဲ့ စိုက်လို့ ရတယ်။ · နောက်နှစ်တွေမှာ မျိုးဖိုးနဲ့မြေပြုပြင်ခတွေလျော့သွားနိုင်ပါတယ်။ မျိုး ထုတ်လုပ်ပြီးရောင်းလို့လည်း ဝင်ငွေ ရနိုင်ပါတယ်။ · မြန်မာပြည်မှာ(၈)မျိုးလောက်ရှိပြီး အဓိက ပါဝင်တဲ့ အဖိုးတန် Glucomannan ပါဝင်မှု များတဲ့ အတွက် အမျိုးအစားကောင်းမွန်လို့ အလားအလာရှိတ ဲ့ပို့ကုန်တစ်ရပ် ဖြစ်ပါတယ်။ ကိုးကား- ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီး ဌာန၊ သစ်တောဦးစီး ဌာန၊ တိုးချဲ့ပညာပေးရေး ဌာန

လွန်ခဲ့သော ၇ နှစ် က

ဝဥစိုက်ပျိုးနည်းကိုဖော်ပြလိုက်ပါတယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။