အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,385
လွန်ခဲ့သော ၇ နှစ် က · ပန်းတနော်

ဝဥ စိုက်ပျိုးနည်းလေးသိချင်လို့ပါ

စိုက်ပျိုးနည်း ဝဥ
4

ဖြေကြားချက် ၄ ခု

870 လွန်ခဲ့သော ၇ နှစ် က

‌ကျေးဇူးတင်‌ပါတယ်‌။ဝဥမျိုးဥ ၃၀ သား အရွယ်‌များဝယ်‌လိုပါတယ်‌၊ လမ်‌းညွှန်‌ပြပါအုံး။

2,385 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးတင်ပါတယ်

31,241 လွန်ခဲ့သော ၇ နှစ် က
406 လွန်ခဲ့သော ၇ နှစ် က

(က) မြေပြုပြင်ခြင်း  ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းပြီး ထယ်(၁)လွှာ၊ ထွန်(၂)လွှာ ရပါမယ်။ ပြီးရင် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ရပါမယ်။ (ခ) စိုက်ပျိုးခြင်း တန်းကြား(၄)ပေ၊ ပင်ကြား(၂)ပေ စိုက်ပါ။ တစ်ဧကလျှင် အပင်ပေါင်း (၅၄၄၅)ပင် ဝင်အောင် စိုက်သင့်ပါတယ်။  (ဂ) မြေချခြင်း မိုးဦးရာသီမေလမှာ စတင် စိုက်သင့်ပါတယ်။ ၆ လက်မx၆ လက်မx ၆ လက်မ စိုက်ကျင်းပြင်ပြီး အပေါ်ရံမြေ ၂ လက်မ -၃ လက်မ လောက် မြေဖုံးဖိရုံ စိုက်ပျိုးရတယ်။ မြေကြီးထဲ လွန်စွာ နစ်အောင် မြှုပ်မစိုက်ရပါဘူး။ (ဃ) အပင် ပြုစုခြင်း အညွန့်ထွက်ပြီး၊ မြေပေါ် အပင်ပိုင်း ကြီးထွားလာရင် ပေါင်းသင်၊ မြေဆွ၊ မြေဘောင်လုံးပေးရပါတယ်။ ရေမဝပ်ဖို့ အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အရိပ်မရှိက ၆၀% အရိပ်ရအောင် လုပ်ပေးသင့်ပါတယ်။  (၆) စိုုက်ပျိုးဖို့ မျိုး ဘယ်လိုယူမလဲ  ၃၀ကျပ်သား အရွယ်ရှိ ဝဥကို တိုက်ရိုက်ချ၍ စိုုက်ပျိုးခြင်း။ ၁ပိဿာခန့်ရှိ ဥများကို ၄စိတ် အညီ ခွဲခြား စိုက်ပျိုးခြင်း။ ဝဥပန်းခိုင်မှ ထုတ်လုပ် ရရှိသော မျိုးစေ့များကို သဲစိုဘောင်ဖြင့် ပျိုးခြင်း။ မြေကြီးထဲရှိ ဝဥမကြီးပေါ်က အဖုများကို ဖဲ့၍ စိုက်ပျိုးခြင်း။ အရွယ်မှ အသီးများကို ပျိုးထောင် စိုက်ပျိုးခြင်း။   (၇) ဘာကြောင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ဖို့ လိုတာလဲ??? သဘာဝတောထဲမှ တူးဖော် စုဆောင်းခြင်းဖြင့် ဝဥ၏ ဘဝစက်ဝန်း ပျက်စီး၍ မျိုးသုန်းသည်အထိ ကြုံတွေ့နိုင်ပါသည်။ သဘာဝတောထဲကနေ စုဆောင်းတဲ့ အတွက်ရောင်းတန်းဝင် အဆင့်မီ ဝဥများ လိုသလောက် မရနိုင်ဘူး။ အချိန်မတိုင်မီ အလုအယက် တူးဖော်ကြလို့ အရွယ်သေးတဲ့ မျိုးဥများ ပါဝင်ပြီး အလေအလွင့် ဖြစ်စေလို့ မြန်မာပြည် အချို့ဒေသတွေမှာ မျိုးသုန်းတဲ့ အန္တရာယ် ကျရောက်နေပါတယ်။ ဒါကြောင့် စိုက်ပျိုး ထုတ်လုပ်ဖို့ လိုပါတယ်။  (၈) တူးဖော် ရိတ်သိမ်းကြစို့ ဆောင်းရာသီ၊ နိုဝင်ဘာလ- ဒီဇင်ဘာလတွင် မြေပေါ် ပင်ပိုုုင်း ညှိုးခြောက်သွားချိန်၌ တူးဖော် ရိတ်သိမ်းရပါတယ်။ ဥများ ထိခိုက် ဒဏ်ရာမရအောင် ဂရုစိုက်ရမယ်။ တစ်ဧက စိုက်ပါက ဝဥ အစို ၁၀တန်( ၅၆၀၀ ပိဿကျော်) မှ၁၅တန်(၈၄၀၀ ပိဿကျော်) ရနိုင်ပါတယ်။ တူးဖော်ပြီး ၃ရက်ထက် ပို၍ အခြောက် မထားသင့်ပါ။ အရိပ်ရလေသလပ်ရာတွင် သိုလှောင်ထားရပါမယ်။ အခြောက်ခံပါက ဝဥခြောက်၂တန်မှ ၃တန် ရနိုင်ပါတယ်။ http://greenwaymyanmar.org/article/12195

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။