အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,393
လွန်ခဲ့သော ၇ နှစ် က · ကန်ကြီးထောင့်

ငါးပြေမဆေးထိုသားဖောက်နည်းနှင့်ဆေအမည်လေးညွန်ပေပါကျေးဇူပါ

သားပေါက်ပြုစုခြင်း ငါး
5

ဖြေကြားချက် ၅ ခု

7,437 လွန်ခဲ့သော ၇ နှစ် က

ယခု ဖော်ပြထားသော ဆေးထိုးသားဖောက်နည်းက သဘာဝငါးပြေမကို ပြောတာလား ။ မွေးမြူရေးငါးပြေမအတွက် ကို ပြောတာလား ခင်ဗျ ။ မွေးမြူရေးငါးပြေမအတွက်ဆိုရင် ဥအရေအတွက်က နည်းနေသလို ဖြစ်နေလို့ပါ ။ နားမလည်လို့ပါ ခင်ဗျာ ။ ရှင်းပြပေးစေချင်ပါတယ်...

လွန်ခဲ့သော ၇ နှစ် က

တာပေါ်လင်ကန်နဲ့ငါးပြေမငါးမှုံပြုစု လို့ရလား ဘယ်လိုပြုစုရင်အဆင်ပြေ နိုင်မလဲဆရာများကျေးဇူးပြု၍ဖြေးပေးလို့ရမလား

406 လွန်ခဲ့သော ၇ နှစ် က

မြေကန် နဲ့မွေးပါက အစာနှင့်ရေ ဂရုစိုက်မှု့ကောင်းပါက ၁၀ ကျပ်သား အထက် ရှိပါတယ်

1,975 လွန်ခဲ့သော ၇ နှစ် က

ထိုင်းငါးပြေမကြီးထွားနုန်း၃လမှာဘယ် လောက်ရှိနိုင်လဲ

အတည်ပြုပြီး 323,963 လွန်ခဲ့သော ၇ နှစ် က

ငါးပြေမ ဆေးထိုးသားဖောက်ခြင်း ငါးဆေးထိုးသားဖောက်ရန် ငါးပြေမအထီး(၂)ကောင်လျှင် အမ (၁)ကောင်နူန်း အသုံးပြုရမည်။ ဟိုမုန်းအဖြစ် ငါး၏ ပီကျူတရီဂလင်း Pituitary gland သို့မဟုတ် Ovaprim သို့မဟုတ် Suprefect ကို အသုံးပြုကြရပါမည်။ နူန်းထားမှာ ငါး၏ပီကျူတရီဂလင်း ၇-၁၂ မီလီဂရမ်/ကီလိုဂရမ်(ငါးအလေးချိန်)နူန်းဖြင့်လည်းကောင်း၊ Ovaprim) မိုက်ခရိုဂရမ်နူန်း ဖြင့်လည်းကောင်း၊ ငါးအလေးချိန် တစ်ကီလိုဂရမ်လျှင် Superfect အား ၁၀-၂၀ မီလီဂရမ်နူန်းဖြင့် လည်းကောင်း၊ ငါး၏အရေပြားအောက်အသားတွင်းသို့ ငါးထီး၊ ငါးအမ(၂)မျိုးလုံးတါင် ထိုးသွင်းပေးရပါမည်။ ငါးဆေးထိုး ပြီးနောက် ၆ နာရီအကြာတွင် သဘာဝအတိုင်း ငါးများမိတ်လိုက်ကြပြီး သန္ဓေအောင်သောငါးဥများ ရရှိပါမည်။ ငါး ကိုယ်အလေးချိန် တစ်ဂရမ်တွင် ငါးဥ အလုံးရေ ၃၅၀-၄၀၀ လုံးအထိ သန္ဓေအောင်မြင်ကြပါသည်။ သန္ဓေအောင်ပြီး ငါးပြေမများသည် အရောင်ကြည်လင်ပြတ်သား၍ ငါးဥအရွယ်အစားမှာ ၀ ဒသမ ၈ – ၀ ဒသမ ၉ မီလီမီတာအချင်းရှိပါသည်။ ငါးပြေမဥများသည် ရေမာဥ (Water Harden Egg) ဖြစ်ချိန်တွင် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေပါမည်။ သန္ဓေအောင်ငါးဥများကို ဥဖောက်လှောင်ကန်( Hatching Jar) အတွင်း ပြောင်းရွှေ့သားဖောက် ရပါမည်။ ငါးဥမှ အကောင်ပေါက်ရန် (၁၂-၁၆) နာရီကြာပါမည်။ ရေအပူချိန်ပေါ်မူတည်၍ ငါးဥမှ အကောင်ပေါက်ရန် ကြာချိန်ကွာခြားနိုင်ပါသည်။ မွေးမြူနည်းအသေးစိတ်ဖတ်ရန် နှိပ်ပါ - https://greenwaymyanmar.com/posts/climbing_perch_fish_farming

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။