အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၇ နှစ် က · မုံရွာ

ပေါင်းရှင်းပီး အပင်ခြေဝိုက်ဖုံးထားတယ်။ အကျိုးပြု မပြု ပြောပေးကြပါခင်ဗျာ။ အပင်ကျန်သေးလို့ပါ။

စိုက်ပျိုးနည်း သံပုရာ
Post image
Post image
Post image
3

ဖြေကြားချက် ၃ ခု

9,357 လွန်ခဲ့သော ၇ နှစ် က

၁- အပင်ခြေရင်းနဲ့ ၁ပေ ခွါပြီးဖုံးပါ ၂- အပင်အရိပ်ကျသည့်နေရာအထိ ဖုံးပေး သင့်သည် ၃- မြေဖုံးအမျိုးအစားအလိုက် အမြင့် မထူမပါး သင့်တင့်ယုံဖုံးပေးပါ ၄- အဓိကအားဖြင့် အပင်ခြေရှိ ပင်စည် အရွက် တို့ကို ထုံးရည် ဖျော်စပ်ပြီး မှိုရောဂါ ကြိုတင်ကာကွယ်ရန် ဖြန်းပေးပါ

9,357 လွန်ခဲ့သော ၇ နှစ် က

အပင်ခြေရင်းနားဘဲ ပုံထားရင်တော့ ဖလံမကနေ ကူးစက်တတ်တဲ့ မှိုင်းမှိုရောဂါ/ ဖားဥမှို/ ပျပိုး နဲ့ အပင်အမြစ် ကြွက်ကိုက် တတ်ပါတယ် ပင်ခြေမှာပဲ စုပုံရင် တခါတရံ မြွေနဲ့ အန္တာရာယ်ရှိတဲ့ သတ္တဝါ တွေ ခိုအောင်းတတ်ပါတယ် တတ်နိုင်ရင်တော့ ဆောင်းနဲ့နွေမှာ တခြံလုံး မထူ/ပါးလွန်းအောင် ဖုံးပေးသင့်ပါတယ်

9,357 လွန်ခဲ့သော ၇ နှစ် က

အပင်ခြေရင်းနား စုပုံမထားဘဲနဲ့ အရွက်ထိပ်ဖျားအစွန်းအထိကို သေချာ လုံအောင်ဖုံးနိုင်ရင် အဆင်ပြေပါတယ်

You

ဆက်စပ်မေးခွန်းများ

သံပုရာခြံကောင်းကောင်းတခုဖြစ်ဖို့ အပင်ပျိုးနည်း စိုက်နည်း အပင်ထိမ်းသိမ်းနည်းလေးတွေပြောပြပေးပါခင်ဗျာ အတွေ့အကြုံမ...

ဖြေကြားချက် 2 ခု

သံပုရာပင်လေးတွေစိုက်ထားတာပုံထဲက အတိုင်းဖြစ်ပြီးအပင်မတက်တော့ပါ။ ဘယ်လိုဆောင်ရွက်ရမလဲအကြံဉာဏ် ပေးပါခင်ဗျား။အပျော်...

ဖြေကြားချက် 4 ခု

အုန်းပင်ပု မျိုး ထိုင်းအခေါ်အုန်းချိုမွှေး မျိုးလိုချင်ပါတယ် ဘယ်မှာရနိုင်မလဲ

ဖြေကြားချက် 1 ခု

မကွေးတိုင်ဒေသကြီးမှာပျားလိမ္မော်စိုက်လို့အဆင်ပြေနိုင်လားရှင့်

ဖြေကြားချက် 1 ခု

ကုံကမံအပင်ပုံနှင့် စိုက်ပျိုးနည်း ဒေသ ရာသီဥတု အသုံးပြုပုံ ဈေးကွက်တို့ကိုပြောပြပေးပါရှင့်။

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။