အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
117
လွန်ခဲ့သော ၇ နှစ် က · သာယာဝတီ

ကုံကမံအပင်ပုံနှင့် စိုက်ပျိုးနည်း ဒေသ ရာသီဥတု အသုံးပြုပုံ ဈေးကွက်တို့ကိုပြောပြပေးပါရှင့်။

စိုက်ပျိုးစီးပွား သံပုရာ
3

ဖြေကြားချက် ၃ ခု

9,357 လွန်ခဲ့သော ၇ နှစ် က

၂၀၀၈ တုန်းက

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

Saffron °•°•°•°• . အလေးချိန်ချင်း တူရင် စဖရွန်ဟာ ရွှေထက် တန်ဖိုး ကြီးပါတယ်။ ဒီအကြောင်း သင် သိသွားလို့ အံသြသွားပြီး ငါရဲ့ ခြံထဲမှာ စိုက်လို့ ရလားလို့ သိချင်ပါလိမ့်မယ်။ စဖရွန် ကုံကုမံ ဥ (saffron crocus bulbs) ဟာ ဆောင်းရာသီမှာ ပန်းပွင့်တဲ့ အပင်ပါ။ ပန်းပွင့်ထဲက အမ ဝတ်ဆံချောင်းလေးကို ဇာဂနာနဲ့ ထုတ်ယူရပါတယ်။ အပွင့် တစ်ပွင့်ကို ဝတ်ဆံချောင်း ၃ ချောင်းပဲ ပါပါတယ်။ . စဖရွန် ဥကို သင် စိုက်လို့ မအောင်မြင်ဘူး ဆိုရင် သင် ဝယ်ယူခဲ့တဲ့ မျိုးဥဟာ ကောင်းမွန်စွာ သိမ်းဆီးထားခြင်း မရှိတဲ့ မျိုးဥ ဖြစ်နိုင်တယ်။ မျိုးဥကို ရပြီး ချက်ချင်း မစိုက်ပျိုးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျိုးဥကို ဆိုင်ကြီးတွေမှာ ဝယ်ယူတာက ပိုစိတ်ချရပါတယ်။ အပင် ရှင်သန်နှုန်း ပိုကောင်းပါတယ်။ . #စိုက်ပျိုးတဲ့နိုင်ငံများ . အီရန်၊ အိန္ဒိယ၊ အာဖဂန် နစ္စတန်၊ အီတလီ၊ ပြင်သစ်၊ နယူးဇီလန်၊ စပိန်၊ ပေါ်တူဂီ၊ ဂရိ၊ တူရကီ၊ ပန်ဆို ဗေးနီးယား၊ မော်ရိုကို၊ တရုတ်နိုင်ငံ အစိတ်အပိုင်း တချို့။ . #မြေအမျိုးအစား . မြေအမျိုးအစား မရွေး ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ စဖရွန် အတွက် အကောင်းဆုံး မြေအမျိုးအစားကတော့ ထုံးဓာတ် များမယ်၊ မြေဆွေး ဖြစ်မယ်၊ ရေ မဝပ်ဘူး၊ ချဉ်ငံနှုန်း pH က ၆ ကနေ ၈ ကြား ရှိတဲ့ မြေမျိုးဆိုရင် အကောင်းဆုံးပါပဲ။ . စဖရွန် ဥ (saffron corm) ဟာ လုံးဝ ခြောက်သွေ့ ဒါမှမဟုတ် တဝက်တပျက် ခြောက်သွေ့တဲ့ မြေ (dry or semi-dry soil) မှာ စိုက်ပျိုးလို့ ရပါတယ်။ ဆောင်းရာသီ (autumn) နဲ့ နွေဦးရာသီ (spring) မှာ ရေသွင်းပေးရပါမယ်။ ရေသွင်းတဲ့အချိန်နဲ့ မိုးရာသီ အချိန်တွေမှာ စိုက်ခင်းမှာ ရေမဝပ်စေဖို့ သတိပြုရပါမယ်။ ရေဝပ်ခြင်းက စဖရွန် ဥတွေကို ပုပ်စေပါတယ်။ . #ရာသီဥတု . ရာသီဥတု အပူချိန် ကွာဟချက်က ကြီးမားပါတယ်။ နွေရာသီမှာ အပူချိန်ဟာ 35˚C ကနေ 40˚C အတွင်း ရှိရမှာ ဖြစ်ပြီး ဆောင်းရာသီမှာတော့ အပူချိန်ဟာ ရေခဲအမှတ်အောက် -15˚C ကနေ -20˚C အတွင်း ရှိရမှာ ဖြစ်ပြီ အတွင်း ရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယဉ်စွန်းတန်း (ဥတ္တရ ယဉ်စွန်းတန်းနဲ့ ဒက္ခိဏ ယဉ်စွန်းတန်း ) ရာသီဥတု tropical climate typesမှာ စိုက်လို့ မရပါဘူး။ အဟဲ နားရှုပ်သွားလားတော့ မသိ၊ လွယ်လွယ် ပြောရရင် အပူပိုင်း ရာသီဥတုမှာ စိုက်လို့ မရပါဘူး။ ဒါ့ပြင် ဝင်ရိုးစွန်း ရာသီဥတု polar climate မှာလည်း စိုက်လို့ မရပါဘူး။ . တစ်နှစ် မိုးရေချိန် ၃၉ လက်မမှ ၅၉ လက်မအတွင်းမှာ စိုက်ပျိုးလို့ ရပါတယ်။ ရေလောင်းတာပဲ ဖြစ်ဖြစ်၊ သဘာဝ အလျောက် မိုးရွာတပဲ ဖြစ်ဖြစ် သီတင်း ၁ ပတ်မှာ မိုးရေချိန်ဟာ ၁ လက်မခွဲ မကျော်ရပါဘူး။ . #စိုက်ပျိုးခြင်း . စဖရွန် စိုက်တဲ့အခါ ဦးဆုံးအနေနဲ့ အပျိုစင် မြေကို ရွေးချယ်သင့်တယ်။ ဖြစ်နိုင်မယ် ဆိုရင် ၁၀ နှစ်အတွင်း ဘာပင်မှ မစိုက်ခဲ့ဖူးတဲ့ မြေ၊ စဖရွန် မစိုက်ခဲ့ဘူးတဲ့ မြေဆိုရင် အကောင်းဆုံးပေါ့။ စိုက်ဘောင်တွေဟာ ပွပြီ၊း လေ ကောင်းစွာ ဝင်ထွက် နိုင်ရပါမယ်။ သဘာဝ မြေသြဇာ ဖြည့်ဆည်းပေးရပါမယ်။ ဥမှ အရွက် ထွက်လာချိန်မှာ တစ်ကြိမ်တော့ ရေသွင်းပေးရပါမယ်။ . စိုက်သင့်တဲ့ အချိန်က ဇူလိုင်၊ သြဂုတ်၊ စက်တာဘာလတွေပါ။ လက်နဲ့ စိုက်လို့ ရသလို၊ စက်နဲ့လည်း စိုက်လို့ ရပါတယ်။ စိုက်ပြီး ၈ ပတ်လောက် အကြာ (အောက်တိုဘာနဲ့ နိုဝင်ဘာ လလယ်လောက်) မှာ အပွင့်က ဝတ်ဆံကို ဆွတ်ခူးနိုင်ပါတယ်။ စဖရွန် ဥတွေဟာ နေရောင်ကို ကိုးကွယ်ကြလို့ အရိပ်ထဲမှာ စိုက်တာထက် စာရင် ကွင်းပြင်တွေမှာ စိုက်တာ ပိုကောင်းပါတယ်။ . စိုက်ဘောင် အကျယ်က လက်မ ၃၀၊ စိုက်ဘောင်အမြင့် ၆ လက်မ မှ ၁၄ လက်မ အတွင်း၊ ဥ မြှုပ်ရမယ့် အနက် ၄ လက်မ မှ ၆ လက်မ၊ တစ်ပင်နဲ့ တစ်ပင် အကွာအဝေး ၂ လက်မ မှ ၄ လက်မ၊ တစ်တန်းနဲ့ တစ်တန်း အကွာအဝေး ၆ လက်မ။ တစ်ဘောင်နဲ့ တစ်ဘောင် အကွာအဝေး ၁၀ လက်မ စိုက်လို့ ရပါတယ်။ . #ပိုးမွှားအဖျက်အန္တရာယ် . ငှက်၊ ယုန်၊ ကိုက်ဖြတ်စား သတ္တဝါ၊ ဥပုတ်၊ အရွက် သံချေးတက် ရောဂါ၊ အမြစ်စား တီကောင် (nematodes) နဲ့ အခြားရောဂါတွေကို ကြိုတင်ကာကွယ် ရပါမယ်။ . #မျိုးဥယူခြင်း . စိုက်ပြီး ၄ နှစ်ကျော် ၅ နှစ်လောက်မှာ မျိုးဥ ယူလို့ ရပါပြီ။ စပိန်နဲ့ အီတလီမှာတော့ ဇွန်၊ ဇူလိုင်မှာ မျိုးဥ ယူပြီး ဂရိမှာတော့ မေနဲ့ ဇွန်လများမှာ မျိုးဥယူကြပါတယ်။ စဖရွန်ရဲ့ အရက်တွေဟာ အညိုရောင် သန်းပြီး ညှိုးလာရင် မျိုးဥတွေကို ဆွဲနှုတ်လို့ ရပါပြီ။ ဥတွေဟာ နေရောင်မှာ ၂ နာရီကျော် ထားလို့ မရပါဘူး။ မျိုးဥတွေကို နောက်ရာသီမှာ စိုက်ပျိုးဖို့ မှောင်ပြီး၊ ခြောက်သွေ့တဲ့ လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ သိမ်းဆည်းရပါမယ်။ . #ပေါင်းရှင်းခြင်း . ပေါင်းတွေ ဖယ်ရတဲ့ အလုပ်လောက် ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းတာ မရှိဘူး။ အထူးသဖြင့်တော့ အမြစ်ထိုးနေတဲ့ ပေါင်းတွေပေါ့။ လက်နဲ့ ဖယ်တာ ရှိသလို၊ စက်နဲ့ ဖယ်တာလည်း ရှိပါတယ်။ စက်နဲ့ ဖယ်တာက ဥတစ်ချို့ကို ပျက်စီးစေလို့ ရိုးရာအတိုင်း လက်နဲ့ ဖယ်ကြတာပဲ များပါတယ်။ အချိန်ကြာမှ ပေါင်းနှုတ်မယ် ဆိုရင် ကြာတာနဲ့ အမျှ ပိုမို ခက်ခဲပါတယ်။ . #ရိတ်သိမ်းခြင်း . အောက်တိုဘာလလယ်လောက်မှာ စဖရွန်တွေဟာ အပွင့် စတင်ပွင့်ပါတယ်။ ၃ ပတ်လောက် ကြာအောင် ပွင့်ပါတယ်။ အစွမ်းကုန် ပွင့်တဲ့ကာလကို စောင်ခြုံတဲ့ နေ့များ (blanket days) လို့ သမုတ်ကြပြီး ၂ ရက်ကနေ ၆ ရက်လောက် ကြာပါတယ်။ နေ့လယ်ချိန်မှာ အပွင့်တွေဟာ အိပ်နေကြလို့ အမ ဝတ်ဆံကို ပွင့်ချပ်တွေက ဖုံးအုပ်ထားကြပါတယ်။ ဒါကြောင့် ညအချိန်ကနေ နောက်နေ့ မနက် အာရုံတက်ချိန် အထိ အမဝတ်ဆံကို ဆွတ်ခူးရပါတယ်။ ဝတ်ဆံ ယူတဲ့အခါ အဖြူရောင်နဲ့ အဝါရောင် အပိုင်းတွေကို မယူဘဲ အနီရောင် အပိုင်းတွေကိုသာ ယူရပါတယ်။ . #အခြောက်ခံခြင်း . နောက်ဆုံးဝတ်ဆံ ခြောက်တဲ့အထိ နေ့စဉ် အခြောက်ခံရပါမယ်။ အခြောက်ခံရင် အပူချိန်ဟာ 60˚C ထက် ကျော်လို့ မရပါဘူး။ အခြောက်ခံ ပြီးရင်တော့ ဝတ်ဆံရဲ့ အရွယ်အစားနဲ့ အလေးချိန်ဟာ ၈၀% လောက် လျော့ကျသွားပါတယ်။ . စက်နဲ့ အခြောက်ခံရင်တော့ မီးဖို (oven) ထဲ အပူချိန် 50˚C မှာ ၁၀ မိနစ်ကနေ ၂၀ မိနစ်လောက်ထား၊ ပြီးတော့ မီးလုံးနဲ့ အပူပေးထားတဲ့ 30˚C ရှိသော အခန်းထဲမှာ ၁၀ နာရီမှ ၁၂ နာရီအထိ ထားရပါတယ်။ ခေတ်ပေါ်နည်းကတော့ ရေငွေ့စုပ်တဲ့ စက်ထဲမှာ အပူချိန် 48˚C နဲ့ ၃ နာရီ ကြာအောင် ထားခြင်း ဖြစ်ပါတယ်။ . အခြောက်ခံတဲ့ ပမာဏ အနည်းအများပေါ် မူတည်ပြီး အခြောက်ခံချိန်လည်း ကွာခြားပါတယ်။ အရေးကြီးဆုံး အချက်က စဖရွန် အမျှင်တွေကို တအား ခြောက်သွေ့စေရင် အရည်အသွေးနဲ့ စျေးနှုန်း ကျစေပါတယ်။ . #သိမ်းဆည်းခြင်း . အလူမီနံယံ စက္ကူနဲ့ အေးပြီး လေလုံတဲ့ ဗူးအတွင်း သိမ်းဆည်းမယ်။ မသုံးခင် မှောင်တဲ့နေရာမှာ အနည်းဆုံး ရက် ၃၀ ထားပြီးရင် သုံးနိုင်ပါပြီ။ ဒီလို သိမ်းဆည်းထားရင် တစ်နှစ်လောက်ကတော့ အေးဆေး သုံးလို့ ရပါတယ်။ . #ဥအရွယ်အစား . အကြီးအသေးပေါ် မူတည်ပြီး အဆင့်ခွဲပါတယ်။ နှစ်ပေါင်းများစွာ စိုက်ပျိုးလာတဲ့ အတွေ့အကြုံ အရ ဥကြီးရင် ပွင့်နှုန်းနဲ့ ထွက်နှုန်းပိုကောင်းပါတယ်။ . #တစ်ပေါင်ရဖို့အပွင့်ပေါင်း . စဖရွန် ဝတ်ဆံ အလေးချိန် ၁ ပေါင် (၂၈ ကျပ်သား နီးပါး) ရဖို့အတွက် ပန်းပွင့်ပေါင်း ၅ သောင်းကနေ ၇ သောင်းခွဲအထိ ခူးဖို့လိုမယ်။ . (စဖရွန် အကြောင်းကို လူအများ စိတ်ဝင်စားလို့ ဝက်ဆိုက်တွေ ပေါ်က စာတွေကို ဖတ်ပြီး အားလုံး ဗဟုသုတ ရအောင် တင်ပေးလိုက်ပါတယ်။ ဝန်ခံချင်တာက ဘွဲ့သာ ရခဲ့တယ်၊ အခုချိန်ထိ ဘိုင်အို မသင်ခဲ့ဘူးပါ။ လိုအပ်ချက် ရှိရင် ဝင်ရောက် ထောက်ပြခြင်းဖြင့် ကူညီနိုင်ပါတယ်။) Credit - ဆယ်မောက် သန်းလှိုင်

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

ကုံကုမံပင်သည် တစ်ပေခွဲခန့် မြင့်ပြီး ကြက်သွန်နီဥကဲ့သို့ ဥရှိသည်။ အရွက်သည် မြက်ကဲ့သို့ ရှည်ပြီး ပါးသည်။ တော်သလင်းနှင့် သီတင်းကျွတ်လတို့တွင် အပွင့်ပွင့်သည်။ အပွင့်တွင် ပွင့်ဖတ်အုံ ၃ ခုရှိပြီး အတွင်းတွင် ဝတ်ဆံ ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ အထက်တွင် စိုက်ပျိုးနိုင် နေရောင်ခြည် ၁၂ နာရီရရှိရန် လိုအပ်သည်။ မြေချဉ်ငန်ဓာတ် ၆-၈ အတွင်း စိုက်ပျိုးနိုင်ပြီး ရွံ့စေးဆန်သော မြေကြီးကို မကြိုက်နှစ်သက်ပါ။ ကိုးကား - wikipedia, https://www.agrifarming.in/saffron-farming/

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။