အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,152
လွန်ခဲ့သော ၂ နှစ် က · နောင်ချို

နားလည်တဲ့ပညာရှင်များခမျာ မေးခွန်းတစ်ခုလောက်မေးခွင့်ပြုပါဗျ ကျနော်ဟာစိုက်ပျိုးရေးကိုစိတ်ဝင်စားပါတယ် အိမ်ကလဲကြံ...

နားလည်တဲ့ပညာရှင်များခမျာ မေးခွန်းတစ်ခုလောက်မေးခွင့်ပြုပါဗျ ကျနော်ဟာစိုက်ပျိုးရေးကိုစိတ်ဝင်စားပါတယ် အိမ်ကလဲကြံစိူက်ပါတယ်ဗျ ကျနော်တွေ့နေရတာက ကြံတွေကိုရိတ်သိမ်းပြီးတဲ့ အချိန် ဆိုရင် မြေယာထဲမာကျန်ရှိနေတဲ့ ကြံရွက်ခြောက်တွေ ရိုးတံတွေ အားလုံးကို ကြံစိုက်တောင်သူတွေက မီးရှို့ပလိုက်ကြပါတယ် မေးချင်တာက မီးမရှို့ဘဲ အယ့်ကျန်ရှိနေတဲ့ ရိုးတံ ရွက်ခြောက်တွေကို တစ်ပတ်တစ်ခါ Emနဲ့ trichodermaနှစ်ခုလုံးကို ဖြန်းပေးခြင်းနည်းဟာ ယာခင်းကိုမီးရှို့တာထက်ပိုကောင်းပါသလား Emနှင့် trichodermaကို မိမိကိုယ်တိုင် အိမ်မာပွါးယူခြင်းနည်းတွေနဲ့ထုတ်လုပ်ပီး ပြန်အသုံးပြုမာပါဗျ ပိုးသိပ်ကျတဲ့အခင်းမဟုတ်ဖူးဆို အယ့်စိုက်ခင်းကို မီးမရှို့ဘဲ emနဲ့ trichodermaဖြန်းတာက ကောင်းပါသလား မီးရှိူ့လိုက်တဲ့အခင်းနဲ့ မီးမရှို့ဘဲ em trichodermaသုံးပီး ပြန်ထွက်တဲ့ကြံခင်းမာ ဘယ်အခင်းက ကိုကောင်းပါသလဲ မီးရှို့လိုက်တဲ့အခင်းက မြေထဲကျန်တဲ့ အမြစ်ကနေကြံပြန်ထွက်တာပါလား တကယ်၍ မီးမရှိူ့ဘဲ em trichodermaသုံးမယ်ဆိုအရွက်တွေကတော့ဆွေ့မြေ့သွားနိုင်မယ်ထင်တယ်ဗျ ပြန်ထွက်မည့်ကြံက ထိပ်ရိုးတံကနေပြန်ထွက်မာလားဗျ အယ့်တော့ မီးရှို့လိုက်တဲ့အခင်းက ထွက်တဲ့ကြံတဲ့ em trichodermaသုံးပီး ပြန်ထွက်တဲ့ကြံ ဘယ်အခင်းက ပိုကောင်းပါသလဲ မြေဆီလွာအတွက်ကော ကြံအတွက်ကောအားသာချက်အားနည်းချက်လေးတွေပြောပြပေးပါအူးဗျ မသိလို့အကြံဉာဏ်တောင်းခြင်းပါဗျ ခုမ စိုက်ပျိုးရေး လေ့လာနေတဲ့လူငယ်တစ်ယောက်ပါဗျ

မြေဆီလွှာ ကြံ စိုက်ပျိုးဗဟုသုတ

ဖြေကြားချက် ၄ ခု

117 လွန်ခဲ့သော ၂ နှစ် က

ခွေးတောက်ပင်စိုက်ထားပါတယ်၊အရွက်တွေပိုးကျလို့သြဂဲနစ်ဆေးဖျန်းလိုပါတယ်၊သြဂဲနစ်ဆေးဖေါ်စပ်ရန်လမ်းညွှန်ပေးစေလိုပါတယ်

1,152 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

အ​တွေးအ​ခေါ်​လေး​တွေ အလွန်​ကောင်းပြီး၊စိုက်ပျိုး​ရေးကိုစိတ်ဝင်စားတာ​တွေ့ရပါတယ်။ စိုက်ပျိုး​ရေး​ကျောင်း​​တွေ၊သင်တန်း​တွေ တက်သင့်ပါတယ်။ စိုက်ပျိုး​ရေးမှာ ဒီနည်း​ကောင်းတယ်။ဟိုနည်း​ကောင်းဆုံးလို့ ပုံ​သေကားချပ် မရှိပါဘူး။ မီးရှို့တာက သဘာဝပတ်ဝန်း အတွက်မ​ကောင်းပါဘူး။(​ရောဂါကျ​နေတဲ့အခင်းဆိုရင်​တော့ မီးရှို့ရပါတယ်) သဘာဝ​မြေသြဇာအတွက် ကြံပိုင်း​တွေ အရွက်​တွေကို ခုတ်ထစ်ပြီး အီးအမ်ဘိုကာရှီနည်းနဲ့ပြုလုပ်နိုင်မှ အဆင်​ပြေ​လောက်ပါတယ်။ အခင်းထဲ အီးအမ်၊ထရိုင်ကိုဒါးမားဖျန်းရုံမျှနဲ့ ချက်ခြင်း​ဆွေးဖို့၊​မြေ​ကောင်းဖို့ အဆင်မ​ပြေ​လောက်ဘူး။ကြံ​ချောင်​းတွေ ကြံငုတ်​တွေကို မြက်ဖြတ်စက်လိုဟာနဲ့ ခုတ်ဖြတ်ပြီး တ​နေရာမှာ စနစ်တကျပုံ/အီးအမ်ဖျန်း၊​မြေကြီးအုပ် /ဘိုကာရှီလုပ်ပြီး မှသာ သုံးသင့်ပါတယ်။

1,152 လွန်ခဲ့သော ၂ နှစ် က

အမှားတွေပါရင် ခွင့်လွတ်ပေးပါဗျ ခုမ လေ့လာနေတုန်းမို့ပါဆရာတို့

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။