အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၇ နှစ် က · လမ်းမတော်

ငါးအမိုင်နို နှင့် အရွက် EM ရခဲ့လျှင် ဘယ်အချိုး စပ်ရမည်နည်း ဘယ်အပင် အမျိုးအစား တွင် သုံးရပါ မည်နည်း(ဥပမာ) ,အ...

ငါးအမိုင်နို နှင့် အရွက် EM ရခဲ့လျှင် ဘယ်အချိုး စပ်ရမည်နည်း ဘယ်အပင် အမျိုးအစား တွင် သုံးရပါ မည်နည်း(ဥပမာ) ,အရွက်! အပွင့်! အသီး ပင်? အပင်ခြေ မြေကို သို့မဟုတ် ပင်စည် နှင့် အရွက် မည်သည့် နေ ရာတွင် အစာကြွေးသင့်ပါသနည်း

တန်ဘိုးမြှင့်ထုတ်ကုန် ငရုတ်သီး ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Post image
3

ဖြေကြားချက် ၃ ခု

9,357 လွန်ခဲ့သော ၇ နှစ် က

ရေ ၅ဂါလံ ကို အမိုင်နို ထမင်းစားဇွန်း ၄ ဇွန်း ရောပြီးဖြန်း နိုင်ပါတယ်

290 လွန်ခဲ့သော ၇ နှစ် က

အနည်းဆုံး 500 အချိုး 1ချိုးဖြန်းသင့်ပါတယ်။ ငါးအမိုင်နို ၁ ချိုး -ရေ ၅၀၀ ချိုးကိုဆိုလိုပါတယ် အရွက်စားအပင်အတွက်အလွန်ကောင်ပါတယ်

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၇ နှစ် က

ငါးအမိုင်နိုက နိုက်ထရိုဂျင်ပါဝင်မှုမြင့်ပါတယ်။ ရွက်ဖြန်းအနေနဲ့ ဖြန်းကျသလို အပင်ခြေမှာလည်း လောင်းပေးကြပါတယ်။ အရွက် EM ဆို အချဉ်ဖောက်ထားတဲ့ အရွက်ရည် (FPJ) ကို ပြောတာဖြစ်မယ်ထင်ပါတယ်။​ သူ့ကိုတော့ အရွက်ဖြန်းအနေနဲ့ သုံးကြပါတယ်။ ရောဖြန်းမယ်ဆိုလည်းရပါတယ်။ တစ်ခုပဲ ငါးအမိုင်နိုင်လုပ်တဲ့အခါမှာ ပြင်းအားကို ဂရုစိုက်ဖို့ လိုပါမယ်။​ ပြင်းအားက တစ်ပုလင်းနဲ့တစ်ပုလင်း မတူကြလို့ အရင်ဆုံး အပင်နည်းနည်းကို စမ်းသပ်ပြီးမှ အခြားအပင်တွေကို ဖြန်းစေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ပြင်းအားမစမ်းပဲ ဖြန်းလို့ အပင်တွေ လောင်ဖူးပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။