အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,635
လွန်ခဲ့သော ၂ နှစ် က · ပြင်ဦးလွင်

သဇင်ပန်းစိုက်ပျိုးနည်း၊ပြုစုနည်း တင်ပေးကြပါဦးခင်မျာ

စိုက်ပျိုးနည်း မေမြို့

ဖြေကြားချက် ၂ ခု

5,635 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ကျေးဇူးပါခင်မျ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

သဇင်စိုက်ပျိုးနည်း ---------------------------- သဇင် သည် အရွက်ကို အထူးဂရုစိုက်ရပါတယ်။ အရွက် နှခွသာ ရှိတဲ့အတွက် အရွက်ကျိုးပုတ် သွားလျင် နောက်ထပ် အရွက် မထွက်နိင် တော့ပါ။ သားတက်လည်းပဲ ထွက်လာပါသည်။ ထိုသားတက်သည် လုံးဝ အားမကောင်းတော့ပါ။ သဇင် ဥဟောင်းသည် ကို သီးခြားခွဲစိုက်ရန် ရေးသားခဲ့ပါသည်။ ဥဟောင်းသည်လည်း သားတက် ထွက်နိင်ပါသည်။ သိုသော် အားနည်းပါသည်။ အထူး ဂရုစိုက်သင့်ပါသည်။ သဇင်သည် တခြားသစ်ခွတို လို အရွက် မများတဲ့အတွက် အစာစားရန် အရွက် တခု သာ အားမကိုးပဲ အမြစ်ကိုလည်း အဓိကထားရပါမည်။ အစာများများစားနိင် မှ ဥကြီးပွင့်နိင်ပါမည်။ သဇင် တန်ဖိုးရှိနေခြင်းသည် ထိလွယ်ရှလွယ် သဘော ရှိသောကြောင့်ဖြစ်ပါသည်။ တစ်နှစ် တကြိမ်သာပွင့်ခြင်း ပြုစုရ ခက်ခဲ့ခြင်း တစ်သျှူးမျိုးပွား မရသေးခြင်း စသော အကြောင်းတွေ ကြောင့် သဇင် ၏ ဂုဏ်ဟာ ခုထိမြင့်နေဆဲပါ။ သဇင် အတွက်ဆေးကိုလည်း ရိုးရိုးလေးပဲသုံးစေချင်ပါ တယ်။ ဝါသနာရှင်များ အနေဖြင့် စမ်းသပ် ပြီးပညာ ရှင် တို နည်းအတိုင်းသာ ပြုစုစေချင်ပါတယ်။ သဇင် သဘာဝ သည် အမြဲ စို နေလျင် မကြိုက်ပါ။ အမြဲခြောက်နေလျင် လည်းမကြိုက်ပါ။ စိုတလှည့် ခြောက်တလှည့် သာ ကြိုက်ပါသည်။ အမြဲစိုနေလျင် ရောဂါများ၍ အမြဲခြောက်နေလျင် ရေငတိဒဏ် အာဟာရ မပြည့်ဝတဲ့ဒဏ်ခံရပါသည်။ ပူတဲ့နေရာ ကို ပြုပြင်ပြီး အေးမြစေဖို့ အလင်းရောင် နဲ့ လေဝင် လေထွက်ကောင်းဖို့ အထူးသတိထားရပါမယ်။ အုန်းဆံတိုင်..အုန်းဆံခြေသုတ်ခုံ နှင့်လဲရ ပါတယ်။---ဇန်နဝါရီ ... အပွင့်စပွင့်ချိန် -ဖေဖော်ဝါရီ... ပထမနှစ်ပတ်အတွင်းပန်းပွင့်                       ဒုတိယပတ်မှစ၍ ပြန်စိုက်ရန် မျိုးဥရှာဖွေစုဆောင်း -မတ်...ဥအသစ်ကိုပြန်စိုက်ရန် ၁. အမြစ်ရှည်တွေညှပ် ၂. Atonic B + Lithosin အားဖြည့်အဟာရကိုဖျော်ပြီး (ဆေးအညွှန်း..ဆေးထုပ်တွင်ပါ) ၂နာရီခန့်စိမ် ၃.သတင်းစာစက္ကူပေါ်ပြန်လှမ်း ၄.မစိုက်ခင်အုန်းဆံတိုင်ကိုရေဝအောင်လောင်း မှိုသတ်ဆေးပါလောင်းပါ ၅. သွားကြားထိုးတံ နှင့် သဇင်ဥ တစ်ဝက်မရှိတရှိမှ တစ်စောင်းထိုး ၆.အမြစ်သည်အုန်းဆံနှင့်ကပ်နေအောင်ထိုး ၇. လက်တစ်လုံးခြားစီထိုး ၈. တစ်ပတ်ခန့်ရေမလောင်းရ ရေကိုမွမွလေးဖြန်း ရေများ၍မရ အပင်ကိုမထိစေရ မှိုသတ်ဆေးဖြန်း လေဝင်လေထွက်ကောင်းသည့်နေရာတွင်ထား မှိုသတ်ဆေးနိုင်အောင်ဖြန်းမိုးများခေါင်ပုတ်ဖြစ်တတ်သည်။ -စက်တင်ဘာ နောက်ဆုံးအပတ်မှာရေဖြတ် ။ပိုက်အုပ် မြေသြဇာကျွေး ဟော်မုန်းဆေးကျွေး မီးခိုးမှိုင်းတိုက် ။ -အောက်တိုဘာ...အရွက်ကြွေ ရေဖြန်းပြီး အပွင့်ဆေးကျွေး -နိုဝင်ဘာ... အပွင့်ဆေးကျွေး ရေခဲရေကို မနက်အစောကြီးအမှုန်လေးကျွေး အဖူးလိုက်ပြီဆို ရေပြန်လောင်း အမိုးဖွင့် ။ -ဒီဇင်ဘာ ပန်းပွင့်ပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။