ဖြေကြားချက် ၄ ခု
သခွားဒေါင်းနီးကတော့ ကြိုတင်ကာကွယ်ခြင်း ၁။ ရောဂါဒါဏ်ခံနိုင်ရည်ရှိသည့်မျိုးကိုစိုက်ပါ။ ၂။ ရောဂါကျပင်များကို မီးရှို့ဖျက်ဆီးပြီး စိုက်ခင်းကို ပင်ကြွင်းပင်ကျန်များမရှိအောင် သန့်ရှင်း စွာထားပါ။ ၃။ ပေါင်းပင်များမရှိအောင် ရှင်းလင်းထားပါ။ ၄။ စိုက်ခင်းတွင် နေရောင်ခြည်ကောင်းစွာရ ရမည်။ အရိပ်မကျစေရ။ ၅။ အပင်အတန်းများအကြား သင့်တင့်သော အကျယ်အဝန်းရှိစေပြီး လေဝင်လေထွက် ကောင်းစေရမည်။ ၆။ အပင်ကြီးထွားသန်မာစေရန် မြေသြဇာကျွေးရမည်။ သို့သော်နိုက်တြိုဂျင်ဓါတ် မပိုစေရ။ ၇။ အပင်များအပေါ်မှ ရေဖြန်းခြင်း၊ မနက်စောစောရေသွင်းခြင်းတို့သည် အရွက်များပေါ်တွင် ရေကြာရှည်နေခြင်း၊ အပင်ပတ်ဝန်းကျင်တွင် စိုထိုင်းဆမြင့်ချိန်ကြာခြင်း တို့ကြောင့် ရောဂါ ဖြစ်မှို အပင်တွင်းသို့ထိုးဖေါက်ဝင် ရောက်ရန် ပိုမိုအားပေးသဖြင့် ထိုသို့ပြုလုပ်ခြင်းတို့ကို ရှောင်ရမည်။ ဆေးဖျန်းကာကွယ်နှိမ်နင်းခြင်း ၁။ စိုက်ခင်းထဲတွင် ရောဂါပြောက်များ စတင်ဖြစ်ပွါးမှုကို သိရှိရန် ကင်းထောက်စစ်ဆေးနေရ မည်။ ရောဂါပြောက်စတွေ့လျှင် ချက်ချင်းဖျန်ရမည်။ မတွေ့သေးလျှင်လည်း ရောဂါကိုအားပေး သည့် ရာသီဥတုမျိုး ဖြစ်ပါက ကြိုတင်ကာကွယ်သည့်မှိုသတ်ဆေး ဖျန်းပေးရန်လိုအပ်သည်။ ၂။ ရောဂါဖြစ်မှိုသည် အရွက်အောက်မျက်နှာပြင်မှ ဝင်ရောက်ခြင်းဖြစ်သောကြောင့် အရွက် အောက်မျက်နှာပြင်ကို စိုရွှဲနေအောင် ဖျန်းရမည်။ ထိသေ ကာကွယ်မှိုသတ်ဆေးများဖြစ်သော ဘရာဗို၊ မဲန်နက်၊ ဒိုင်သိန်း၊ ကိုဆိုဒ် (ကော့ပါး) (Bravo, Maneb, Dithane, Kocide) စသည်တို့ဖြင့်ဖျန်းနိုင်သည်။ ၃။ ရောဂါပြင်းထန်လျှင် ထိသေကာကွယ်ဆေး၊ မှိုသတ်ဆေးများသည် ထိရောက်မှုသိပ်မရှိပါ။ ပင်လုံးပြန့် မှိုသတ်ဆေးနှင့်ရောပြီးဖျန်းရပါမည်။ ရီဒိုမေးနှင့်ကလိုရိုသာလိုနေးလ် (Ridomil and Chlorothalonil) မှိုသတ်ဆေးများကို အသုံးပြုနိုင်သည်။ ရောဂါမပြင်းထန်လျှင် ၁၀ ရက်မှ ၁၄ ရက်ခြား၊ ရောဂါပြင်းထန်လျှင် ၅ ရက်မှ ၇ ရက်ခြား တစ်ကြိမ် ဖျန်းနိုင်သည်။ Dr. Khin Hnin Yu
ဆရာကြှနျတောျသခှါးခငျးမာဒေါငျးနီမိုရောဂါကဘြာဆေးသုံးရမလဲဆြရာ
မျိုးပေါမူတည်ပြီးတစ်ပိဿာကို( ၅ဆ-၁၀ဆ) လောက်ထွက်ရှိနိုင်ပါတယ်
ဆောင်းအာလူးဆိုရင်တော့ အောက်တိုဘာနဲ့နိုဝင်ဘာလောက်မှာစိုက်ကြပါတယ် မျိုးကတော့ ယာမြေဆိုရင်တော့ ၇၀၀ပိသာလောက်လိုပါတယ်
ဆက်စပ်မေးခွန်းများ
အာလူးယခုလက်ရှိတောင်သူတွေအသုံးပြုစိုက်ပျိုးနေတဲ့ မျိုးသစ်နဲ့တောင်သူတွေအကြိုက်များတဲ့မျိုးတွေရှိရင်ပြောပြပေးပါဦး...
ဖြေကြားချက် 3 ခု
ရွက်လိပ်ရောဂါ အကြောင်းလေးပြောပြပေးပါလားဗျ
ဖြေကြားချက် 2 ခု
prussic acid အကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
အာလူးသီး စိုက်ပျိုးနည်းလေးတင်ပေးပါလား အကိုတို့
ဖြေကြားချက် 2 ခု
ဘာဆေးတွေဖြန်းသင့်သလည်းအလင်းပြပေးပါ
ဖြေကြားချက် 4 ခု