ဖြေကြားချက် ၁ ခု
(၁) လက်ခံပင်အား အခေါက်ခွာရ လွယ်ကူသော အပင်ထိပ်ရှိရွက်ဖုံ ရင့်ပြီး အပင်အားရွေးချယ်ပါ။ (၂) လက်ခံပင်ပင်စည်အောက်ခြေ ၆ လက်မ ခန့်အားအဝတ်စသန့်သန့် ဖြင့်သုတ်ပါ။ (၃) လက်ခံပင်အခေါက်အား အမြင့် ဝ.၅ လက်မ မှ အပေါ်သို့ ဒေါင်လိုက် လှီးကြောင်းနှစ်ကြောင်း ဝ.၅ လက်မ ခြား၍ အရှည် ၂ လက်မ အားအတွင်း သစ်သားအထိလှီးပါ။ ယင်းလှီးရာ ၂ ခုအထက်ဖက်တွင် ကန့်လန့်ဖြတ် လှီးကြောင်းရာ ထပ်လှီးပါ။ (၄) အသုံးပြုမည့် မျိုးကိုင်းအားမျိုးကိုင်းပွားခင်း အပင်တွင် ရွက်ဖုံ အထက်နား၌ ၈-၁၀ ပတ် ကြိုတင် ဖြတ်ပါ။ ဖြတ်ယူအသုံးပြုရမည့် မျိုးကိုင်းမှာ ထိပ်ပိုင်းရှိ အရွက်များ ပြန့်ကားကာ မူမှန်အရွယ်ရောက်သည့် အဆင့်ဖြစ် ရမည်။ (၅) ဖြတ်ယူထားသော မျိုးသန့်မျိုးကိုင်းမှ အဖူးပိုင်းများကို ဓါးဖြင့် လှီးထုတ်ပါ။ အဖူးပိုင်းတွင် မျိုးသန့်အဖူးပါသော အခေါက်နုပိုင်းနှင့် အတွင်းသစ်သားစ အနည်းငယ်ပါရှိသည်။ (၆) မျိုးသန့်အဖူးပိုင်းအား လက်ခံပင် အဖူးကူးမည့်နေရာနှင့်အံကျ ဖြစ်နေစေရန် ဘေးနှစ်ဖက်အားညှိလှီးပေးပါ။ အဖူး ကူးမည့်နေရာထက် အနည်းငယ် ငယ်နေရမည်။ အတွင်းရှိ သစ်သားစ ပါးပါးအား အခေါက်မှ ခွာထုတ်ပစ်ပါ။ အခေါက်နှင့် အခေါက် အတွင်းပိုင်းရှိ မျိုးသန့် အဖူးအားမနာအောင် ဂရုစိုက်ခွာရမည်။ ခွာထားသော အဖူးပါ အခေါက်အား အထက်နှင့်အောက်တွင် တိဖြတ်ပေးပါ။ (၇) ဓါးရာ လှီးထားသော လက်ခံပင်မှ အခေါက်ကို အပေါ်မှအောက် သို့ခွာလှန်ပါ။ ယင်းအခေါက်ဖက်အားအောက်ခြေတွင် ဝ. ၅ လက်မခန့် အရှည်ချန်ပြီး ဖြတ်ပါ။ သို့သော် မိုးရာသီ အဖူးကူးမည့် လက်ခံပင် အခေါက်ကိုအောက်မှ အထက်သို့စ၍ ခွာလှန်ပါ။ (၈) အသင့်ခွာပြီး ဖြတ်ထားသော မျိုးသန့်အဖူးအား လက်ခံပင်၌ အဖူး ကူးရန် လှီးဖွင့်ထားသောနေရာ အခေါက်ဖက်ကြားတွင် သွင်းမြုပ်ပါ။ လက်ခံပင်နှင့် မျိုးသန့်အဖူးမှ အသားတိုးလွှာ Cambium များ ပူးထိနေရမည်။ ယင်းနှစ်ခုကြားတွင် ရေ၊ အမှိုက် စသည်များ မဝင်အောင် ဂရုစိုက်ရပါမည်။ (၉) အဖူးမြုပ်ထားသော နေရာအား ဝ.၇၅ လက်မ အကျယ်ရှိသော ပလပ်စတစ် အကြည်တိတ်ကြိုးဖြင့် အောက်မှစ၍ အပေါ်ဖက်သို့ ရစ်ပတ်ချည်နှောင်ပါ။ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရာဘာပင်အစေးခြစ်တာ ဓားဦးမှာအစေးခဲပြီး အလယ်ခေါင်မှာပဲအစေးထွက်တာ ဘာကြောင့်လဲ ရာဘာမျိုးနဲ့ဆိုင်လား
ဖြေကြားချက် 0 ခု
ရော်ဘာ ယနေ့ဈေးနှုံးသိလိုပါ တယ် ်
ဖြေကြားချက် 2 ခု
ရောဘာပင်အကြောင်းလေးသိချင်လို့ပါခင်ဗျာ စာအုပ်လေးများရှိရင်ပြောပြပေးပါခင်ဗျာ
ဖြေကြားချက် 8 ခု
ရော်ဘာပင်ကိုင်းကူးနည်းကိုပုံနှင့်တကွပြောပြပေးပါလား
ဖြေကြားချက် 2 ခု
ရာဘာပင်စိူက်ခင်းအပင်မညီညာမှုကိူဘယ်လိုဖြေရှင်းလဲခင်ဗျား
ဖြေကြားချက် 1 ခု