ကျွန်တော့ပဲေတာင့်ရှည်ခင်းမှာ ပိုးတွေအရမ်းကျနေပြီဗျ ပဲသီးတွေက အဆက်မပြတ်သီးတော့ ဆေးဖျန်းရတာ အခက်အခဲရှိတယ်ဗျ စား...
ကျွန်တော့ပဲေတာင့်ရှည်ခင်းမှာ ပိုးတွေအရမ်းကျနေပြီဗျ ပဲသီးတွေက အဆက်မပြတ်သီးတော့ ဆေးဖျန်းရတာ အခက်အခဲရှိတယ်ဗျ စားသုံးသူ အန္တရာယ်ဖြစ်မှာလည်းဆိုးတာနဲ့ ဆေးတွေကို အနည်းဆုံး10ရက်လောက်ခြားပြီးဖျန်းပါတယ်ဗျ ဒါပေမဲ့ပိုးတွေက ရှိနေတာပဲ အလန်းနဲ့ဖျန်းပါတယ် ပိုးတွေကရှိတာပဲ ဒါနဲ့ကျွန်တော် မေးခွန်းလေးတင်ပြီးမေးကြည့်တော့ သုံးဦးလောက်ဖြေပေးကြတယ် ဒို့ဦးလေးဖြေပေးတဲ့ဆေး (အဆီတာမီပရစ် )က ကျွန်တော်တို့ဆီမှာမရှိတော့၊ တစ်ယောက်ပြောတဲ့ 25wp အာနိသင်ရှိတဲ့ဆေးရှာတော့လည်း မတွေ့ဘူး ဒါနဲ့သူေပြာတဲ့ေဆးနဲ့အာနိသင် တူတဲ့ ဆေးရှာတော့ နိုးတူး25wp ဖျန်းတော့ 15ရက်လောက် ပိုးတွေမရှိတော့ဘူး ၊အခုအခင်း အဲ့ဆေးပြန်သုံးကြည့်တော့ မရတော့ဘူးဗျ(ဘယ်လိုကြောင့်ဖြစ်ရတာလဲ၊ဆေးဝါးသုံးမှု လိုအပ်ချက်လား၊ရာသီအပြောင်းအလဲကို ဆေးတွေနဲ့ အန္တရာယ်လည်းမရှိအောင် ဘယ်လိုသုံးရမလဲဗျ) နောက်တစ်သုတ်လည်းထပ်စိုက်ထားတယ်ဗျ ၊ပိုးေတွဆိုးဆိုးဝါးဝါးမကျေရာက်ေအာင် ဆေးေတွကို ဘယ်အချိန်မှာ ဘယ်ဆေးတွေကို ဘယ်လိုသုံးစွဲရမလဲ ဖော်ပြပေးပါအုံးဗျ.။