အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
427
လွန်ခဲ့သော ၂ နှစ် က · ပေါင်းတည်

စပါးအ‌ခြောက်ကြဲခင်းမှာအတန်းလိုက်ထွန်နဲ့မျိုးစေ့ချနည်းလေးသိချင်ပါတယ် အခြောက်ကြဲခင်းအတွက်မျိုးစေ့ချကိရိယာရှိရင်...

စပါးအ‌ခြောက်ကြဲခင်းမှာအတန်းလိုက်ထွန်နဲ့မျိုးစေ့ချနည်းလေးသိချင်ပါတယ် အခြောက်ကြဲခင်းအတွက်မျိုးစေ့ချကိရိယာရှိရင်လည်းပုံနှင့်တကွပြပေးပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၃၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း
Post image

ဖြေကြားချက် ၃ ခု

881 လွန်ခဲ့သော ၂ နှစ် က

 ဆွေးနွေးမယ် ပြန်သွားပါ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း 2 years ago . မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းသည် လုပ်သားလိုအပ်ချက်နှင့်ရေလိုအပ်ချက်နည်းပြီး လောင်စာဆီသုံးစွဲရန်မလိုအပ်သဖြင့် သဘာဝ ပတ်ဝန်းကျင်ကိုမထိခိုက်ဘဲ ကုန်ကျစရိတ်သက်သာသော စီးပွားရေးတွက်ချေကိုက်သည့် နည်းစနစ်တစ်ခုဖြစ်ကြောင်း နိုင်ငံတကာဆန်စပါးသုတေသနဌာန(IRRI)က အကြံပြုထောက်ခံထားရှိပါသည်။ ၁။ သင့်လျော်သော စပါးမျိုးရွေးချယ်ခြင်း  စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ဒေသ နှင့် ကိုက်ညီသည့် သက်လျင်စပါးမျိုးသန့်များကို စိုက်ပျိုးရန် ဖြစ်ပါသည်။  ၂။ မြေပြုပြင်ခြင်း  အလွန်စေးကပ်သောမြေနှင့် မညီညာသော သမန်းပြင်တွင် မျိုးစေ့ချ ကိရိယာအသုံးပြု၍ မရနိုင်ပါ။ စိုက်ခင်းအား ပုံမှန်အတိုင်း ထယ်ရေးနက်နက်နှင့် ထွန်ရေး ညက်ညက် ထွန်ယက်ပါ။ မျိုးစေ့ချရန် သင့်တော်သော မြေအစိုဓါတ်ရှိချိန်တွင် မြေခံ မြေဩဇာ ထည့်သွင်း၍ ကြမ်းတုံးရိုက် မြေညှိပါ။ စိုက်ခင်းသမန်း မြေညီညာပြီး ရေပြောင်စင်အောင် ထုတ်ပြီးမှ စိုက်ပျိုးရမည်။ (စိမ့်မြောင်း၊ပတ်မြောင်းများ ပြုလုပ်ထားရမည်။)  ၃။ မျိုးစေ့ချခြင်း  တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၀.၅ – ၁ ) တင်း အသုံးပြု ရမည်။ စပါးစေ့များကို (၁၂)နာရီကြာ ရေစိမ်၍ ရေပေါ်ပေါ်သော မျိုးစေ့ များကို ဖယ်ရှားကာ မျိုးအုပ်ရမည်။ မျိုးစပါးကို စာပါးစပ်ပြူ အနေအထားတွင် မျိုးစေ့ချကိရိယာ အသုံးပြု ၍ မျိုးစေ့ချရမည်။ မျိုးစေ့ချကိရိယာ၏ ပုံးထဲသို့မျိုးစေ့ထည့်ရာတွင် ပုံး၏ ၃ ပုံ ၂ ပုံထက် မပိုစေရပါ၊ (မျိုးညှောက်ဖေါက်ရာတွင် အညှောက်မရှည် စေရန်နှင့် စိုထိုင်းမှုမများစေရန် သတိပြုရပါမည်။) မျိုးစေ့ချပြီးချိန်မှ (၅)ရက် အတွင်း ကြွက်၊ ငှက်၊ တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်း မှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။ ၄။ မြေဩဇာကျွေးခြင်း တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေဩဇာ/နွားချေးဆွေး လှည်း၅ စီးခန့်နှင့် (၁၅-၁၅-၁၅)ကွန်ပေါင်းမြေဩဇာ (၅၀)ကီလို ဂရမ် တစ်အိတ် အသုံးပြုပါ။ အပင်ပွားစီးချိန်တွင် ပုလဲဓါတ်မြေဩဇာတစ်ဧက အိတ်ဝက် (အိတ်ဝက်/ဧကနှုန်း)မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာတစ်ဧကတစ်စိတ်(၁/၄ အိတ်/ဧက)နှုန်း ထည့်သွင်းပေးပါ။ ကောက်ရိုး၊နှမ်းရိုး၊စပါးခွံစသည့် သီးနှံအကြွင်းအကျန်များနှင့် နွားချေး တို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်ပါက အပင်၏ အနည်းလို အာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။ မြေဆီလွှာဓာတ်ခွဲခန်းများတွင် မြေဆီလွှာ စမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်း အသုံးပြုသင့်ပါသည်။  ၅။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း  ရေတော်မိုးတော်နှင့် ဆည်ရေသောက် ဒေသများတွင် ရေကို အကျိုးရှိစွာ ခြိုးခြံချွေတာလိုပါက အသုံးပြုရန် အကောင်းဆုံး စိုက်ပျိုးနည်း ဖြစ်ပါသည်။ ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေ လုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင်လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက်(၂၀-၂၅) ရက် အတွင်း ရေထုတ်ပေးရမည်။  ၆။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း  မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းပါ၊ (ပထမ အကြိမ် ထယ်ထိုးထွန်ယက်ပြီးနောက် ပေါင်းပင်ငယ်များ ပေါက် ခါစတွင် ဒုတိယအကြိမ် ထယ်ထိုးထွန်မွှေခြင်းဖြင့် ပေါင်းမြက် နှိမ်နင်းပါ။) ပေါင်းနှိမ်နင်းခြင်းကို စိုက်ပြီး (၃၀ – ၄၅) ရက် အတွင်းအပြီး ဆောင်ရွက်ပါ။ (သမန်းနှိုးကိရိယာကို အသုံးပြု၍ ပေါင်းမြက် နှိမ်နင်းပါ။) ပေါင်းသတ်ဆေးကို လိုအပ်မှအသုံးပြုပါ။ ပေါင်းမြက်ဆိုးရွားစွာ ကျရောက်ပါက ပေါင်းပင်အမျိုးအစားပေါ် မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်း အတိုင်းတိကျစွာ လိုက်နာဆောင်ရွက်ပါ။ ၇။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း  ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိ ကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင် နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။ ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်းများ အသုံးပြု ခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်သင့်ပါသည်။  ၈။ ရိတ်သိမ်းခြင်း  စပါးနှံ၏ (၈၀-၈၅) ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်) တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်း ချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည် မျိုးအတွက် (၁၃) ရာခိုင်နှုန်းနှင့် စားသုံးမည့် စပါးအတွက် (၁၄) ရာခိုင်နှုန်း လိုအပ်ပါသည်။  ၉။ Seeder ဖြင့် စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ  - ကြဲခင်းထက်မျိုးစေ့နှုန်းထားလျော့ချနိုင်ပါသည်။  - ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေပါသည်။  - အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေပါသည်။  - ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒါဏ်ကို ပိုမိုခံနိုင်ရည်ရှိစေပါ သည်။  - အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေ ပါသည်။ - ရေကို ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြား ခြားနားမှု မရှိပါ။ Reference – IRRI _ agri.com.mm ( Agri Digital news) _ စိုက်ပျိုးရေးဦးစီးဌာန         256 26844197   Phyo Lay Farmer ကျေးဇူးပါ in 2 yearsကြိုက်မကြိုက်  kobo Farmer တိုင်းကျူူးပါ in 2 yearsကြိုက်မကြိုက်  zay bone aung Farmer ကျွန်တော်တို့အညာမှာတော့ စိုက်ပျိုးရေးထွန်ကိုနွားနှင့်ကော့် ။တွဲ ။ ပြီးမျိုးစေ့ချလေ့ရှိသည်။ in 2 yearsကြိုက်မကြိုက်  Zaw Myo Htet Farmer အကိုရေထွန်ကဘယ်နှစ်လက်မအကျယ်ရှိလဲဗျ in 2 years ကြိုက် မကြိုက်  ရှိုင်းရှိုင်း Farmer ကျေးဇူးတင်ပါတယ်ခင်ဗျာ in 2 yearsကြိုက်မကြိုက်  သန်းထိုက်စိုး Farmer ကျေးဇူးပါ in 2 yearsကြိုက်မကြိုက်

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က
3,627 လွန်ခဲ့သော ၂ နှစ် က

ပေါင်းသတ်ဆေးကမသုံးခြင်ပါစပါးပင်တွေထိခိုက်မှုရှိမှာစိုးလိုပါ

You

ဆက်စပ်မေးခွန်းများ

ဒီချိန်ယာစပါးစိုက်လို့ရသေးလား နောင်ချိုမြို့နယ်ကပါ

ဖြေကြားချက် 1 ခု

မိုးစပါးအတွက်ပျိုးထောင်ရာတွင်ပျိုးပင်များသည်ရေဝပ်သောနေရာတွင်မျိုးညှောင့်များသေ၍အပင်မပေါက်ပါရေပြောင်အောင်နှုတ်...

ဖြေကြားချက် 2 ခု

စပါးပင် 15 ရက်သားပါဗျ အရွက်တွေပုံပါအတိုင်းဖြစ်နေလို့ပါ ဘာကြောင့်ဘယ်လို လုပ်သင့်တယ် အကြံပေးကြပါအုံး ဆရာတို့

ဖြေကြားချက် 2 ခု

မိုးစပါးစိုက်ပျိုးနည်း မြေပြင်သည်မှ ရိတ်သိမ်းချိန်အထိ လိုအပ်သည့် မြေသြဇာ၊ ကျရောက်တတ်သော ပိုး၊မှို၊ပေါင်း ကာ...

ဖြေကြားချက် 3 ခု

မိုးစပါးအတွက် အခြောက်ကြဲချင်လိုဗျ ဘယ်လို ကြဲရမလဲမသိလို ပါ သိရင်ပြောပြပါအုန်းဗျို😊

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။