စပါးစိုက်ခင်းအတွက် နိုက်ထရိုဂျင် ကျွေးနည်းသိပါရစေ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၄ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- တိမ်အသင့်အတင့်ဖြစ်ထွန်း
အမှန်တကယ်လုပ်နိုင်ရင်၊အကျိုးလည်းရှိ၊အဖိုးလည်းသက်သာတဲ့နည်း ပြောချင်ပါတယ်။ ၁ဧက ကို ပုလဲ ၁အိတ် သုံးမယ်ဆိုရင်...၊ ၁အိတ်ကို တကြိမ်တည်းမပက်ဘဲ၊၃ကြိမ်ခွဲပက်ပါ။ ၁အိတ်ကို ၂၄ပြည်(၈ပြည်+၈ပြည်+၈ပြည်) ပုလဲ၈ပြည်ကို နွားချေး/သဘာဝမြေသြဇာ အမှုန့် ၂တင်း နဲ့ ရောမွှေပါ။ ပြီးရင် ပီနံအိတ်ထဲထည့်ပြီး၁ည သိပ်ထားပါ။ မနက်ကျမှ ၊ရေစပ်စပ် ရှိတဲ့စပါးခင်းထဲပက်ကျွေးပါ။ ကောက်ပင်လှန်ချိန် ၁ကြိမ်၊ပင်ပွားချိန် ၁ကြိမ်၊ဖုံးလုံးချိန်၁ကြိမ် ကျွေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်းရင် မြေခံကို ပိုတက်နဲ့တီစူပါထည့်ထားတယ်ဗျ (၁၁) ရက်သားပါ ပုလဲကိုနောက်ထက်ရက်ဘယ်လောက်ကြာရင်ကျွေးလို့ရပါသလဲ...
ဖြေကြားချက် 5 ခု
ပန်းတော်ဖြူ မြက်အတွက် စပါးရွေးချယ် ဆေးကောင်းကောင်းလေးညွန်းပေးပါဦး
ဖြေကြားချက် 1 ခု
ဆရာတို့ဘာဆေးမှမဖျန်းရသေးပါရေကအစောကတည်းကမရှိပါအမြစ်တွေဖြူသေးပါတယ်ဘာလုပ်သင့်လဲဆရာ
ဖြေကြားချက် 1 ခု
စပါးအပင် အဖြားလေတွေဝါးပီး အကွက်လိုက်အကွက်လိုက် ဝါနေတယ်.အပင်ပုပီးမတက်ဘူးဖြစ်နေတယ်. ပေါင်သတ်ဆေး တော့ တစ်ခါ ဖြန်...
ဖြေကြားချက် 2 ခု
စိုက်ပီး၇ရက်ရှိပါပီ npk လိုအပ်ချက် သိချင်ပါတယ် ပျိုးသက် တစ်လကျော်တွင် စိုက်ပါသည် မြေခံ ၁၅ပတ်လည် အိပ်၀က်ကျော်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။