ဖြေကြားချက် ၁ ခု
ပေါင်းသတ်ဆေးAiများနှင့်သုံးစွဲနိုင်သောပေါင်းပင်အမျိုးအစားများ (1) 2,4-D Amine )(တူးဖိုးဒီ) နှံစားသီးနှံ၊ပြောင်း၊နှံစားပြောင်း၊မြက်ခင်း၊ကြံ၊စပါး၊သစ်တော၊သီးနှံမစိုက်သောမြေတွင်ပေါက်ရောက်သောမြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်နိုင်ပါသည်။ (2) Atrazine (အာထွာဇင်း) ပြေင်းသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (3) Bensalfuron methyl(ဘန်ဆာလဖြူရန်မီသိုင်း) စပါးတွင်ပေါက်ရောက်သော ရွက်ပြန့်ပေါင်းများနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။ (4) Bispyribac sodium(ဘစ်စပိုင်ရီပက်ဆိုဒီယမ်) စပါးသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက် မုန့်ညင်းရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (5) Butachlor(ဘတ်တာကလာ) ပျိုးထောင်ကောက်စိုက်စပါး၊တိုက်ကိုက်အစေ့ချစပါးတို့တွင်ပေါက်သော တစ်နှစ်ခံမြက်မုန်ညင်းနှင့် အချို့ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (6) Cyhalofop-butyl(ဆိုင်ဟေလိုဖေါ့ဗျူတိုင်း) စပါးတွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။ (7) Diuron(ဒိုင်ယူရွန်) ကညွတ်၊သစ်သီးပင်၊ရှောက်သံပုရာပင်၊နာနတ်၊ငှက်ပျောပင်၊ကြံ၊ဝါ၊ငရုတ်ကောင်း၊ပြောင်း၊နှံစားပြောင်းတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မ်ုညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (8) Ethoxysulfuron(အီသောက်စီဆာလဖြူရန်) နှံစားသီနှံ၊စပါး၊ကြံသီးနှံတို့တွင်ပေါက်ရောက်သောရွက်ပြန့်ပေါင်းနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။ (9) Fenoxaprop-P-ethyl(ဖီနောက်ဆာပရော့ပီအီသိုင်းလ်) ရွက်ပြန့်သီးနှံတွင်ပေါက်ရောက်သော တစ်နှစ်ခံ၊နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။ (10) Formesafen(ဖေါ်မီဆေဖန်) ရောက်သောရွပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (11) Gluforsinate ammonium(ဂလူဖိုစီနိတ်အမိုနီယမ်) သစ်သီးခြံတွင်ပေါက်ရောက်သောတစ်နှ်ခံမြက်နှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (12) Glyphosate(ဂလိုင်ဖိုဆိတ်) သီနှံမစိုက်မှီလက်ရှိပေါက်နေသောပေါင်းများပေါ်သို့ပက်ဖျန်းပီး ပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်မွေပြီးသီးနှံများကိုစိုက်ပျိုးနိုင်သည်။ (13) Haloxyfop-R-methyl(ဟေလောက်ဇီဖေါ့အာမီသိုင်းလ်) သကြားမုန်လာ၊အာလူး၊ရွက်စားဟင်းသီးဟင်းရွင်၊ကြက်သွန်၊လျှော်မျှင်သီးနှံ၊နေကြာ၊ပဲပုတ်၊စတော်ဘယ်ရီတို့တွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။ (14) Imazethapyr(အီမာဇီသပျာ) ပဲပုတ်နှင့်အခြားပဲမျိုးရင်းဝင်တို့တွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (15) Oxadiazon(အောက်စီဒိုင်ယာဇွန်) သစ္စာပန်း၊နှင်းဆီ၊သစ်သီးပင်၊ဝါ၊စပါး၊ပဲပုတ်၊နှမ်း၊နေကြာ၊ကြက်သွန်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (16) Oxyfluofen(အောက်စီဖလူရိုဖန်) သစ်သီးပင်၊နှံစားသီးနှံ၊ပြောင်း၊ပဲပုတ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊မြေပဲ၊စပါး၊ဝါ၊ငှက်ပျော၊နှင့်အလှစိုက်အပင်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (17) Paraquat(ပါရာကွပ်) ပေါက်နေသောပေါင်းပင်များပေါ်သို့ပက်ဖျန်းပြီးပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်မွှေပီး သီးနှ့များကိုစိုက်ပျိုးနိုင်သည်။ (18) Pendimethalin(ပန်ဒီမီသလင်) နှံစားသီးနှံ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ပြောင်း၊နှံစားပြောင်း၊နှမ်း၊မြေပဲ၊မုန်လာဥနီ၊နံနံပင်၊အာလူး၊ဝါတို့တွင်ပေါက်ရောက်သောတစ်နှ်စ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (19) Pretilachlor(ပရီတေလာကလော) ရွှေ့ပြောင်းစိုက်စပါး၊အစေ့တိုက်ရိုက်ချစပါးတွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းအချို့ကိုနှိမ်နင်းနိုင်ပါသည်။ (20) Propanil(ပရိုပနေး) စပါနှင့်ဂျုံတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (21) Pyrazosufuran-ethyl(ပိုင်ရာဇိုဆာလဖြူရန်အီသိုင်းလ်) စပါးတွင်ပေါက်ရောက်သောမြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (22) Quinclorac(ကွန်ကလိုရက်) တိုက်ရိုက်အစေ့ချစပါးနှင့်ရွှေ့ပြောင်းစိုက်စပါးတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (23) Quizalofop-P-ethyl(ကွီဇာလိုဖေါ့ပီအီသိုင်းလ်) အာလူး၊ပဲပုတ်၊မြေပဲ၊နေကြာ၊ဟင်းသီးဟင်းရွက်၊ဝါနှင့်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင့်နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲးမှာပုံထဲးအတိုင်းမြတ်စိမ်းစိမ်းလေးတွေကိုဘယ်ပေါင်းသက်ဆေးနဲ့သက်လိုရပါသလဲးခဗျာ့ရေလဲရှိပါတယ်စပါးခင်းထဲး...
ဖြေကြားချက် 2 ခု
စပါးခင်းထဲကဒေါင်းမြီးပျံမြက်တွေကို ဘယ်လိုနိမ်နှင်းရမလဲ ဘာဆေးတွေသုံးရမလဲဆရာတို့
ဖြေကြားချက် 2 ခု
စပါးကျဲခင်း ရက်၂၀သါးအတွက် ရိုက်ဆေ့ နှင့် ပေါင်းမဟာတွဲဖြန်းလို့ရလားခင်ဗျာ ဆေး၂မျိုးပေါင်းစပ်ပြီးဖျန်းရင် တက်...
ဖြေကြားချက် 2 ခု
ရက် ၉၀ စပါး ၄၀ ရက်မှာ မြက်မုံညင်း တအားများလို့ပါ ဆေးဖျန်းလို့ နိုင်သေးလားဗျ နိုင်သေးရင် ဘာဖျန်းရမလဲဗျ
ဖြေကြားချက် 4 ခု
စပါးခင်းထဲက ဝက်လာမြက်ကို ဘယ်ဆေးနဲ့မှ မနိုင်လို့ ဝက်လာမြက် သီးသန့် သေနိုင်မယ့် ဆေးလေး ပြောပေးကြပါအုံး
ဖြေကြားချက် 1 ခု