ဖြေကြားချက် ၁ ခု
နှမ်းစေ့ကိုမြင်ယုံနဲ့အတပ်ပြောလို့မရပါဘူး၊အနက်မျိုးကတော့ ကိုင်းဖြာမျိုးကများပါတယ်။အသက်ရက်ကတော့ ခုခတ်နောက်ပေါ်မျိုးတွေဆိုရင် ရက် ၉၀ ဝန်းကျင်မှာပဲရှိကြတာများပါတယ်။အရင်က မျိုးတွေဖြစ်တဲ့ ကြယ်မရှောင်တို့၊ဒေသနှမ်းနက်တို့ဆိုရင်တော့ နေရောင်ခြည်တုံ့ပြန်မှုရှိတဲ့မျိုးတွေဖြစ်လို့ သူ့ထွက်ရမယ့် လရောက်မှာ အသီးစတင်ပါတယ်။ဥပမာ တန်ဆောင်မုန်းမှာထွက်တဲ့မျိုးဆိုရင်၊ ဘယ်ချိန်ပဲစ်ုက်စိုက် အဲ့ဒီလမှာ အသီးတင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အဲ့နှမ်းက ဘာမျိုးလဲဆရာတို့
ဖြေကြားချက် 1 ခု
ဆရာတို့ဆင်းပဒေသာနှမ်းမျိုးနဲ့ဆင်းပဒေသာမြေပဲမျိုးဘယ်မှာဝယ်လို့ရလဲဆရာဖုန်းနံပါတ်လေးရှိရင်ပြောပေးပါ
ဖြေကြားချက် 1 ခု
ဆရာတို့မိုးနှမ်းကြဲချင်လို့အထွက်နှုန်းကောင်းပြီးစျေးလည်းကောင်းရောဂါဒဏ်ခံနိုင်တဲ့မျိုးလေးလန်းညွှန်ပေးပါဆရာ
ဖြေကြားချက် 3 ခု
ယခုနှစ် 4လပိုင်းထဲ မိုးကြိုနမ်း ကျဲချင် ဘယ်လို နှမ်းမျိုးနက် သင့်တော်လောက်လဲ ခင်ဗျာ
ဖြေကြားချက် 1 ခု
ဂျပန်ဖြူ ဆင်းရတနာ၄နဲ့ဆင်းရတနာ၁၂ ဘာတွေကွာခြားသလဲ ဘယ်မျိုးစိုက်သင့်လဲ သိချင်လို့ပါခင်ဗျာ
ဖြေကြားချက် 2 ခု