ဖြေကြားချက် ၅ ခု
ကြံခင်းထဲမှာမြက်တွေအရမ်းများနေတယ် ကြံရွေးချယ်ပေါင်းသက်ဆေး သိရင်ညွှန်ပေးပါလာ
အရမ်းကိုကျေးဇူးတင်ပါတယ်ခင်ဗျား
မြေဩဇာတွေအကြောင်း ################# မြေသြဇာ အကြောင်း--- မြေသြဇာအကြောင်းကို အသေအချာ သဘောပေါက်အောင်လေ့လာပါ။ အလုံးစုံအတွက် စုံလင်အောင်ရေးထားပါတယ်။ စာမဖတ်ပဲ မမေးပါနဲ့။ လေ့လာစွမ်းအားကောင်းပါစေ။ မြေသြဇာနဲ့ပတ်သက်ပြီး အပင်စိုက်သူတွေအတွက် ဦးနှောက်ရှုတ်စရာတွေဖြစ်လေ့ရှိတယ်။ အနည်းဆုံးတော့ အပင်တွေအတွက် မဖြစ်မနေလိုအပ်တဲ့ မြေသြဇာ NPK 3 မျိုး ရှိတာကိုသိရပါမယ်။ နိုက်ထရိုက်ဂျင် Nitrogen (N) ၊ ဖော့စ်ဖေါရပ်စ် phosphorus (P)၊ ပိုတက်စီယမ် Potassium (K) ဖြစ်ပါတယ်။ နိုက်ထရိုက်ဂျင် Nitrogen (N) ၊ အရွက်အညွှန့်အကိုင်းအခက် ၊ အသီးအပွင့် ၊ ဥနဲ့အစေ့၊ အမြစ်နဲ့ပင်စည်တွေကို အားပေးတာဖြစ်တယ်။ ဖော့စ်ဖေါရပ်စ် phosphorus (P) အပွင့်နဲ့အသီးကိုအားပေးစေတယ်။ ပိုတက်စီယမ် Potassium (K) အမြစ်ကိုအားပေးတယ်။ ပင်စည်ဆဲလ်တွေသန်မာစေပါတယ်။ ပင်စည်ကနေ အညွှန့်အရွက်အထိကို မြေသြဇာပို့ပေးစေတယ်။ အသီးကိုချိုစေတယ်။ အသီးအရောင်လှစေတယ်။ ကိုယ်စိုက်တဲ့အပင်က အရွက်အခက် အပင်လား၊ အသီးအပွင့်အပင်လား၊ ပင်စည်းအသုံးပြုပင်လား ဆိုတာကို ခွဲခြားသိရမယ်။ ဒီတော့မှ လိုအပ်တဲ့မြေသြဇာကို လိုအပ်ချိန်မှာ ပေးမယ်ဆိုရင် အပင်အတွက်လည်းကောင်းမယ်။ ကုန်ကျစရိတ်လည်းသက်သာမယ်။ ဥပမာ သစ်သီးပင် အသီးသီးဖို့အရွယ်မရောက်ခင်မှာ အပင်သန်ဖို့အပင်ကြီးဖို့အတွက် နိုက်ထရိုက်ဂျင် Nitrogen (N) အကိုအဓိကထားပေးပြီး အမြစ်သန်ဖို့မြေသြဇာအရွက်တွေဆီရောက်အောင် ပင်စည်းကောင်းဖို့အတွက် ပိုတက်စီယမ် Potassium (K) ကို တွဲပေးရမယ်။ မလိုအပ်သေးချျိန်မှာ အပွင့်အသီးအတွက် မြေသြဇာကို ပေးရင် ပိုက်ဆံကုန်တာပဲရှိမယ်။ အလားတူပဲ အပွင့် ပွင့်ခါနီးအချိန်မှာ ဖော့စ်ဖေါရပ်စ် phosphorus (P) ကိုပေးရမယ်။ တကယ်လို့နိုက်ထရိုက်ဂျင် Nitrogen (N) ပေးနေရင် အပွင့်မထွက်ပဲ အကိုင်းအခက်တွေပဲထွက်နေမယ်။ အလားတူပဲ အသီးချိုအောင် အသီးလှအောင်ဖြစ်ဖို့အတွက် ပိုတက်စီယမ် Potassium (K) မပေးရင် အသီးချိုမှာမဟုတ်ဘူး။ အပင်တွေအတွက် လိုအပ်ချိန်မှာ လိုအပ်တဲ့မြေသြဇာ ပေးနိုင်ဖို့အထူးလေ့လာပေးတတ်ရပါမယ်။ မြေသြဇာ ဘယ်နှစ်မျိုးရှိလဲ--- မြေသြဇာကို 3 မျိုးခွဲခြားထားပါတယ်။ 1) သဘာဝမြေသြဇာ 2) ဓါတ်မြေသြဇာ တို့ဖြစ်တယ် 3) ဘိုင်အို မြေသြဇာ သဘာဝမြေသြဇာနဲ့ဓါတ်မြေသြဇာ အားနည်းချက်အားသာချက်--- သဘာမြေသြဇာက အပင်က စုပ်ယူဖို့မြေသြဇာ အဖြစ်ကြာတယ်။ NPK အချိုးကို အတိအကျသိရဖို့ခက်မယ်။ အရေအတွက်များများသုံးရတယ်။ ဒါပေမယ့် မြေပွမြေဆွေးဖြစ်စေတယ်။ ရေရှည်အတွက်ကောင်းတယ်။ ဓါတ်မြေသြဇာက လိုအပ်တဲ့ NPK အချိုးကို အတိအကျသိနိုင်တယ်။ အရေအတွက်နည်းနည်းပြီး အမြန်မြေသြဇာ ပျော်ဝင်တယ်။ အပင်ကိုလိုအပ်သလိုပေးနိုင်တယ်။ ဓါတ်မြေသြဇာ တစ်မျိုးသုံးရင် မြေကြပ်ပြီးမြေခံ မြေဆီခန်းတယ်။ 1) သဘာဝမြေသြဇာ - တိရိစ္ဆာန်ချေးတွေကရတာဖြစ်တယ်။ - သစ်ရွက်၊မြက်၊ သစ်ကိုင်းတွေကို စုပုံနှပ်ပြီးရတယ်။ - သြဇာအစို ၊ မြေသြဇာအစိုဆိုတာက ဥပမာ မြေပဲလိုမျိုး ပဲတမျိုးကို စိုက်ပြီး ပဲပွင့်လာရင်ထွန်ပြီးအုပ်လိုက်ရင် ရတဲ့မြေသြဇာဖြစ်တယ်။ 2) ဓါတုမြေသြဇာ ဓါတ်တုမြေသြဇာ က ဓါတ်တုပစ္စည်းတွေနဲ့မြေသြဇာဖြစ်အောင်လုပ်ထားတာဖြစ်ပါတယ်။ ဓါတ်မြေသြဇာမှာ - နိုက်ထရိုက်ဂျင် Nitrogen (N) တမျိုးတည်းပါတဲ့တာရှိတယ်။ ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတဲ့တာရှိတယ်။ ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတဲ့တာရှိတယ်။ NPK 3 မျိုးလုံးပါတာရှိတယ်။ ဓါတ်မြေသြဇာအိတ်တွေမှာ ရေးထားကိန်းဂဏန်းတွေကို သတိထားကြည့်ရပါမယ်။ 45-0-0 လို့ရေးထားရင် နိုက်ထရိုက်ဂျင် Nitrogen (N) တမျိုးတည်းပါတာဖြစ်တယ်။ 0-45-0 လို့ရေးထားရင် ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတာဖြစ်တယ်။ 0-0-45 လို့ရေးထားရင် ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတာဖြစ်တယ်။ 15-15-15 လို့ရေးထားရင် NPK 3 မျိုးလုံးပါဝင်တာဖြစ်တယ်။ အများက 15 ပတ်လည်မြေသြဇာလို့ခေါ်ကြပါတယ်။ ပါဝင်တဲ့ မြေသြဇာ အချိုးပေါ်မူတည်ပြီး ဈေးအနည်းအများရှိပါတယ်။ အဲ့ဒီကိန်းဂဏန်းတွေက ကီလို 100 မှာ ပါဝင်တဲ့ ရာခိုင်နှုန်းဖြစ်တယ်။ ကိန်းဂဏန်း အနည်းအများပေါ်မူတည်ပြီး ဓါတ်မြေသြဇာ အာနိသင် အနည်းအများကွာခြားပါတယ်။ အပင်တွေကို ဓါတ်မြေသြဇာ 15 ပတ်လည်ပေးရမယ်လို့ပြောနေတာကြတာကို အမြဲလိုလိုကြားရပါတယ်။ သစ်သီးပင် စစိုက်ချိန်မှာ အရွက်အခက် သန်ဖို့နဲ့အမြစ်သန်ဖို့ပင်စည် ကောင်းဖို့လိုတယ်။ အဲ့ဒီတော့ စစိုက်ချိန်မှာ အပင်သန်ဖို့က N အမြင့် ဂဏန်းပါတဲ့ဓါတ်မြေသြဇာကိုပေးရမယ်။ ဥပမာ 35-5-15 အချိုးပါ အရှေ့က N အမြင့် ဂဏန်းပါတဲ့ဓါတ်မြေသြဇာဖြစ်ရပါမယ်။ 2) ဘိုင်အို-မြေသြဇာ ဘိုင်အိုမြေသြဇာက အကျိုးပြုအနုဇီဝပိုးနဲ့မြေသြဇာကို ဆွေးမြေ့ဖြစ်ပေါ်စေတာဖြစ်တယ်။ လေထုမှာပါလာတဲ့ နိုက်ထရိုဂျင်နဲ့ပေါင်းစပ်ပြီး အကျိုးပြုအနုဇီပိုးတွေက မြေသြဇာကိုဖြစ်ပေါ်စေတာဖြစ်တယ်။ နောက်တခုက မြေကြီးမှာရှိနေတဲ့ မြေသြဇာကို အကျိုးပြုအနုဇီပိုးတွေက မြေသြဇာဖြစ်စေပြီး အပင်က အသုံးပြုနိုင်အောင်လုပ်ပေးတာဖြစ်မယ်။ ဘိုင်အိုမြေသြဇာကို အရည်အဖြစ်လုပ်ယူလို့ရတယ်။ အကျိုးပြုအနုဇီဝပိုးတွေကို အီးအမ် ကနေရရှိတာဖြစ်တယ်။ နောက်ပိုင်းမှာ အီးအမ် လုပ်နည်းနဲ့ဘိုင်အို အိုးစိမ်မြေသြဇာ အရည်လုပ်နည်းအသေးစိတ်ကိုတင်ပြပါမယ်။ အဖတ်အဖြစ်လုပ်ယူလို့ရတယ်။ သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ဝက်ချေး၊ သစ်ရွက်ခြောက် ၊ မြက်စို၊ ဟင်းရွက်အစိုစတာတွေက ဒီအတိုင်စုပုံနပ်ထားမယ်ဆိုရင် အနုဇီဝပိုးတွေက အကျိုးပြုတာရော အကျိုးမပြုတာရော ရောနှောနေမယ်။ အပူဓါတ်များမယ်။ မြေသြဇာဖြစ်ဖို့ကြာလိမ့်မယ်။ နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ဝက်ချေး၊ သစ်ရွက်ခြောက် ၊ မြက်စို၊ ဟင်းရွက်အစိုစတာတွေကို စုပုံထားမယ်။ အီးအမ်အရည်ကို ဖြန်းပြီးရောမွှေမယ်။ ပလပ်စတစ်မိုးကာနဲ့အလုံအုပ်ထားမယ်ဆိုရင် 45 ရက်အကြာမှာ အပူဓါတ်လျော့သွားပြီးမြေသြဇာဖြစ်သွားပါမယ်။ သဘာဝမြေသြဇာတွေကို အီးအမ် အကျိုးပြုအနုဇီဝပိုးအရည်နဲ့စိမ်ပြီး မြေသြဇာ အရည်ဖြစ်အောင်လုပ်နိုင်တယ်။ သဘာဝမြေသြဇာမှာလည်း လိုချင်တဲ့ NPK အချိုးရအောင် လုပ်ယူလို့ရတယ်။ NPK ပါဝင်မှု ရာခိုင်နှုန်း …… N P K အရိုးမှုန့် 3 - 4 15 - 23 0.68 နွားချေး 1.10 0.40 1.60 ကျွဲချေး 0.97 0.60 1.66 ဆိတ်ချေး 1.03 0.66 0.64 လင်းနို့ချေး 1.54 14.28 0.60 ငုံးချေး 9.28 2.31 1.91 ကြက်ချေး 2.42 6.29 2.11 ဘဲချေး 1.02 1.84 0.52 ဝက်ချေး 2.69 2.24 1.12 သစ်ရွက်အစိမ်းရောင် 1.64 0.14 0.43 ဗေဒါပင် 1.55 0.45 2.80 ဖွဲနု 1.9 – 2.3 4 - 6 1.9 စပါးခွံ 0.46 0.26 0.70 စပါးခွံမီးသွေး 0.00 0.15 0.81 ကောက်ရိုး 0.59 0.08 1.72 ငါးခြောက်မှုန့်9 -10 2.13 1.2 – 2.7 ပြောင်းဖူးရိုး 1.78 0.25 1.53 ပြောင်းဖူးပင် 0.71 0.11 1.38 ပဲပုတ်ပင် 2.71 0.56 2.47 ပဲပုတ်အခွံ 7-10 2.13 1.12 – 2.7 နွားချေးက NPK ပါဝင်တဲ့နှုန်းထားက မြက်စို မြက်ခြောက်နဲ့ပဲပင်တွေကရတဲ့ အချိုးထက်ကို နည်းနေတာကို သတိထားမိပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ နွားတွေက မြက်စို မြက်ခြောက်နဲ့ပဲပင်ကို စားသုံးလိုက်ပြီး နွားခန္ဓာကိုယ်အတွက်လိုအပ်တာတွေကို စစ်ယူလိုက်ပြီး ကျန်တာကမှ နွားချေးအဖြစ် ပြန်ထွက်လာလို့ အချိုးအစားနည်းတာဖြစ်တယ်။ နွားချေး၊ လင်းနို့ချေး ကြက်ချေး သစ်ရွက်စို သစ်ရွက်ခြောက်တွေကို အပင်ကို တိုက်ရိုက်ပေးတာမျိုးက အပူဓါတ်ဖြစ်စေနိုင်တယ်။ အပင်ကို ဖျက်ဆီးတဲ့ မှိုပိုးကိုဖြစ်ပွားဈေးတယ်။ ပိုးမွားတွေ ပေါက်ဖွားမှုကို ဖြစ်စေတယ်။ ဒါကြောင့် တိုက်ရိုက်မထည့်ပဲ သိပ်ထားပြီးမှာ ထည့်ပေးတာက အပင်အတွက် ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။ သစ်သီးပင်အတွက် သဘာ၀ မြေသြဇာအလွယ်တကူလုပ်နည်း…. အသီးအပင် အတွက် မြေသြဇာအရည်အလွယ်လုပ်နည်း….. နွားချေးခြောက် 1 ပိသာ၊ ကြက်ချေးခြောက် 1 ပိသာကို ပလပ်စတစ်ပိုက်အကွက်စိတ်စိတ် ပါးပါးနဲ့ပဲဖြစ်ဖြစ် အဝတ်ပါးပါးနဲ့ပဲဖြစ်ဖြစ် ထုပ်ပါ။ အဲ့ဒီအထုပ်ကို ရေ 8 ဂါလံနဲ့စိမ်ပါ။ 3 ရက်တိတိစိမ်ပြီးရင် နွားချေး ကြက်ချေး အထုပ်ကိုဆည်ယူပြီး သစ်ပင် အရင်း တခုခုမှာချထားပါတယ်။ အထုပ်ထဲက စိတ်ကျလာမယ့် အရည်တွေက အပင်အတွက် မြေသြဇာရအောင်ဖြစ်ပါတယ်။ ကြက်ချေး နွားချေး စိမ်ထားတဲ့ အရည် 1 ဆကို ရေ အဆ 20 ရောပြီး အပင်တွေမှာ လောင်းပေးနိုင်ပါတယ်။ အရွက်ကိုဖြန်းဖို့ဆိုရင် ဟင်းခတ်ဇွန်း 15 ဇွန်းနဲ့ရေလီတာ 20 ကိုရောပြီးဖြန်းနိုင်ပါတယ်။ တကယ်လို့အသီးပင် အပွင့် ပင်မဟုတ်ရင် တော့ နွားချေးတစ်မျိုးတည်း နဲ့လုံလောက်ပါတယ်။ သဘာမြေသြဇာနဲ့ ဘိုင်အို - မြေသြဇာ လုပ်နည်း…. နွားချေး 1 ဆ၊ မြက်အစိမ်း 1ဆ၊ ကြက်ချေး (လင်းနို့ချေးရနိုင်ရင်ပိုကောင်းတယ်) 1 ဆ၊ သစ်ရွက်ခြောက် 1 ဆ၊ စပါးခွံက 2 ဆ၊ စပါးခွံမီးသွေးက 1 ဆ၊ မြေကြီးက 1 ဆကို စုပုံ။ အကျိုးပြုအနုဇီဝပိုး ပွားပြီး မြေသြဇာ အမြန်ဖြစ်ဖို့အတွက် အကျိုးပြုအနုဇီဝပိုးပွားစေဖို့တစ်ထပ်စီမှာ ဖွဲနု သင့်တော်သလို ဖြန်းပေး၊ သကြားညို သို့မဟုတ် တင်လဲရည် သို့မဟုတ် ထန်းလျက်ရည် သို့မဟုတ် ကြံသကာ အရည် တို့ကို အနည်းငယ်ဆို ဖြန်းပေးပါ။ (ဖွဲနုက အကျိုးပြု အနုဇီဝပိုးကို ဖြစ်ထွန်းစေတယ်။ အချိုရည်က အနုဇဝပိုးရဲ့အစာဖြစ်တယ်။ ) မြေသြဇာအားလုံးကို ရေစိုရုံ ဖြန်းပေးပါ။ လက်နဲ့ဆုပ်ကြည့်ရင် အဆုပ်လိုက်ရှိနေရုံဖြစ်ပါတယ်။ မြေသြဇာအားလုံးကိုရောပြီး သမအောင်မွှေပေးပါ။ အားလုံးသမပြီးဆိုရင် မိုးကာပလတ်စတစ်နဲ့အလုံ အုပ်ထားပါ။ ပထမ ရက်ပိုင်းမှာ အတွင်းကို လက်ထိုးထည့်ရင် အလွန်ပူနေတာကိုတွေ့ရမယ်။ 15 ရက်တစ်ခါလောက် သမအောင်ပြန်ရောမွှေပေးပါ။ ပြီးရင် မိုးကာပလတ်စတစ်နဲ့အလုံ အုပ်ထားပါ။ 45 ရက်ခန့်အကြာဆိုရင် မြေသြဇာအပုံကို လက်ထိုးထည့်ရင် အေးနေတာကိုတွေ့လာရမယ်။ မအေးသေးရင် နောက်ထပ် စောင့်ပါ။ အေးလာပြီး မှိုအဖြူရောင်တွေ တက်လာတာကိုတွေ့ရမယ်။ အဲ့ဒါဆိုရင်သုံးလို့ရပြီး။ ရက်ကြာကြာထားလေပိုကောင်းလေဖြစ်တယ်။ ရလာတဲ့မြေသြဇာကို အပင်ငယ်ချိန်မှာ အပင်အရင်းကနေ တစ်တောင်လောက်ခွာပြီး အပင်ပတ်ပတ်လည် 3-4 ကျဉ်းတူးပြီးထည့်ပေးတာ ပိုကောင်းတယ်။ ကျဉ်းအကျယ် တစ်ထွာလောက် အနက်က တောင်ဆုပ်လောက်ဆိုရင် ရပါတယ်။ အပင်ကြီးလာလေ မြေသြဇာကျဉ်းကို ခတ်ဝေးတူးပေးရပါတယ်။ မြေသြဇာရှိတဲ့နေရာကို အပင်အမြစ်တွေက ပြေးလာပြီး စုပ်ယူတဲ့အတွက် အမြစ်သန်ပြီး အပင်ကြီးထွားမှုကိုကောင်းစေမယ်။ အသီးအပွင့်အတွက် လိုအပ်တဲ့မြေသြဇာကိုလည်း အပင်က ရရှိပြီး အသီးကောင်းမှာဖြစ်ပါတယ်။ ကျဉ်းပေးတာက မြေသြဇာတွေ ရေနဲ့မျောပါသွားမှုမဖြစ်လို့အပင်အတွက် အကျိုးပိုရှိတယ်။ မြေသြဇာကျဉ်းတွေကို 3 လတစ်ခါ တူးပြီးပေးတာပိုကောင်းတယ်။ မြေသြဇာက နည်းနည်းနဲ့အကြိမ်များများပေးတာက မြေသြဇာပျက်ဆီးမှုနည်းပြီး အပင်အတွက်ပိုကောင်းတယ်။ အပင်ပတ်ပတ်လည် မြေအပေါ်လွှာကို တူးဆွပြီး မြေသြဇာပေးတာက လွယ်ပေးမယ့် နွေရာသီမှာ အပင်အမြစ်တွေ သေကုန်မှာဖြစ်လို့အပင်အတွက် မကောင်းပါ။ အပင်ရဲ့သဘာဝက မြေသြဇာနဲ့ရေရှိတဲ့နေရာကို အမြစ်က ပြေးတယ်။ မြေသြဇာကို မြေပြင်ပေါ်မှာ ပုံထားတဲ့အတွက် အမြစ်တွေက မြေအပေါ်ပိုင်းအထိ တက်လာပြီး မြေသြဇာကိုစုပ်ယူရတယ်။ နွေရေခြောက်ရင် အမြစ်တွေက သေကုန်ပြီး အပင်အတွက် အကျိုးမရှိပါ။ သစ်သီးပင်တွေ အတွက်ရေကို 2-3 ရက်တခါလောင်းပေးနိုင်တယ်။ တချို့အပင်က 1 ပါတ်တစ်ခါဆိုရင်လုံလောက်တယ်။ မြေသြဇာနဲ့ရေကို ပုံမှန်ပေးနိုင်ရင် အပင်တွေက သန်မာပြီး အသီးကောင်းမှာဖြစ်တယ်။ ဟင်းရွက်ပင်တွေအတွက် ကြက်ချေး လင်းနို့ချေးသုံးစရာ မလိုပါ။ အသီးချိုပြီးအရောင်လှဖို့မြေသြဇာအိုးစိမ်ရည်လုပ်နည်း---- အချိုးအရသာရှိတဲ့အသီးအမှည့်လွန် 3 ပိသာ အချိုက 1 ပိသာ အချိုးနဲ့တစ်လုံးမှာရောစိမ်ပါ။ ဖရဲသီး၊ သင်္ဘောသီး၊ သကြားသီး၊ ငှက်ပျောသီး စ တဲ့အသီးအမှည့်လွန်က 3 ပိသာ အချိုက 1 ပိသာ သကြားအညို၊ ကြံသကာ၊ ထန်းလျက်၊ တင်လဲရည် တမျိုးကိုသုံးနိုင်တယ်။ 3 လစိမ်ထားပြီးရင် သုံးလို့ရပါပြီး။ 6-12 လအထိထားရင်ပိုကောင်းပါတယ်။ မြေမှာလောင်းဖို့ဆိုရင် သစ်သီးအိုးစိမ်ရည် ဟင်းခတ်ဇွန်း 5 ဇွန်းကို ရေလီတာ 20 နဲ့ရောစပ်ပြီးလောင်းနိုင်တယ်။ အရွက်ကိုဖြန်းမယ်ဆိုရင် သစ်သီးအိုးစိမ်ရည် ဟင်းခတ်ဇွန်း 3 ဇွန်းကို ရေလီတာ 20 နဲ့ရောစပ်ပြီးဖြန်းပေးနိုင်ပါတယ်။ ငါးအမိုင်နိုလုပ်နည်း---- ငါး 3 ဆ၊ အချိုက 2 ၊ နာနတ်သီး အခွံက 1 ဆ ၊ ရေက 9 ဆတို့ကိုရောစိမ်ပါ။ ပုံးရဲ့ 3 ပုံ 1 ပုံ ပဲ ထည့်ရပါမယ်။ 2 ပုံက အလွတ်ထားရမယ်။ 3 လဆိုရင်သုံးလို့ရပြီး ၊ 6 လဆိုပိုကောင်းတယ်။ 1 နှစ်ဆိုရင် မြေသြဇာဓါတ်အားတွေအားလုံးထွက်လာမှာဖြစ်လို့ပိုပြီးကောင်းတယ်။ ငါးအမိုင်နိုက အပင်သန်မာစေတယ်။ အရွက်အခက်ကိုအားပေးတယ်။ အသီးအလုံးကြီးစေတယ်။ အရွက်အတွက် 2 စီစီကို ရေ 1 လီတာရောပြီး အရွက်တွေကိုဖြန်းနိုင်တယ်။ ဟင်းခတ်ဇွန်း 4 ဇွန်း ရေလီတာ 20 ရောဖြန်းနိုင်တယ်။ မြေမှာလောင်းဖို့အတွက် ဟင်းခတ်ဇွန်း 2 ဇွန်း ရေ 1 လီတာရောပြီး သုံးနိုင်ပါတယ်။ တစ်လမှာ 2-3 ကြိမ်အပင်ကိုပေးနိုင်ပါတယ်။ EM အကျိုးပြုဇီဝပိုး အရည်ပြုလုပ်နည်... အီးအမ်း ကမြေသြဇာမဟုတ်ပါ။ မြေသြဇာအမြန်ဖြစ်အောင် ချေဖျက်ပေးတာဖြစ်တယ်။ အကျိုးပြုဇီဝပိုးတွေက နွားချေး ကြက်ချေ သစ်ရွက်စို သစ်ရွက်ခြောက်တို့ကို အမြန်ဆွေးမြေ့စေပါတယ်။ - အရည်သောက် အုန်စိမ်း 4 လုံးအရည် - ဒိန်ချဉ် 1 ဖန်ခွက် (ဒိန်ချဉ်အချိုရည်ဗူးလည်းသုံးနိုင်) - ယိ(စ်) ဟင်းခတ်ဇွန်း 1 ဇွန်း (ပေါင်မုန့်ဖုတ်ရင်သုံးတဲ့ ပွဆေးဖြစ်တယ်) - ပဲငံပြာရည် ဟင်းခတ် 3 ဇွန်း (ထမင်းကြော်ရင်သုံးတဲ့ ပဲငံပြာရည်) အားလုံးကို ဗူးတစ်ဗူးမှာထည့်ပြီး ရောမွေပါ၊ ပြီးရင် အဖုံးလုံရုံလေးအုပ်ထားပါ။ (အဖုံးကြပ်ရင် အတွင်းကဂဲက်စ်ဖြစ်ပြီး အဖုံးပွင့်ထွက်တတ်တယ်) 7 ရက်ထားလိုက်ရင် အီးအမ်ဦးရည်ရပါပြီး။ EM အရည်ပွားနည်း... - အီးအမ် ဦးရည် 4 လီတာ (တစ်ဂါလံခန့်) - ရေလီတာ 100 (25 ဂါလံခန့်) - တင်လဲရည် 50 သား (သကြားညို၊ ကြံသကာ၊ ထန်းလျက်တို့ကိုလည်းသုံးနိုင်ပါတယ်) - ပဲငံပြာရည် ပုလင်း ဝက် အားလုံးကို ကော်ပုံးတစ်လုံးမှာ ထည့်ပြီးရောမွေပါ၊ ပြီးရင် အဖုံးချောင်ချောင် ပိတ်ထားပါ။ 15 ရက်အကြာမှာ အသုံးပြုနိုင်ပြီးဖြစ်ပါတယ်။ အရိပ်မှာထားရမယ်။ နေရောင်မထိတဲ့နေရာမှာထားရင် လပေါင်းများစွာထားလို့ရပါတယ်။ မြေသြဇာလုပ်တဲ့အခါထည့်ဖြန်းပေးရင် မြေသြဇာ အမြန်ဆွေ့မြေ့တယ်။ များများထည့်ရင်မြန်မြန်ဆွေးမယ်။ နည်းရင်နှေးမယ်။ စိုက်ပြီးအပင် မြေမှာလည်းလောင်းပေးလို့ရပါတယ်။ အပင်မြေမှာ သင့်တော်သလိုဖြန်းနိုင်ပါတယ်။ အုန်းရည်အစားထိုးလုပ်နည်း…… ရေလီတာ 30 သကြားအညို(သို့မဟုတ် ကြံသကာ၊ ထန်းလျက်) 1 ကီလို ဖွဲနု 1 ကီလို ရောမွှေပြီး 7 ရက်စိမ်ထားပြီးရင်အသုံးပြုလို့ရပြီး။ ဖွဲနုက အကျိုးပြု အနုဇီဝပိုးကို ဖြစ်ပေါ်စေတယ်။ အချိုက အကျိုးပြုအနုဇီဝပိုး အစာဖြစ်တယ်။ ပြည့်စွက်မြေသြဇာ--- ဖြည့်စွက်မြေသြဇာတွေရဲ့အသုံးဝင်ပုံကို တဖြေးဖြေးခြင်းလေ့လာယူနိုင်ပါတယ်။ ကာပွန် Carbon (C)၊ ဟိုင်ဒရိုဂျင်Hydrogen နဲ့ အောက်စီဂျင် Oxygen တို့ဖြစ်တယ်။ လေထုနဲ့နေရောင်ခြည်တို့ကနေရရှိတာဖြစ်ပါတယ်။ ကယ်လီစီယမ် Calcium (Ca) မက်နီစီယမ် Magnesium (Mg) ကန့် Sulphur (S) စီလီခေါန်း Silicon (Si) ဖြည့်စွက်မြေသြဇာ 11 မျိုး (micronutrients elements) ဘိုရောန်း Boron (B) အသီးအရွက် အရွက်ကြီးစေတယ်။ အရွက်ထူစေတယ်။အသီးအသားထူးစေတယ်။ ကြွတ်စေတယ်။ ဂျစ်ဖ်ဖားရင်း Giffarine အရွက်အသီးကိုရှည်စေတယ်။ ခရိုရင်း Chlorine (Cl) မဂ္ဂနီစီယမ်အောက်ဆိုဒ် Manganese) (Mn) သံ Iron (Fe) သွပ်(ဇင့်) Zinc ( Zn) ကြေးနီ Copper (Cu) မိုလီဒီနမ် Molybdenum (Mo) နိခ်ကယ်လ် Nickel (Ni) စီလဲန်နီယမ် Selenium (Se) ဆိုဒီယမ် Sodium (Na) ခိုင်တိုစန် Chitosan ဒါ့အပြင် ပရိုတင်းအသားဓါတ်ကလည်း အပင်တွေအတွက်အရေးပါတဲ့မြေသြဇာဖြစ်တယ်။ crd.သူများဟာ
အပင်ပိုင်းကြီးထွားဖို့လိုအပ်တဲ့ အပင်ဖြစ်တဲ့အတွက် နိုင်ထရိုဂျင်လိုအပ်ပါတယ်။ အရည်အသွေးပိုင်းကောင်းဖို့အတွက် ပိုတက်နဲ့ ဖော့စဖိတ်လည်း လိုပါတယ်။ ပိုတက်နဲ့ ဖော့စဖိတ်က မြေခံမှာကတည်းက ထည့်ရင် ပိုထိရောက်ပါတယ်။
မြေသြဇာကျွေးနည်းပါ
ဆက်စပ်မေးခွန်းများ
ကြံစိုက်နည်းပြောပေးပါခင်ဗျာ
ဖြေကြားချက် 4 ခု
ကြံစိုက်ပျိုးနည်းအပြည့်အစုံနှင့်ကြံပျိုးရွှေးချယ်မူှ့ကိုအလင်းပြပေးပါ
ဖြေကြားချက် 1 ခု
ကြံ ဘယ်အချိန်မှာစိုက်ရလဲခင်ဗျ
ဖြေကြားချက် 1 ခု
epigeal germination နဲ့. hypogeal germinatin ကိုခွဲခြားပြပေးပါဗျ
ဖြေကြားချက် 2 ခု
ကျွန်တော်မေးတာကြံတော့မဟုတ်ပါဘူး အစေ့အဆံနဲ့ပတ်သက်တဲ့သီးနှံပါ
ဖြေကြားချက် 1 ခု