အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
873
လွန်ခဲ့သော ၇ နှစ် က · ပျော်ဘွယ်

EM1ဆေးရညိကိုဘယ်မှာဝယ်ရမလဲEMနဲ့နွားချေးအမှိုက်ဘိုကာရှီမြေဆွေးပြုလုပ်နည်းအသေးစိတ်သိချင်တယ်တင်ပေးအုံးခင်ဗျာကျေး...

EM1ဆေးရညိကိုဘယ်မှာဝယ်ရမလဲEMနဲ့နွားချေးအမှိုက်ဘိုကာရှီမြေဆွေးပြုလုပ်နည်းအသေးစိတ်သိချင်တယ်တင်ပေးအုံးခင်ဗျာကျေးဇူးပါ

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
3

ဖြေကြားချက် ၃ ခု

118 လွန်ခဲ့သော ၇ နှစ် က

သားစားကြက်မွေးမြူ ရေးကိုလည်းကျေးဇူးပြု ပြီးဖော်ပြပေးပါခင်ဗျာ

234 လွန်ခဲ့သော ၇ နှစ် က

သဘောကျပါသည်။ကျေးဇူးပါပဲ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

အီးအမ်အသုံးပြုမြေသြဇာပြုလုပ်နည်း သီးနှံများအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအပြင် ဇီဝမြေသြဇာများ ကျယ်ပြန့်စွာ သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး အီးအမ် (အကျိုးပြု အဏုဇီဝ) အသုံးပြု မြေသြဇာပြုလုပ်နည်း များအား ဖော်ပြပေး လိုက်ပါသည်။ ပထမဦးစွာ အသင့်သုံး အီးအမ်ဖျော်ရည်ဖျော်စပ်ရပါမည်။ ရက်ကြာလျှင် အာနိသင်မပြတော့ပေ။ ထို့ကြောင့် အသုံးပြုကာနီးမှသာ အသင့်သုံးအီးအမ်ကိုဖျော်စပ်ရပါမည်။ အသင့်သုံးအီးအမ်ဖျော်စပ်နည်း ပါဝင်သောပစ္စည်းများ အီးအမ်ဖျော်ရည်ပြင်း(စတီးဇွန်း ၁ ဇွန်း) ၊ တင်လဲရည် /သကာရည်(စတီးဇွန်း ၄ ဇွန်း)၊ ရေ(ရေလီတာပုလင်း၏ပုခုံးဝက်) အချိုးအစား- ( ၁: ၄: ၉၅ ) ဆ ပြုလုပ်နည်း (၁) ပါဝင်သောပစ္စည်းများကို အထက်ပါ အချိုးအတိုင်းရောစပ်ပြီး သမအောင်လှုပ်ပါ။ (၂) ပြီးလျှင် လေလုံအောင်ပိတ်ပါ။ နေ့စဉ် နံနက်တိုင်း အဖုံးဖွင့်၍ ဓါတ်ငွေ့များကို ဖယ်ထုတ်ပါ။ (အေး၍မှောင်ပြီးခြောက်သွေ့သောနေရာတွင် ထားပါ)။ (၃) ရောစပ်ပြီး ၃ ရက်ခန့်အကြာ မူလအမဲရောင်မှ အဝါရောင်သို့ ပြောင်းလာ၏။ ထိုအခါ စတင်အသုံးပြု နိုင်ပြီဖြစ်သည်။ဖျော်စပ်ပြီး (၇) ရက်မှ (၁၀) ရက်အတွင်း အကုန်သုံးပစ်ရမည်။ ရက်ကျော်ပါက အဝါရောင်မှ အမည်းရောင်ပြောင်းပြီး အနံ့လည်း မကောင်းတော့ပေ။ ထိုအခြေအနေရောက်ပါက အာနိသင်ပြယ်ပြီဟု မှတ်ပါ။ မှတ်ချက်။ ဖျော်စပ်ရာတွင် အသုံးပြုသည့် ဘူးခွံ့သည် ဓါတ်ဆီ၊ ဒီဇယ်၊ စားသုံးဆီစသည့် ဆီပါသော ဘူးများအား အသုံးမပြုရပါ။ (၁) အီးအမ်ဘိုကာရှီပြုလုပ်ပုံအဆင့်ဆင့် (၁) အရိပ်ကောင်းကောင်းနေရာကို ရွေးပါ။ (၂) သီးနှံစွန့်ပစ်ပစ္စည်း( ဥပမာ-ကောက်ရိုး၊ ဗေဒါ)သို့မဟုတ် မြက်ခြောက်နှင့်နွားချေးတို့ကို စုဆောင်းပါ။ (၃) စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ ၂၀ ထည့်ပါ။ ထိုအထဲသို့ အသင့်သုံးအီးအမ်ဖျော်ရည်နို့ဆီ ၃ ခွက် နှင့် တင်လဲရည် ၃ ခွက်ရောစပ်ပြီး သမအောင်တုတ်ဖြင့်မွှေပေးပါ။ (နို့ဆီ ၃ ခွက် = ၁ လီတာ) (၄) သစ်သားငုတ်များသုံး၍ မြေဆွေးပုံနေရာကို သတ်မှတ်ပါ။ မြေဆွေးပုံအကြီးအသေးသည် အသုံးပြုမည့် သီးနှံ သို့မဟုတ် မြက်ခြောက်ပမာဏပေါ် မူတည်ပါသည်။ သို့သော် ဘိုကာရှီတစ်ပုံသည် အလျား ၆ပေ၊ အနံ ၄ ပေ၊ အမြင့် ၃ ပေထက်မပိုသင့်ပါ။ (၅) လျာထားသတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ပစ္စည်းများကို ပထမအလွှာအဖြစ် ဖြန့်ခင်းပြီး သိပ်သည်း တင်းကြပ်နေစေရန် ခြေဖြင့်ဖိနင်း၍ ၆ လက်မထုရသည်အထိပြုလုပ်ပါ။ (၆) ထိုအလွှာပေါ်သို့ အီးအမ် ၃ ဂါလံပက်ဖြန်းပေးပါ။ (၇) နွားချေး ၈ ပြည်ထပ်၍ဖြူးပါ။ (၈) မြေဆွေးပုံအမြင့် ၃ ပေရောက်သည်အထိ အဆင့်(၅)၊ (၆)၊ (၇) တွင်ဖော်ပြထားသည့်အတိုင်း တစ်လွှာ ပြီးတစ်လွှာဆင့်တင်သွားပါ။ (၉) မြေဆွေးပုံပူနွေးစေရန်နှင့် လေတိုက်၍ခြောက်သွေ့မှုမဖြစ်စေရန် အပေါ်မှပလတ်စတစ်ဖုံးထားပေးရသည်။ (၁၀) (၇-၁၀) ရက်ခန့်အကြာ အစိုဓါတ် အနည်းအများကို စီစစ်ပါ။ ခြောက်သွေ့နေက ရေဖျန်းပေးပါ။ မြေဆွေး ပုံ အမြဲစိုစွတ်နေစေရန် ဂရုပြုပေးပါ။ မခြောက်လွန်းစေရ။ မစိုလွန်းစေရပေ။ (၁၁) ၁-၂ ပတ်ခန့်အကြာ (တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်တိုင်) စတင်သုံးစွဲနိုင်ပါသည်။ ဘိုကာရှီ ကို နောက်ဆုံးထွန်ရေးနှင့်အတူ ကြဲပက်ကျွေးရသည်။ တစ်ဧကအတွက် ဘိုကာရှီ (၂-၅) တန် (၈ မှ ၂၀ပုံ) လိုအပ်သည်။နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းပင်များအတွက် ဘိုကာရှီကို အစိုဓါတ် အလုံအလောက်ရှိစဉ် အပင်ခြေ၌ထည့်သွင်းပေးရသည်။ (၂) စူပါအီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်ပုံအဆင့်ဆင့် လိုအပ်သော ပစ္စည်းများ · စပါးခွံ / စပါးခွံမီးသွေး/ စက်ဖွဲပြာ · နွားချေး/ ကျွဲချေး/ ကြက်ချေး/ ဆိတ်ချေး/ မြင်းချေး/ ဝက်ချေး · ဖွဲနု · အသင့်သုံး အီးအမ် ဖျော်ရည် · သကာရည်/ တင်လဲရည် · လေလုံသောအိတ် ပြုလုပ်နည်း (၁) စပါးခွံ့၊ နွားချေး နှင့် ဖွဲနု (၂-ဆ၊ ၂-ဆ၊ ၁-ဆ) တို့ကိုရောစပ်၍ပုံပါ။ (၂) အပုံပေါ်သို့ အသင့်သုံးအီးအမ်ဖျော်ရည်ဖျန်း၍ သမအောင်မွွှေပါ။ အစိုဓါတ်မများလွန်း၊ မနည်းလွန်း စေရ။ လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှရေမထွက်စေရ။ လက်ဖြန့်လိုက်ပါကအလုံး မပျက်စေရ။ (၃) ရောစပ်ပြီးပစ္စည်းများကို လေလုံအိတ်အတွင်းထည့်၍ ချည်နှောင်ပြီး အေး၍ခြောက်သွေ့သောအရိပ်ထဲ တွင်ထားပါ။ (၄) ချိုသင်းသင်းအနံ့ရရှိလာပါက နွေရာသီတွင် (၃)ရက်၊ ဆောင်းရာသီတွင် (၁၀) ရက်ကြာလျှင် မြေ ဆွေးအဖြစ် စတင်အသုံးပြုနိုင်သည်။ ကြာရှည်သိုလှောင်လိုပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲ သို့ ပြန်လည် ထည့်သွင်း၍ (၆)လခန့်အထိ သိုလှောင် ထားနိုင်သည်။ တစ်ဧကအတွက် အနည်းဆုံး ၁ တင်းခွဲဝင် ပီနန်အိတ် ၂၀ အသုံးပြုရမည်။

You

ဆက်စပ်မေးခွန်းများ

ပိုတက်ဆီယမ်{K}ကို ကျွန်တော်တို့နည့်အနီးစပ်ဆုံး ဘာတွေထဲက ရနိုင်လည်းဗျ နားလည်တည့်ဆရာများ ရှင်းပြပေးကျပါအုံး

ဖြေကြားချက် 5 ခု

အရွက်အနားတွေခရမ်းရောင်သမ်းလာပြီးတဖြေးဖြေးနဲ့အရွက်တရွက်လုံးခရမ်းရောင်သမ်းပြီးခြောက်သွားပါသည်။ဝိုင်းပြီးအကြံပြု...

ဖြေကြားချက် 2 ခု

ငါးအမိုင်နိုအက်စစ် ပြုလုပ်ပုံလေး ပြောပြပေးပါခင်ဗျာ..စိုက်ပျိုးရေး မှာသုံးခြင်လို့ပါ EM အရည်ပြုလုပ်နည်းရော .....

ဖြေကြားချက် 7 ခု

EM1ဆေးရည်ကိုဘယ်ဆိုင်မှာရောင်းတာလဲပျော်ဘွယ်ကပါလမ်းညွန်ပေးပါအုံးEMဆေးကိုယ်တိုင်ဖော်စပ်နည်းလေးသိချင်ပါတယ်တင်ပေး...

ဖြေကြားချက် 4 ခု

ကျနော့ခရမ်းချဉ်ပင်တွေအသီးဖြစ်ခါမှပုံပါအတိုင်းအပင်ညှိုးပြီးသေတယ် ပင်စီကိုခွဲကြည့်တော့အထဲမှာအညိုရောင်ဖြစ်နေတယ် အ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။