အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ဘီးလင်း

စပါးစထွက်ထဲက အဖျားကအနုမှာတင်ဖွေးပြီးကြွေသွားတာဘာကြောင့်လဲဗျ ဖွေးနေတဲ့အဖျားက အနှံ‌ထဲကစပါးခွံတောင်မဖြစ်လိုက်ဘူး...

စပါးစထွက်ထဲက အဖျားကအနုမှာတင်ဖွေးပြီးကြွေသွားတာဘာကြောင့်လဲဗျ ဖွေးနေတဲ့အဖျားက အနှံ‌ထဲကစပါးခွံတောင်မဖြစ်လိုက်ဘူး အောက်ကကျန်တာတော့တင်တယ် နို့ရည်တော့မခဲသေးဘူး .. တစ်ချို့ကနှံစုပ်ပိုးလို့ပြောတယ် ၊ တစ်ချို့ကမြေဆီအဟာရချို့တဲ့တာတဲ့ ၊ တစ်ချို့ကမိုးရည်ဝင်တာလို့ပြောတယ် စပါးဖုန်းတဲ့အချိန်ကနေ ထွက်တဲ့အချိန်ထိ မိုးကလဲ2ခါလောက်ပဲ2နာရီ 3နာရီကြာရွာဘူးတယ် ကျန်တဲ့အချိန်နေအမြဲသာနေတာ ထွက်တဲ့ရက်မှာကိုပေါ့ ပညာရှင်များခင်ဗျာ ဒါဘာကြောင့်လဲအသိပညာမျှဝေပေးစေလိုပါတယ်ဗျာ ကျေးဇူးပါ။

စိုက်ပျိုး ဗဟုသုတ စပါး စပါးပန်းပွင့်ချိန်
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

စပါးပန်းဖြိုင်ဖြိုင်ပွင့်နေချိန် အပွင့်ထဲကို မိုးရေဝင်လို့ သ န္ဓေမအောင်တာပါ။ အောက်ကအသီးတွေက မိုးလွတ်တဲ့အပွင့်တွေဖြစ်ပါလိမ့်မယ်။သဘာဝကြောင့်ဖြစ်တဲ့ပြဿနာဆိုတော့လဲ၊ပြုပြင်လို့မရဘူးပေါ့ဗျာ။ ပိုးကြောင့်၊အာဟာရကြောင့်ဆိုရင် အဲသလောက်မဆိုးပါဘူး။ တော်တော်များများဖြစ်ကြတယ်။ နို့ရည်ခဲနိုင်ရင်တောင်မှ၊စပါးမှိုသီးရောဂါ ဖြစ်နေကြတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။