သီးကင်းကြွေကျနေလို့အသီးမတင်လို့ပါ ဘာဆေးသုံးရမလဲ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အသီး
1. ဝတ်မှုန်ကူးမှု အားနည်းခြင်း- ပန်းပွင့်များကို ကောင်းစွာဝတ်မှုန်ကူးခြင်းမပြုပါက ရလာသော အုန်းသီးများသည် အပြည့်အဝ မဖွံ့ဖြိုးနိုင်သည့်အပြင် အချိန်မတန်မီ ကြွေကျနိုင်ပါသည်။ 2. အာဟာရချို့တဲ့ခြင်း- ပိုတက်စီယမ်၊ ဘိုရွန်နှင့် ကယ်လ်စီယမ်ကဲ့သို့သော အဓိက အာဟာရဓာတ်များ ချို့တဲ့ပါက အုန်းသီးနုများကို စောစီးစွာ ေကြွစေပါသည်။ 3. ရေ ေလာင်းနည်း/များခြင်း တသမတ်တည်းမဟုတ်သော ရေလောင်းခြင်း—နည်းလွန်းခြင်း သို့မဟုတ် အလွန်အကျွံလောင်းခြင်း—သည် အပင်ကို ဖိစီးစေပြီး အုန်းသီးလေးများ အရွယ်မတိုင်မီ ေကြွကျခြင်းကို ဖြစ်စေသည်။ 4. ပိုးမွှားများနှင့် ရောဂါများ- အုန်းပင်မှာ ပိုးမွှားများ နှင့် မှိုေရာဂါများ ကျရောက်နိုင်ပြီး အသီးငယ်များကို ပျက်စီး/ ကြွေကျစေနိုင်သည်။ 5. လေတိုက်ခြင်း သို့မဟုတ် မုန်တိုင်းကြောင့် ပျက်စီးခြင်း- လေပြင်းတိုက်ခတ်မှုကြောင့် အုန်းသီးနုများ အထူးသဖြင့် ၎င်းတို့၏ ကြီးထွားမှုအစောပိုင်းအဆင့်တွင် အလွယ်တကူ ပျက်စီးေစနိုင်သည်။ 6. ဟော်မုန်းမညီမျှခြင်း- အချို့သောကိစ္စများတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုများကြောင့် အပင်တွင်းရှိ ဟော်မုန်းပြောင်းလဲမှုများေကြာင့်စောစီးစွာ အသီးများ ကြွေကျစေနိုင်သည်။ 7. အပင်ဦးေရ/အသီးဦးရေများပြားလွန်းခြင်း - တခိုင်မှာ အသီးများစွာ သီးနေပါက နေရာမရှိခြင်း / အစာမလုံလောက်ခြင်းကြောင့် အချို့မှာ ပြုတ်ကျနိုင်သည်။ အုန်းသီးလေးများ ပြုတ်ကျခြင်းမှ ကာကွယ်နည်း #ပိုတက်စီယံK2Oဓါတ်ပါသောမြေသြဇာ များများကျွေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးအတွက် အုန်းဆံခွံ မြေဩဇာ လုပ်နည်းလေးသိချင်လို့ပါ ဆရာတို့အကြံဉာဏ်ပြု ပြောပြပေးပါဦး
ဖြေကြားချက် 2 ခု
အုန်းချိုမွှေးစိုက်ပျိုးနည်းလေးသိချင်လို့ပါ
ဖြေကြားချက် 1 ခု
မိန်လာကန်အားမြေဖို့၍ ၃နှစ်အုန်းနှင့် ၃နှစ် ကွန်းပင်စိုက်ထားပါသည် ရှင်သန်ကြီးထွား နိုင်မလား သိချင်ပါသည်
ဖြေကြားချက် 1 ခု
ဒါ ဘာအပင်လေးလဲ သိချင်လို့ပါ မျိုးတူ နှစ်ပင်ပါ
ဖြေကြားချက် 1 ခု
အုန်းပင်စိုက်ပျိုးရန်
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။