အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၇ နှစ် က · လှည်းကူး

ယင် ကောင် နဲ့ လောက်ပိုး ကို သဘာဝ သတ်နည်းရှိရင် ပေးပါဦး

ခြံမှတ်တမ်း နွား
6

ဖြေကြားချက် ၆ ခု

6,326 လွန်ခဲ့သော ၇ နှစ် က

ဆရာဝန်နှင့်ပြသတိုင်ပင်သင့်ပါတယ်

580 လွန်ခဲ့သော ၇ နှစ် က

တရိဆ္တန်တွေမှာပိုးကျလိ့ုကုချင်တာဆိုရင်တော ခေါက်ရှာပင်ကအခေါက်ကိုခွာပြီးမှုန်နေအောင်ထောင်းထားပြီးတောထည့်ပေးလိုက်ရင်သေစေနိုင်ပါတယ်ဗျာ အသေးစိတ်သိချင်သေးရင်ဖုန်းဆက်မေးလိုက်ပါ

4,486 လွန်ခဲ့သော ၇ နှစ် က

လောက်သေရွက်ကို ထည့်ပေးခြင်းဖြင့် လောက်ကောင်ကျရောက်မှုကို ကာကွယ်နိုင်ပါသည်။ ယင်ကောင်အတွက်ကတော့ မှိုတက်၍သေနေသော ယင်ကောင်တစ်ကောင်ကို ကြိတ်ချေ၍ ရေတွင်ဖျော်ပြီး ယင်ကောင်အနားများသော နေရာများတွင် ပက်ဖျန်းပါ။ ယင်ကောင်များကို ကူးစက်ပြီး ရောဂါရကာ သေစေခြင်းဖြင့် နှိမ်နင်းနိုင်ပါသည်။ ဓာတုပိုးသတ်ဆေးက အဆိပ်သင့်နိုင်သဖြင့် အသုံးမပြုသင့်ပါ။

232 လွန်ခဲ့သော ၇ နှစ် က

ဟာရဝူးလေ မွေးမြူရေးခြံ ဗျ ယင်သေတွေကို တရိဆ္ဌန်က စားပြီး သေကုန်မှာပေါ့

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

ပင်စိမ်းကို စိုက်ပျိုးရေးမှာ ဘယ်လို အသုံးချလို့ရမလဲ။ https://greenwaymyanmar.com/posts/how-to-use-basil

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

ဒီနည်းလမ်းက အဆင်ပြေမယ်ထင်တယ်။ သစ်သီးယင် ထောင်ချောက် အောက်ဖော်ပြပါနည်းသည် လက်တွေ့အရ သစ်သီးယင်များအား နှိမ်းနှင်းရာတွင် အထူးထိ ရောက်မှု ရှိကြောင်းသိရသည်။ ပင်စိမ်းရွက်၂ကျပ်ခွဲသားကို ကြေညက်အောင် ကြိတ်(ထောင်း)၍ ရေ ဟင်းစားဇွန်း (၁၃) ဇွန်းနှင့် ရောမွှေ၍ အုန်းမှုတ်ခွက်တွင် ထည့်ထားပါ။ အနွမ်း မမြန်စေရန်အတွက် သံပုရာသီးတစ်စိတ်ကို အရည်ညှစ်ထည့်ပါ။ ပြီးလျှင် အဆိပ်တစ်ခုခုနှင့်ရော၍ ယင်းအုန်းမှုတ်ခွက် ထောင်ချောက်ကို သရင်ပင်ကိုင်းတွင် ချိတ်ပါ။ သရက်ပင် တစ်ပင်လျှင် ထောင်ချောက် (၄) ခုနှုန်း ချိတ်ပါ။ သစ်သီးယင်များသည် ပင်စိမ်းစစ်ကျရည်ကို လာရောက်စားသောက်ခြင်းဖြင့် သေကြသည်။ အဆိုပါ ထောင်ချောက်များကို အသီးစတင်သည့်အချိန်မှ အသီးခူးချိန်အထိ ချိတ်ဆွဲပါ။ ထောင် ချောက်များကို တစ်ပတ်တစ်ခါ အသစ်လဲလှယ်ပေးပါ။ အဆိပ်သင့်သည့် သစ်သီးယင်များကို ချက်ခြင်း ဖယ်ရှားပေးပါ။ အသေးစိတ်ဖတ်ဖို့ - https://greenwaymyanmar.com/posts/basil-pesticide

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။