ဖြေကြားချက် ၁ ခု
#သဇင်ပန်းစိုက်ပျိုးနည်း ----- တကယ်တော့ သဇင်စိုက်ဖို့ နေရောင်အများကြီးမလိုပါဘူး ၊ နေပြင်းတာကိုလည်းကြာရှည်မခံနိုင်ပါဘူး ၊ အသင့်အတင့် ရဖို့ပဲလိုပါတယ် ၊ တကယ်လိုတာက အလင်းရောင်များများ ရဖို့ပါ ၊ အလင်းရောင်အရနည်းရင် ရောဂါထူတတ်ပြီး အစာချက်လုပ်ဖို့ အလင်းရောင်မလုံလောက်တဲ့အတွက် ကြီးထွားသန်စွမ်းတဲ့ ဥများရရှိဖို့မဖြစ်နိုင်ပါဘူး ။ အဲဒီတော့ သဇင်စိုက်မယ်ဆိုရင် ထားမယ့်နေရာဟာ အလင်းရောင်ကောင်းကောင်းရမယ့်နေရာ ဖြစ်ဖုိ့လိုပါတယ် ။ မိုးတွင်းမိုးရေဒါဏ်ကို ခံနိုင်ပေမယ့် အပေါ်က ပိုက်စကာမိုးပေးထားတာဒါမှမဟုတ် အလင်းရောင်ရတဲ့အမိုးအကာအောက်မှာထားတာ အကောင်းဆုံးပါ ။ မိုးပေါက်မှန်တာများရင် အရွက်နာပြီး ရိသွားတတ်ပါတယ် ၊ အရွက်မရှိတော့ဘူးဆိုတာနဲ့ ဥဖြစ်ဖို့ လမ်းမရှိတော့ပါဘူး ။ ပျိုးခံအနေနဲ့ မှိုဆေးပုံမှန်ပေးနိုင်ရင် အသင့်လုပ်ပြီးတိုင်များ ဝယ်သုံးနိုင်ပါတယ် ၊ အသင့်လုပ်ပြီးတိုင်များဟာ ပျိုးစာထူလွန်းတဲ့အတွက်ရေထိန်းတာများပြီး ဘက်တီးရီးယားရောဂါဝင်လွယ်ပါတယ် ၊ မှိုဆေးပုံမှန်ပေးနိုင်ဖို့လိုပါမယ် ။ ကျွန်တော်ကတော့ အနည်းအကျဉ်းစိုက်တာဖြစ်တဲ့အတွက် ပျိုးစာပါးပါးနဲ့ ကိုယ်ဟာကိုယ်ပဲလုပ်ပါတယ် ၊ သုံးမယ့်အုန်းဆံကိုတော့ရင့်ပြီးခြောက်တဲ့ အုန်းသီးခြောက်အခွံအသန့်ကိုပဲသုံးပါ ၊ မိုးထိထားတဲ့အုန်းခွံများဟာ ရောဂါစုံပါလာနိုင်တဲ့အတွက် မသုံးတာကောင်းပါတယ် ။ စိုက်ပြီးပြီးချင်းနွေကာလမှာ ပင်တက်သစ်အတွက်ရေမှန်မှန် ပေးပြီးပြုစုရပါမယ် ၊ ပင်သစ်ထွက်စအားရှိမှ သန်စွမ်းတဲ့အပင်များရရှိမှာဖြစ်ပါတယ် ၊အပင်နုချိန်မှာ ဆေးမပေးတာကောင်းပါတယ် ၊ မိုးဖြိုင်ဖြိုင်ကျလာမှမိုးမရွာတဲ့မနက်ခင်းများမှာ ပေးသင့်ပါတယ် ဒီအချိန်ဆို အပင်ငယ်များလည်း အတော်အသင့်ခံနိုင်ရည်ရှိတဲ့အရွယ်ရောက်နေပါပြီ ။ သဇင်ရွက်များဟာနုတဲ့အတွက် ဒန်ဒရိုများပေးတဲ့ဆေးအချိုး အတိုင်းပေးရင်မခံနိုင်ပါဘူး ၊ ဒါကိုအထူးသတိထားရပါမယ် ။ ဆေးကိုပျော့ပျော့ပဲပေးပါ ။ ( များရင်တာ့တာပြသွားရော ၊ ကိုယ်တွေ့ ) အမှန်ဆိုရင်တော့သဇင်မျိုးစိတ်များဟာအလင်းရောင် ကောင်းကောင်းရရင် လေထုနဲ့ မိုးရေမှာပါတဲ့အာဟာရနဲ့တင် ပုံမှန်ကြီးထွားသန်စွမ်းနိုင်တဲ့ အစွမ်းရှိပါတယ် ။ မိုးရာသီအကုန်မှာတော့ ပင်ဥတော်တော်ကြီးလာ ပြီဖြစ်ပါတယ် ၊ ဒီအချိန်မှာနေရောင်ဖြော့ဖြော့ရစေနိုင်ရင် အကောင်းဆုံးပါ ။ ပင်ဥပြည့်လာချိန်ရောက်ပြီဆိုရင်တော့ ရေဖြတ်ပေးရမယ့်အချိန်ရောက်ပါပြီ ၊ တော်ဝင်သဇင်များဟာ အရွက်ကြွေပြီးမှပွင့်ကြပါတယ် ၊ အချို့စောစောပွင့်စေလိုသူများကတော့ အရွက်များညှပ်ပေးခြင်း ရွက်ခြွေဟော်မုန်းသုံးခြင်းစသဖြင့် အရွက်များကြွေစေအောင်လုပ်ဆောင်ကြပါတယ် ။ အိမ်မှာတော့ကြွေချင်တဲ့အချိန်ကြွေ ပွင့်ချင်တဲ့အချိန်ပွင့် စနစ်သုံးပြီးစိုက်ပါတယ် ။ စိုက်ချင်သူများအနေနဲ့ မိမိကိုယ်ပိုင်အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး မိမိနဲ့အဆင်ပြေသလိုစိုက်လို့ရပါတယ် ။ နည်းစနစ်ကတော့ တိုင်မှာကပ်စိုက်တာအသင့်လျော်ဆုံးပါ ၊ ပက်လက်ဗန်းနဲ့စိုက်သူများအတွက်ကတော့ ရေဆင်းကောင်းဖို့ကိုအထူးစီမံပေးဖို့ သတိပေးချင်ပါတယ် ။ Credit Htay Aung
ဆက်စပ်မေးခွန်းများ
ပန်းဥယာဉ်စိုက်ပျိုးခြင်း၊ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ပျိုထောင်ခြင်း၊ပျိုးခြံတည်ထောငိခြင်း နှင့်ပတ်သက်သောပညာ...
ဖြေကြားချက် 2 ခု
အသင့်သုံးအီးအမ်ကရေထပ်ရောရလားဒီအတိုင်းဖျန်းရတာလားရေရောရရင်ရေဘယ်နှဆနဲ့ရောရမလဲ
ဖြေကြားချက် 2 ခု
အပင်တွေ အရွက်တွေကြွေကုန်လိုပါ
ဖြေကြားချက် 1 ခု
ကြံစာလုံးပင်ကို ခြံစည်းရိုးပုံ ညှပ်ခြင်လို့ ညှပ်နည်းပုံသွင်းနည်း ပြောပြပေးပါ ခင်ဗျာ
ဖြေကြားချက် 2 ခု
ဒါ ဘာအပင်လဲ သိချင်လို့ပါ
ဖြေကြားချက် 2 ခု