အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
3
လွန်ခဲ့သော ၁ နှစ် က · ပြည်

hydroponic စိုက်ပျိုးရေးအတွက် စတင်ခြင်းမှ ဈေးကွက်တင်ပို့ရောင်းချတဲ့အထိ စိုက်ပျိုးနည်း ဈေးကွက်ရရှိမှုအခြေအနေ အ...

hydroponic စိုက်ပျိုးရေးအတွက် စတင်ခြင်းမှ ဈေးကွက်တင်ပို့ရောင်းချတဲ့အထိ စိုက်ပျိုးနည်း ဈေးကွက်ရရှိမှုအခြေအနေ အဆိုးအကောင်းအကျိုးအကြောင်းတွေကိုသိချင်လို့ပါဗျ စာတွေ့လက်တွေ့လေ့လာနိုင်မယ့်သင်တန်းလေများရှိရင်လည် ညွန့်ပေးပါအုံးခမျာ့

စိုက်ပျိုးနည်း နံနံ မြေမဲ့စိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

၀၉၇၉၉၃၇၄၄၁၄ ကိုစိုးမိုး

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁ နှစ် က

သင်တန်း တက်မှ ပြည့်ပြည့်စုံစုံသိရမှာပါ။ သင်တန်းကတော့ လောလောဆယ် မသိသေးဘူးဗျ။ လက်တွေ့လုပ်နေသူနဲ့တိုက်ရိုက်ဆွေးနွေးကြည့်ပါ။ဖုန်းနံပတ်ပေးလိုက်မယ်။ Hydroponic and drip irrigation system _ ​မြေမဲ့အစက်ချ နည်း ​ရေနည်းနည်းနဲ့ water cycle လည်ပြီးသုံးရတဲ့နည်း တမံတလင်းခင်းထားလို့ဘဲဖြစ်ဖြစ် ။​ဖွတ်​ချေး​မြေ​တွေ၊​ကျောက်စရစ်​တွေခံ​နေလို့ဘဲဖြစ်ဖြစ် ​မြေမှာချစိုက်မရ တဲ့​ဒေသ မှလူ​တွေ အကြိုက်တွေ့​စေတဲ့ ​မြေမဲ့အစက်ချနည်းနဲ့ ​ဆောက်ထားပုံ​လေး မှတ်တမ်း ____ အလျား ၁၀​ပေခွဲ အနံ ၇​ပေ ​လျော​စောက် ၁​ပေစင်​ဆောက်လိုက်ပါတယ်။ ​ရေသန့်ဘူး ၉လုံးဆက် ၁၄တန်း ပါ။အလယ်မှာလူဝင်ဘို့ချန်ပါတယ်။ ​ရေသန့်ဘူးခွန်ကို​ဖောက်ပြီး တဘူးရဲ့ဖင်​ပေါက်ထဲကို တဘူးရဲ့​ခေါင်းသွတ်ပြီး ဆက်ပါတယ်။ ဆက်ပြီးရင် ​ဝမ်းဗိုက်ကိုအ​ပေါက်​ဖောက်ပါတယ်။​ရေသန့်ဘူးတလုံးရဲ့ဝမ်းဗိုက်တခုကို အ​ပေါက်၂​ပေါက်နှုန်း​ဖောက်ပါတယ်။ ဘူးချင်းလည်းဆက်ပီး ဝမ်းဗိုက်ထဲ စပါးခွံဖွဲပြာ ​ရေ​ဆေးထည့်လိုက်ပါတယ်။ ​သဲ​တွေ၊ အမှုန့်​တွေပါရင် ​ရေ​ပေါက်မပိတ်​အောင်​ဆေးလိုက်တာပါ။ ပီးရင် ဝါးခြမ်းတန်း​ပေါ်တင်ပီး ကပ်ချည်ထားပါတယ်။ ​ကော်ပုံး​ဖောက် ပီး အဖိုရစ်အမရစ်နဲ့ပြန်ပိတ် ။​ရေဘဲတပ်။ပိုက်လျာထားစင်။ ဘူးတန်း​လေး​တွေနဲ့ ချိန်ပြီး အ​ပေါက်​ဖောက်ဖို့အမှတ် မှတ်လိုက်ပါတယ်။ မှတ်ပြီးရင် ပိုက်ကို​မြေပြင်​ပေါ်ပြန်ချပီး ဆီပိုက်နဲ့ ဆံ့မယ့်အ​ပေါက်​ဖောက်လိုက်ပါတယ်။ အ​ပေါက်​ဖောက်ပြီး ​ရေဘဲဆီပြန်တပ်ပါတယ်။ ​​ကော်ပိုက်အပြာ​ပေါ်ရှိ အ​ပေါက်ထဲကို ဆီပိုက်သွင်းလိုက်ပါတယ်။ ​​​ကော်ပိုက်ထဲက​ရေ ကို ​ရေသန့်ဘူး​ပေါက်ဆီ သွား သာ​အောင်ချိန် ဆတိုင်းတာဖြတ်ပါတယ်။ ဆီပိုက်ကို ​ကော်ပိုက်ပြာထဲ ​ရေသွားသာရုံ မကျွတ်ရုံအ​နေထားတပ်ပီးရင် ​ကော်ကပ်လိုက်ပါတယ်။ ​ကော်ပိုက် ပြာ အဆုံးတဘက်ကို အစွပ်ပိတ်​ပေးလိုက်ပါတယ်။ ​ကော်ပုံးထဲက​ရေက ဆီပိုက်ကတဆင့် ​ရေသန့်​ဘူး​လေး​တွေဆီတဆင့်ချင်း​ရောက်သွားမှာပါ။ ​ရေသန့် ဘူး ထဲက တဆင့်ချင်းကျလာ​ရေ ​တွေကို အနိမ့်ဘက်က ​ ​တဆင့်ပြန်ခံထားပါတယ်။ အနိမ့်ဘက်က​ကော်ပုံးထဲက​ရေ ကို အမြင့်စင်က ​ကော်ပုံးထဲ တဆင့် လူက ပြန်​လောင်းထည့်​ပေးလိုက်​တော့ တ​နေ့မှ ​ရေ ၁ပုံး​လောက်နဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်စားရမယ် ။ ​ပျိုးဗန်း​လေးနဲ့ အပင်ပျိုးပြီး အ​ပေါက်၁​ပေါက်ကို ၁ပင်နှုန်း​ရွှေ့စိုက် ရပါတယ်။ ဘူး​ပေါက်ထဲတိုက်ရို်စိုက်လည်းရပါတယ်။ ​ရေရှားလို့ စိုက်မရမှာ မပူနဲ့​နော်။ ​မြေခံညံ့လို့ အပင်မဖြစ်မှာလည်းပူစရာလိုဘူး​နော်။ တအိမ်ဝိုင်းလုံး တမံတလင်းအပြည့်ခင်းထားလို့ စိမ်းစိမ်းစိုစိုသစ်ပင်ကြည့်စရာမရှိဘူးလို့လည်းမပူနဲ့​နော် hydroponic နည်းနဲ့စိုက်လို့ရ။ တိုက်လှလှ​လေးနဲ့ဒန်းစင်​လေးနဲ့ ဘူး​လေး​တွေတွဲလဲဆွဲပြီး အလှပန်း​လေး​တွေစိုက်ရင်လည်း hydroponic (​မြေမဲ့အစက်ချနည်း) ​လေးနဲ့ ဆန်းသစ်လိုက်ရင် ok ​ပေါ့ ​ရေကို​နေ့စဥ် မနက်၆ နာရီမှ ည​နေ၆နာရီထိလွှတ်​ပေးရမှာပါ။ အာဟာရ​ဖျော်ရည်က ၁ပါတ်ကို ၁ကြိမ် ထည့်​ပေးရပါတယ်။ အာဟာရ ရည်အဖြစ်နဲ့က​တော့ ရုံးက တီကန်ထဲက တီကျစ်စာရည်တို့ ၊ ငါးအမိုင်နိုအက်ဆစ်​တွေ ။EM ​တွေ သုံးမှာပါ။ အဲဒါ​တွေကလက်ဖြစ်​တွေဆို​တော့ အလျှံအပယ်​ပေါ​နေလို့ပါ။ တကယ်လို့ မရှိခဲ့ရင် ၁၅ ပတ်လည်ကို ၁ကြိမ် ၄ကျပ်သားနှုန်း ထည့်လို့လည်းရပါတယ်။ ပိုးကျရင် ဓါတုပိုးသတ်​ဆေး မသုံးပါဘူး။ ဟင်စားသီးနှံက organic နည်းနဲ့စိုက်မှ ကျန်းမာ​ရေး ပိုစိတ်ချရလို့ပါ။ အာဟာရဖွံ့ဖြိုး​​ဖို့ စိုက်ပျိုး​ရေး လုပ်​ပေးတဲ့ HelenKeller ,Myothit ရုံးရဲ့ Demonstration ခြံ​လေးဆို​တော့ သဘာဝ လည်းဟုတ် ကိုယ်တိုင်လုပ် လက်ဖြစ် EM5​တွေ၊ EMFPE(သဘာဝပိုး​ရှောင်ကွင်း​ဆေး) ​တွေသုံးမှာပါ။ အာဟာရရည် ​ဖျော်စပ်ပုံ နိုက်ထရို​ဖော်စကာ ၁၅ ပတ်လည်ကို ၉ဗူတန်း၁၄တန်းစာ ၁ခြံစာအတွက် ​ရေ ၇၅လီတာ နှင့် ၁၅ ပတ်လည် ၄ကျပ်သား​ဖျော် ပါ။ အဲဒါ၁ပါတ်စာလုံး​လောက်သည်။ ၁ပါတ်မှ၁ကြိမ်။ ၁ကြိမ် ကို ၄ကျပ်သားနှုန်းထည့်ရသည်။ စပါးခွံမီး​သွေးဖုတ်ပုံ အုတ်ခဲ ၃လုံးဆိုင်ပါ။မီး​မွှေးပါ။ (သံပုံးအုပ်ရင်မငြိမ်းမဲ့ပမာဏရှိရပါမယ်။ )။ မီး​ကောင်း​ကောင်းစွဲရင် အ​ပေါက်ပါတဲ့သံပုံးအုပ်ပါ။ ​ဘေးက စပါးခွံ ပတ်ပုံ​ပေးပါ။ ​ခေါင်းတိုင်က မီးခိုးအ​တော်လိုက်လာရင် တခုခု နဲ့ မလုံ့တလုံပိတ်လို်ပါ။ (တကယ်လို့ဝါးလုံးတပ်ရင် ဝါးရှလကာရည်​ကော၊ဖွဲပြာပါရပါတယ်။ ဝါးမတပ်ရင် ဖွဲပြာတမျိုးတည်းရမှာပါ။) တဖြည်းဖြည်း မည်းလိုက်လာပါတယ်။ စပါးခွံ​ရောင် ပါးပါးကျန်ပြီး အကုန် မည်း​လောက်ပြီထင်ရင်ဂေါ်၊​ပေါက်ပြား နဲ့ဆွဲဖယ်ပါ။ ​အောက်က အလွှာကမည်း​နေပြီ။အ​ပေါ်က စပါးခွံ​ရောင်ရှိ​နေ​သေးရင်​တောင် ​မွှေလိုက်ရင် အပူရှိန်နဲ့အကုန်မည်းသွားပါတယ်။ (တအားကျွမ်းပြီးအမှုန့်ဘ်​ရောက်ရင်​ရေ​ပေါက်ပိတ်တတ်လို့ မည်းရုံ​လေးဖုတ်ရ) ။ ဆွဲဖယ်ပြီးရင် ​ရေနဲ့ငြိမ်း လိုက်ပါတယ်။ တ​ငွေ့​ငွေ့နဲ့ ​တော်​တော်နဲ့ မ​သေနိုင်လို့ ​သေချာ မီး​သေ​အောင်ငြိမ်းလိုက်ပါတယ်။ ​ရေနဲ့ငြိမ်းရင် ဆုံးရှုံးနိုင်တဲ့ဓါတ်ပမာဏ က သိပ်မ​ပြောပ​လောက်ပါဘူး။ သူ့ဘာသာသူ အ​အေးခံငြိမ်း​နေရင်မီး​ဘေးစိုးရိမ်လို့ ​ရေနဲ့ဘဲ ငြိမ်းလို်ပါတယ်။ စပါးခွံအစိမ်းမသုံးဘဲ မီးဖုတ်ရတာက​တော့ စပါးခွံမှ ဘက်တီးရီးယား​တွေ၊မှို​ရောဂါ အပင်ကို မကူးစက်​အောင်လို့ရယ်၊ အချဥ် မ​ပေါက်​အောင်ရယ်၊ စပါးခွံကပါတဲ့စပါး​စေ့ မ​ပေါက်နိုင်​အောင်လို့ပါ။ စပါးခွံက အစိမ်းလည်း မဟညတ်ရ ပြာအမှုန့်ဖြစ်​အောင်လည်းမလုပ်ရ ကိုင်လိုက်ရင်ကြမ်းရှရှနဲ့မည်းရုံဆိုရပါပြီ။ hydroponic and drip irrigation system တွက်၉ဘူးတန်း၁၄တန်းစာ​ဆောက်ရန် ____ ​မျောတိုင် ၈လုံး (ခြံအမာခံတိုင်​ဆောက်ရန်) ဝါး၂စလုံး ( ဘူးတန်းတင် ဖို့ ဝါးလုံး၁လုံး၂ခြမ်းခွဲ) ​ရေပုံး ၂ ပုံး ( water cycle လည်ဖို့ သုံးရန်) PVC ပိုက် 10 ​ပေ _ ၄လုံး ( ​ရေသွယ်ဖို့နဲ့ ​ရေစုဖို့) ဆီပိုက် (၈မီလီမီတာ) _ ၄၀​ပေ ( ​​ရေချ​ နှင့် ​ရေပြန်စူရန်) ၁လက်မ ပိုက်ပိတ် _ ၂ခု PVC ပိုက်အထိန်းကွင်း _ ၆ခု အဖိုရစ် - ၁ခု အမရစ်- ၁ခု ဖွင်ပိတ်​ရေဘား_ ၁ခု ၁လက်မ ပိုက်ဆက်(ဒဲ့) _ ၂ခု အစက်ချ​ခေါင်း _ ၁၄ ခု ( ​ရေ တစက်ချင်းကျဖို့) ၃လက်မသံ _ ၂၀ ကျပ်သား ၂လက်မသံ _ ၃၀ ကျပ်သား ၄လက်မသံ _ ၂၀ ကျပ်သား သံနန်းကြိုး (16ဂိတ် ) _ ၂၀ ကျပ်သား သံနန်းကြိုး ( ၁၈ ဂိတ်) _ ၇၅ ကျပ်သား ဆင်​ကော် _2 ဗူး

You

ဆက်စပ်မေးခွန်းများ

hydroponic စိုက်ပျိုးနည်းပြောပြပေးပါခင်ဗျာ ဘယ်လို့စိုက်ရလဲဆိုတာ ဘာဆေးသုံးရ

ဖြေကြားချက် 1 ခု

hydroponics စတင်စမ်းသပ်စိုက်ပျိုးကြည့်ချင်လို့ လိုအပ်ပစ္စည်းလေးတွေဝယ်ယူရရှိနိုင်မည့်နေရာလေးလမ်းညွှန်ပေးကြပါခင်...

ဖြေကြားချက် 1 ခု

hydrophonic မြေမဲ့စိုက်ပျိုးစင်လုပ်ချင်တာပါ။ နေတဲ့နေရာက ရန်ကုန်သာကေတက တိုက်ခန်း၆လွှာဆိုတော့ ခေါင်မိုးပေါ်မှာ...

ဖြေကြားချက် 2 ခု

မြေမဲ့ စိုက်ပျိုးရေးဖြင့် မုန်ညင်း စိုက်ပျိုးရန် လိုအပ်သော ချဥ်ငံ ဓါတ်နှင့် အာဟာရ တန်ဖိုးများကို ဖော်ပြပေးပါ

ဖြေကြားချက် 1 ခု

hydroponic စိုက်ပျိုးရေးအကြောင်းကို သိချင်ပါတယ် အသေးစ်တ်ပြောပြစေလိုပါတယ်

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။