ဖြေကြားချက် ၁ ခု
ပဲပိစပ်မှာ အသားဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ်တွေနဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ကိုကာကွယ်နိုင်တဲ့အတွက် အံ့အားသင့်ဖွယ် အစားအစာတစ်မျိုး လည်းဖြစ်ပါတယ်။ ပဲပိစပ်၏ကောင်းကျိုးများ ပဲပိစပ်နဲ့ပြုလုပ်ထားတဲ့ တို့ဖူး၊ ပဲနို့ စတဲ့အစားအစာတွေကို ကိုလက်စရောပါဝင်မှုများတဲ့ တိရိစ္ဆာန်မှ ရရှိတဲ့အစားအစာတွေရဲ့နေရာမှာ အစားထိုးပြီးစားသုံးသင့်ပါတယ်။ ပဲပိစပ်မှာဆိုရင် ဗီတာမင် B နဲ့ omega 3 fatty acid ကဲ့သို့သော အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ပဲပိစပ်ကနေရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ နှလုံးသွေးကြောရောဂါများ - ပဲပိစပ် တစ်နေ့လျှင် အနည်းဆုံး 25 g စားသုံးခြင်းဖြင့် ကိုလက်စရောနဲ့ မကောင်းတဲ့ LDL ဆိုတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပါတယ်။ ကင်ဆာရောဂါ - ပဲပိစပ်မှာ အမျိုးသမီးဟော်မုန်း အီစရိုဂျင်နဲ့တူတဲ့ phytoestrogen ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ လျော့ကျစေပါတယ်။ အမျိုးသမီးများသွေးဆုံးပြီးနောက် ခံစားရသောရောဂါလကၡဏာများ - ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ အရိုးပွခြင်းကဲ့သို့သော သွေးဆုံးရင်ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။ စဉ်းစားသင့်သည့်အချက်များ ပဲပိစပ်မှာ အကျိုးပြုတဲ့အာဟာရဓာတ်တွေများစွာပါဝင်ပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ လူအများအပြား အထူးသဖြင့် ကလေးနဲ့ တစ်နှစ်အောက်ကလေးငယ်တွေက ပဲနို့နဲ့ ဓာတ်မတည့်တာတွေဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ဘူးဆိုရင်တော့ ပဲနို့လုံးဝရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင်အချို့သောအမျိုးသမီးတွေမှာ ပဲပိစပ်ထဲမှာပါဝင်တဲ့ phytoestrogen ကြောင့် ဟော်မုန်း ပမာဏတွေများလာစေပြီးတော့ ကင်ဆာဖြစ်နိုင်ချေပိုများစေပါတယ်။ Dr. Mya Myo Myo Swe www.drmyanmar.com
ဆက်စပ်မေးခွန်းများ
ရွှေပဲသီးပင်မှာပုံထဲကအစိမ်းရောင်ပိုးနဲ့အဖြူရောင်ပိုးကဘာပိုးလဲသဘာဝပိုးသတ်ဆေး ဓာတုပိုသတ်ဆေးဖြန်းရင်ဘာဆေးဖြန်းရမ...
ဖြေကြားချက် 3 ခု
မြေထောက်ပဲဆိုတာဘာပဲလဲ
ဖြေကြားချက် 3 ခု
ဒီပဲဘာပိုးကျတာလဲဘာဆေးသုံးရမလဲဖြေကြားပေးပါဆရာ
ဖြေကြားချက် 2 ခု
ခွေးလေးယားသီးကို မလှော်ဘဲ မီးဖုက်စားရင် အဆိပ့်တောက် ဖြစ်နိူင်သလား အရိုင်းသီးပါ
ဖြေကြားချက် 5 ခု
ပဲကိုကြာကြာသိမ်းရင်ပိုးထိုးကုန်တယ်ပိုးမထိုးအောင်ဘယ်လိုလုပ်ပြီးသိမ်းရမလဲ
ဖြေကြားချက် 7 ခု