အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,155
လွန်ခဲ့သော ၇ နှစ် က · ပန်းတောင်း

ဒေသနွာမကို နို့စားနွားထီးရဲ့ မျိုးနဲ့မေထုံမဲ့သားစပ်ရင် မွေးလာတဲ့နွား အထီးလေးပဲဖြစ်ဖြစ် အမလေးဘဲဖြစ်ဖြစ် နို့စား...

ဒေသနွာမကို နို့စားနွားထီးရဲ့ မျိုးနဲ့မေထုံမဲ့သားစပ်ရင် မွေးလာတဲ့နွား အထီးလေးပဲဖြစ်ဖြစ် အမလေးဘဲဖြစ်ဖြစ် နို့စားနွားဖြစ်လား ရလားသိချင်လို့ပါဗျ

မျိုးပွားခြင်း နွား
2

ဖြေကြားချက် ၂ ခု

2,155 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါဗျ

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

ဒေသနွားမတွေက နို့ထွက်နှုန်းနည်းပါတယ်။ မွေးမြူသူက ဒေသနွားမကို နို့ပိုထွက်စေချင်တယ် နို့နွားအဖြစ်မွေးချင်တယ်။ ဒါကြောင့် နို့စားနွားမျိုးဖြစ်တဲ့ အထီးနဲ့ ဒေသနွားမကို မျိုးစပ်လိုက်တဲ့အခါ မွေးလာတဲ့ အမကလေးက ဖအေဖြစ်တဲ့နို့စားနွားထီးရဲ့ ဗီဇလက်ခံရရှိပြီး မျိုးမြင့်လာတဲ့အတွက် မအေထက် နို့ထွက်နှုန်းပိုလာပါလိမ့်မယ်။ အဲ့ဒီမွေးလာတဲ့ နွားမကလေးကို နောင်တချိန်သားစပ်တဲ့အခါ နို့စားနွားမျိုး အထီးနဲ့ မေထုန်မဲ့စပ်မယ်ဆို သူကနေမွေးလာတဲ့ကလေးက သူ့ထက်မျိုးမြင့်လာမယ်။ ဖြည်းဖြည်းချင်း သွေးနှောပြီး မျိုးမြှင့်တဲ့သဘောပါပဲ။ ၁၀၀% နို့စားနွားမျိုးအစစ်တွေလိုတော့ မဖြစ်ဖူးပေါ့။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။