အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၁ နှစ် က · တောင်သာ

ကြက်သွန်တစ်ဧက ပုလဲမြေဆီထည့်နည်းဖြေပေးစေချင်ပါတယ် စိုက်ပီးဘယ်ရက်တေလောက် ဘယ်ပမာဏထည့်ရမလည်းဆိုတာ

အပင်အာဟာရ ကြက်သွန်နီ ကြက်သွန်နီမြေသြဇာကျွေးနည်း

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၁ နှစ် က

ကြက်သွန်စိုက်ခင်းတွင် မြေသြဇာကျွေးခြင်း တစ်ဧကလျှင် မြေခံအနေဖြင့် နွားချေး မြေသြဇာ ၁၀ တန်၊၅၀ ကီလိုဂရမ်ဝင်သောအိတ် ၂ အိတ်၊ ၅၀ကီလိုဂရမ်ဝင်သော ယူရီးယား ၁ အိတ်၊ ၅၀ကီလိုဂရမ်ဝင်သော ပိုတက်ဆီယမ်အိတ် ၁ အိတ် ကိုထည့်သွင်းအသုံးပြုရမည်။ အပင်ရွှေ့ပြောင်းစိုက်ပျိုးပြီးသည့် အခါတွင် ပေါင်းနှိမ်နင်းသည့် အချိန်၌ ၂၅ ကီလိုဂရမ် ဝင်သောယူရီးယားအိတ်ဝက်ကို ထည့်သွင်းအသုံးပြုရမည်။ စိုက်ပြီး ၁လ အကြာ ပန်းဖူးဖြစ်ချိန်တွင် အချိန်၌ ၂၅ ကီလိုဂရမ် ဝင်သောယူရီးယားအိတ်ဝက်ကို ထပ်ထည့်ပေးရမည်။ စိုက်ခင်းကို မြေသြဇာကျွေးသည့်အခါ ကြဲပတ်ခြင်း (သို့) အပင်၏ဘေးပတ်ပတ်လည် ၅-၁၀ စင်တီမီတာ အကွာတွင် မြေသြဇာ ထည့်ကျွေးခြင်း တို့ပြုလုပ်နိုင်သည်။ သီးနှံစိုက်သည့် အချိန်တွင် နိုက်ထရိုဂျင် ဓါတ်မြေသြဇာကို ရေသွင်းသည့်အခါ တစ်ခါတည်းထည့်၍ တစ်ကြိမ် (သို့) နှစ်ကြိမ် ထည့်ကျွေးနိုင်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။